[0:00]အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခေါက်တော့ ဆီလုံးဝ မပါဘဲနဲ့ ပလာတာကို အလွှာလိုက် အလွှာလိုက် လုပ်တဲ့ လုပ်နည်းလေးပါ။ မွမွ ရွရွလေးနဲ့ အလွန်ကို စားလို့ကောင်းပါတယ်နော်။ ကဲ ကျွန်မရဲ့ လုပ်နည်းလေးကို ကြည့်ကြရအောင်။ ပထမဆုံး ဇလုံထဲမှာ ဂျုံမှုန့်ထည့်ပါ့မယ်။ နှစ်ခွက်ခွဲပါ။ ၃၀၀ ဂရမ်ရှိပါတယ်။ ပြီးရင် သကြားကို ထမင်းစားဇွန်းနှစ်ဇွန်းထည့်ပါ့မယ်။ ပြီးတဲ့အခါကျတော့ ဆားအနည်းငယ်လေးကို ထည့်ထားမယ်။ အားလုံးသမအောင် ကျွန်မခဏလေးမွှေထားပါ့မယ်။
[0:41]အားလုံး သမသွားပြီဆိုရင်တော့ ရေထည့်ပါ့မယ်။ ရေကတော့ ၂၀၀ မီလီလီတာရှိပါတယ်။ ကျွန်မ ရေကိုတော့ ဒီလိုမျိုး ဖြည်းဖြည်းချင်းစီ နည်းနည်းချင်းစီ ထည့်ထားပါ့မယ်။
[0:58]အားလုံးသမသွားအောင်လို့ လက်နဲ့ပဲ စပြီးတော့ နယ်ပါ့မယ်။ မုန့်သားလေးတွေ ချောမွတ်လာတဲ့အထိ ကျွန်မနယ်ထားပါ့မယ်။ ဒီလုပ်နည်းလေးကတော့ အကုန်ကျလည်း သက်သာတယ်။ အလွန်လည်း စားလို့ကောင်းတဲ့ လုပ်နည်းလေးပါနော်။ မုန့်သားလေးတွေ အခုလိုမျိုး ချောချောမွတ်မွတ်လေး ဒီလိုမျိုး အခြေအနေလေး ရှိလာပြီဆိုရင်တော့ ကျွန်မဒီလိုမျိုး အရှည်လိုက်ကို ကျွန်မလုပ်ထားပါ့မယ်။
[1:27]ပြီးရင် ဒီအလယ်ကနေ ဖြတ်ထားမယ်။ အကုန်လုံး ၈ ခု ကျွန်မ အပိုင်းကလေး လုပ်ထားပါ့မယ်။
[1:40]ပြီးရင် ဒီအပိုင်းတစ်ခုကိုယူပြီးတော့ ဒီလိုမျိုး အလုံးကလေး လုပ်ထားပါ့မယ်။ ဒီအလုံးလေးတွေကို ဂျုံမှုန့်ကို ဒီလိုမျိုးဖြူးပြီးတော့ အပေါ်မှာ သင်ထားပါ့မယ်။ ကပ်မသွားအောင်လုပ်ပါ။
[2:03]အားလုံးပြီးသွားပြီဆိုတော့ အဝတ်စနဲ့ အုပ်ထားမယ်။ ပြီးရင် မိနစ် ၃၀ ကို ကျွန်မနပ်ထားပါ့မယ်။ အခုဆိုရင်တော့ မိနစ် ၃၀ လည်း ပြည့်သွားပါပြီ။ ဒီမုန့်သားလုံးလေးကို ယူမယ်။ ပြီးရင် ဒါလေးကတော့ ပြောင်းကော်မှုန့်ပါ။ ဒီပြောင်းကော်မှုန့်ထဲမှာ ဒီလိုမျိုး အသာကလေး ဒီလိုမျိုးနစ်ထားမယ်။
[2:32]ပြီးရင် ဒီအပေါ်မှာ သင်ပြီးတော့ ဒီလိုမျိုး အသာကလေး ပြားပြားလေးဖြစ်အောင် ဖြည့်ထားမယ်။ ပြီးရင် ဒီလိုမျိုး လှိမ့်ထားမယ်။ ပြောင်းကော်မှုန့်နဲ့ ရောစပ်ထားတော့ မုန့်သားလေးတွေက ပိုပြီးတော့ ရွရွလေးဖြစ်စေပါတယ်နော်။ အခုလိုမျိုး အနေအထားလေးဆိုရင်တော့ ရနေပါပြီနော်။
[2:58]နောက်တစ်ခုကို ဒီလိုမျိုး ပုံစံပဲ ကျွန်မ ထပ်ပြီးတော့ လုပ်ထားပါ့မယ်။ ဒီလုပ်နည်းလေးကတော့ အရမ်းစားလို့ကောင်းတဲ့ ပလာတာလုပ်နည်းလေးပါနော်။ ဆီနဲ့လည်း ကြော်စရာမလိုတဲ့အတွက်ကြောင့် ကျန်းမာရေးအတွက်လည်း အလွန်ကို အဆင်ပြေစေတဲ့ နည်းလမ်းလေးပါ။
[3:26]အခုလိုမျိုး အကုန်လုံး ကျွန်မလုပ်ပြီးသွားပြီဆိုရင်တော့ ဒီအထပ်လိုက်ကြီးကို ကျွန်မဒီလိုမျိုး အပေါ်ကနေ ဖြည့်ပြီးတော့ ဒီလိုမျိုး ပြားနေအောင် ကျွန်မလုပ်ထားပါ့မယ်။ ကဲ ကြည့်ပါဦး လွယ်လွယ်လေးနော်။ တစ်ခါတည်းနဲ့ အကုန်လုံးကို ကျွန်မတစ်ပြိုင်တည်းနဲ့ လုပ်ထားပါတယ်။
[3:56]ဒီမုန့်သားလေးတွေကို ဒီအဖျားကနေ တစ်လွှာချင်းကို ဒီလိုမျိုး ယူထားမယ်။ ကဲ ကြည့်ပါဦး အလွှာလိုက်နော် ရှိနေပါတယ်နော်။
[4:09]ဒါလေးကို ဒီတစ်လွှာလေးကို ကျွန်မယူထားမယ်။ ပြီးရင် ဒါလေးကို ပျက်နေအောင် ဖျန့်ထားပါ့မယ်။ ဒီအပေါ်ကနေ ကျွန်မထောပတ်ကို ပြန်ပြီးတော့ သုတ်ထားပါ့မယ်။ ပျက်နေအောင် ကျွန်မသုတ်ထားမယ်။ ပြီးတဲ့အခါကျတော့ ဒီအစွန်အဖျားကနေ ကျွန်မဒီလိုမျိုး လှိမ့်လှိမ့်လှိမ့်လှိမ့်ပြီးတော့ ကျွန်မလုပ်ထားပါ့မယ်။ ဒီလိုမျိုး ပါးပါးလေးနဲ့ လှိမ့်လှိမ့်ပြီးတော့ လုပ်တော့ ပိုပြီးတော့ အရသာရှိပါတယ်နော်။ ဒါလေးကို ဒီအစွန်အဖျားကနေ ဒီလိုမျိုး ပြန်ပြီးတော့ လှိမ့်ထားပါ့မယ်။ ဒီလုပ်နည်းလေးကတော့ တော်တော်လေးကို အရသာရှိပါတယ်။ ဒီအဖျားလေးကို ဒီထဲမှာ ထိုးထည့်မယ်။ ကဲ ဒါဆိုရင်တော့ ရနေပါပြီနော်။ ဒါလေးကို ဒီအပေါ်မှာ ခဏလေးထားထားမယ်။ ကျန်နေတဲ့ မုန့်သားလေးတွေကိုလည်း ကျွန်မဒီလိုမျိုးပဲ ဆက်လက်ပြီးတော့ လုပ်ထားပါ့မယ်။
[5:17]အခုဆိုရင်တော့ အကုန်လုံးလည်း ပြီးသွားနေပါပြီ။ ဒါလေးကို အဝတ်စလေးနဲ့ ပြန်ပြီးတော့ ဖုံးထားမယ်။ ၁၅ မိနစ်လောက်ကို နပ်ထားမယ်။ ကဲ ၁၅ မိနစ်ပြည့်သွားပြီဆိုရင်တော့ ကြည့်ပါဦး မုန့်သားလေးတွေက ပိုပြီးတော့ ပွလာပါတယ်နော်။ ဒါလေးကို ပြန်ပြီးတော့ ပြားပြားလေးနဲ့ ဝိုင်းဝိုင်းကလေးဖြစ်အောင် ကျွန်မ ပြန်ပြီးတော့ လုပ်ထားပါ့မယ်။ ဒီအပေါ်ကနေ ဖြည့်ထားပြီးတော့ ဒီလိုမျိုး လုပ်ထားမယ်။
[5:48]ပြီးရင် ဒီဘက်ကိုလည်း ကျွန်မ ဒီလိုမျိုး ဝိုင်းနေအောင် ကျွန်မ ပြန်ပြီးတော့ လုပ်ထားပါ့မယ်။
[6:03]ဒီလိုအနေအထားလေးဆိုရင်တော့ ရနေပါပြီနော်။
[6:08]ဒါလေးကို ဒယ်အိုး ပူပူထဲမှာ ဆီမထည့်ဘဲနဲ့ ဒီတိုင်းပဲ ကျွန်မ ထားထားပါ့မယ်။ မီးကိုတော့ အလယ်အလတ်မှာ ကျွန်မ ထားထားပါတယ်နော်။ ဒီလိုအနေအထားလေးဆိုရင်တော့ ဒီအပေါ်ကနေ ဒါလေးနဲ့ ဖြည့်ပြီးတော့ ပြန်ပြီးတော့ ပြောင်းပြန်လှန်ထားပါ့မယ်။ ဒီလိုမျိုး အပေါ်ကနေ ဒီလိုမျိုး ဖြည်းဖြည်းသွားပါ့မယ်နော်။ အထဲက လေတွေကို ကျွန်မ ထုတ်ထားပါ့မယ်။ ကဲ ကြည့်ပါဦး စားချင်စရာလေးနော်။ ထောပတ် အနံ့လေးနဲ့ အရမ်းကို မွှေးကြိုင်နေပါတယ်နော်။ ဒီလို အနေအထားလေး ရွရွ မွှမွှလေးဆိုရင်တော့ ဆယ်ထုတ်လို့ရနေပါပြီ။ ကျန်နေတဲ့ မုန့်သားလေးတွေကိုလည်း အခုလိုမျိုးပဲ ကျွန်မ ဆက်လက်ပြီးတော့ လုပ်ထားပါ့မယ်။ ဒီလုပ်နည်းလေးကတော့ တကယ်ကို စားလို့ကောင်းတဲ့ လုပ်နည်းလေးပါနော်။ တစ်ခေါက်လောက် စမ်းကြည့်စေချင်ပါတယ်။ အလွန်အရသာရှိလွန်းလို့ပါရှင်။ ကဲ အခုဆိုရင်တော့ အကုန်လုံး ပြီးသွားပါပြီနော်။ ကြည့်ပါဦး အနံ့လေးလည်း မွှေးကြိုင်နေပါတယ်။ ဒီတစ်ချက်ကို ယူထားမယ်။ ပြီးရင် ဒီအလယ်ကနေ ချိုထားမယ်။ ကဲ ကြည့်ပါဦး အမြင်ပါးပါးလေးနဲ့ နော်။ အလွှာလိုက် အလွှာလိုက် ရှိနေပါတယ်။ ဒီလို အနေအထားလေးကတော့ ပုံမှန်ထက် ပိုပြီးတော့ စားလို့ကောင်းတဲ့ ပလာတာ လုပ်နည်းလေးပါနော်။ စမ်းကြည့်ပါ့မယ်။ စမ်းကြည့်လိုက်တော့လည်း တကယ်ကို အရသာရှိပါတယ်နော်။ အခုလိုမျိုး အလွန်စားလို့ကောင်းတဲ့ ပလာတာလေးကို စားချင်တယ်ဆိုရင် ဒီနည်းလေးကို အသုံးပြုပါနော်။ ကဲ ကျွန်မရဲ့ ဗီဒီယိုလေးကို ကြည့်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ အားရှိသွားအောင်လည်း like, share, subscribe လေးတွေနဲ့လည်း အားပေးကြပါဦးရှင်။ ကျေးဇူးများကြီးတင်ပါတယ်။



