Thumbnail for null by null

6m 46s450 words~3 min read
YouTube auto captions
Transcript source

YouTube auto captions

This transcript was extracted from YouTube's auto-generated caption track. The transcript below is server-rendered so it can be read, searched, cited, and shared without opening the original YouTube player.

Pull quotes
[0:00]မင်္ဂလာပါရှင် ။ ခေါက်ဆွဲသုတ်ဆိုရင် စိုစိုအိအိလေးကိုမှ ကြိုက်တဲ့သူတွေ ရှိလား မသိဘူး ။ ဒီနေ့တော့ ချဉ်ငန်စပ် ခေါက်ဆွဲသုတ်လေးကို ရှယ်သုတ်စားပါတယ်ရှင် ။
Use this transcript
Related transcript hubs

[0:00]မင်္ဂလာပါရှင် ။ ခေါက်ဆွဲသုတ်ဆိုရင် စိုစိုအိအိလေးကိုမှ ကြိုက်တဲ့သူတွေ ရှိလား မသိဘူး ။ ဒီနေ့တော့ ချဉ်ငန်စပ် ခေါက်ဆွဲသုတ်လေးကို ရှယ်သုတ်စားပါတယ်ရှင် ။

[0:18]ခေါက်ဆွဲသုတ်ထဲကို ထည့်ဖို့အတွက် အရင်ဆုံး အာလူးလေး နှစ်လုံးကို ပြုတ်ထားပါတယ် ။ ပဲပြားလေးတွေကိုလည်း အတုံးလေးတွေ လှီးပြီးတော့ ကြော်ထားပေးပါတယ် ။ ဂေါ်ဖီထုပ်နဲ့ ရှောက်ရွက်လေးတွေကိုလည်း ရေစိမ်ထားပေးပါတယ် ။ မကျည်းသီးမှည့်ကို ရေစင်အောင် ဆေးပြီးတော့ ရေနွေးနွေးပူပူလေးနဲ့ စိမ်ထားပေးပါတယ် ။ ဆီချက်ချက်ဖို့အတွက် ကြက်သွန်ဖြူ ၁၄မွှာလောက်ကို ပါးပါးလှီးထားပါတယ်ရှင် ။ အခု ကြက်သွန်ဖြူဆီချက်လေး အရင်ချက်ပါမယ်ရှင် ။ အိုးထဲကို ဆီများများလေး ထည့်ထားပါတယ် ။ ဆီပူလာပြီဆိုတာနဲ့ ကြက်သွန်ဖြူပါးပါးလှီးထားတာလေးတွေ ထည့်လိုက်ပါတယ်ရှင် ။ ကြက်သွန်ဖြူဆီချက်ကို မီးအားအလယ်လတ်လောက်နဲ့ပဲ ဆီသတ်ပေးပါတယ်ရှင် ။ သူက ခဏလေးဆိုရင် ကြက်ပါတယ် ။ ကြက်သွန်ဖြူလေးတွေ အနံ့လေးမွှေးလာပြီဆိုတာနဲ့ ဆနွင်းမှုန့်လေး ထည့်လိုက်ပါတယ်ရှင် ။ ဆနွင်းမှုန့်လေး ထည့်ပြီးတော့ ခဏလောက်မွှေပြီးပြီဆိုတာနဲ့ မီးပိတ်လိုက်လို့ ရပါပြီ ။ သူ့ဟာနဲ့သူ တဖြည်းဖြည်းနဲ့ သူ့အဆီအပူလေးနဲ့သူ ကြက်ပြီးတော့ အရောင်လေး တက်လာပါလိမ့်မယ်ရှင် ။ ပြီးပြီဆိုရင်တော့ အိုးထဲမထားဘဲနဲ့ ချက်ချင်း ပန်းကန်ထဲ ဆယ်ထည့်လိုက်ပါတယ် ။ ဒါဆိုလို့ရှိရင်တော့ အရောင်လှလှလေးနဲ့ ကြက်သွန်ဖြူဆီချက်လေး ရသွားပါပြီရှင် ။ ရေနွေးပွက်ပွက်ဆူလာပြီဆိုရင် ခေါက်ဆွဲထည့်ပြုတ်ပါမယ် ။ သုံးလေးမိနစ်လောက် ပြုတ်ပေးလိုက်တယ်ဆိုရင် ခေါက်ဆွဲလေးက ရသွားပါပြီရှင် ။ ဒီခေါက်ဆွဲလေးကိုမှ ရေအေးနဲ့ သုံးလေးခေါက်လောက် ပြန်ဆေးပေးလိုက်ပါတယ် ။ ပြီးပြီဆိုရင်တော့ ရေလေးစစ်ပြီးတော့ ဒီခေါက်ဆွဲလေးတွေ ကပ်မသွားအောင်လို့ ပဲငံပြာရည်အနောက် နည်းနည်းရယ် ။ ဆီလေး နည်းနည်းရယ် ထည့်ပြီးတော့ ခပ်ဖွဖွလေး နယ်ပေးထားပါတယ် ။ ပဲငံပြာရည်ထည့်တာကတော့ အရောင်လေးလှအောင်လို့ ထည့်တာပါရှင် ။ ကိုယ်က ပဲငံပြာရည်အရောင် မကြိုက်ဘူးဆိုရင် မထည့်လို့လည်း ရပါတယ် ။ ပြီးပြီဆိုရင်တော့ ခေါက်ဆွဲသုတ်ထဲမှာ ထည့်သုတ်မယ့် အသီးအရွက်လေးတွေကို လှီးတာချွတ်တာ စပါမယ်ရှင် ။ အရင်ဆုံး ရှောက်ရွက်လေးကို ပါးပါးလေးတွေ လှီးပါမယ် ။ ဒီ ရှောက်ရွက်လေးကတော့ မကြိုက်ရင်လည်း မထည့်လို့ရပါတယ် ။ ကျွန်မကတော့ ရှောက်ရွက် crazy မို့လို့ ထည့်တာပါရှင် ။ ပြီးရင် ကြက်သွန်နီကိုလည်း ပါးပါးလေး လှီးထားပေးပါမယ် ။ ဂေါ်ဖီထုပ်ကိုလည်း ပါးပါးလေး လှီးထားပေးပါတယ်ရှင် ။ ခုနကပြုတ်ထားတဲ့ အာလူးလေးကိုလည်း အခွန်လေးခွာပြီးတော့ ပါးပါးလေး လှီးထားပေးလိုက်ပါတယ် ။ ပြီးပြီဆိုရင်တော့ ပဲပြားကြော်ထားတာလေးတွေကိုလည်း ကတ်ကြေးလေးနဲ့ ခပ်ပါးပါးလေးတွေ ညှပ်ထားပေးပါမယ် ။ ကိုယ့်အိမ်မှာ ပဲပင်ပေါက်တို့ သခွားသီးတို့ အဆင်သင့်ရှိတယ်ဆိုရင်လည်း ထည့်လို့ရပါတယ်ရှင် ။ ကျွန်မတော့ အိမ်မှာ အလွယ်မရှိလို့ မထည့်တော့ပါဘူး ။ ဒါဆိုလို့ရှိရင်တော့ ခေါက်ဆွဲသုတ် သုတ်ဖို့အတွက် အားလုံးအဆင်သင့် ဖြစ်သွားပါပြီရှင် ။ ဒါလေးကတော့ ဒီခေါက်ဆွဲသုတ်မှာ မပါမဖြစ်ဖြစ်တဲ့ ထညက်ရေပါရှင် ။ ဒီ နယ်လို့ ဖက်လို့ကောင်းအောင်လို့ ဇလုံကြီးကြီးလေး တစ်ခုထဲမှာ ထည့်ပြီးသုတ်ပါမယ်ရှင် ။ အရင်ဆုံး ခေါက်ဆွဲလေး ထည့်ပါမယ် ။ ကျွန်မကတော့ တစ်ပွဲစာပဲ သုံးမှာပါ ။ ပြီးရင် အာလူးလေး ထည့်ပါတယ် ။ ပဲပြားလေးတွေ ထည့်ပါတယ် ။ ဂေါ်ဖီထုပ်လေး ထည့်ပါမယ်ရှင် ။ ကြက်သွန်စိမ်းလေးလည်း ထည့်ပါတယ် ။ ရှောက်ရွက်ကတော့ မထည့်ချင်လည်း မထည့်လို့ရပါတယ်ရှင် ။ ပြီးရင် ကြက်သွန်နီကြော် တစ်ဇွန်းထည့်ပါမယ်ရှင် ။ ဒီ ကြက်သွန်နီကြော်လေးက ထည့်မယ်ဆိုလို့ရှိရင် အသုတ်ရဲ့ အနံ့လေးကို ပိုမွှေးစေပြီးတော့ စားလို့လည်း ပိုကောင်းတယ်လို့ ထင်ပါတယ်ရှင် ။ ပြီးရင်တော့ မပါမဖြစ် ထညက်ရေလေး ထည့်ပါမယ် ။ ဒီ ထညက်ရေလေး ထည့်မယ်ဆိုလို့ရှိရင် ခေါက်ဆွဲသုတ်လေးရဲ့ အချိုအရသာကို ထိန်းသွားပေးသလို မကျည်းရေရဲ့ ချဉ်တဲ့ အရသာကိုလည်း ထညက်ရေက ပြန်ပြီးတော့ ထိန်းပေးသွားပါတယ် ။

[4:05]အဲ့ဒါကြောင့်မို့လို့ သူတို့နှစ်ခုက တစ်ခုနဲ့ တစ်ခု အပြန်အလှန်ထိန်းရင်းနဲ့ ဒီအသုတ်ရဲ့ အရသာကို ပိုပြီးတော့ ပေါ်လွင်အောင် လုပ်ပေးတာဖြစ်လို့ ခွဲထားလို့ မရတဲ့ တွဲဘက်ကောင်းလေးလို့ ပြောလို့ရပါတယ်ရှင် ။ ကြက်သွန်ဖြူဆီချက်ကိုလည်း နှစ်ဇွန်းထည့်ပါတယ်ရှင် ။ အရသာအတွက် ဒါရှိ ငါးမှုန့်လေး နည်းနည်းလေး ထည့်ပေးပါတယ် ။ ငံပြာရည်ကိုတော့ ထမင်းစားဇွန်းနဲ့ တစ်ဝက်လောက် ထည့်ပေးလိုက်ပါတယ်ရှင် ။ ပဲမှုန့် အကြမ်းမှုန့်ကို လက်ဖက်စားဇွန်းနဲ့ တစ်ဇွန်းမောက်မောက် ထည့်ပေးပါတယ်ရှင် ။ ဒါကတော့ ကြက်သားနဲ့ ခရမ်းချဉ်သီး ရောချက်ထားတဲ့ ကြက်သားဟင်းလေးပါရှင် ။ ဒီ ကြက်သားဟင်းကတော့ မထည့်ချင်လည်း မထည့်လို့ရပါတယ် ။ ကျွန်မကတော့ ပိုပြီးတော့ စားလို့ကောင်းအောင်လို့ အသုတ်ထဲကို အခုလိုမျိုး ကြက်သားဟင်းလေးပါ ထည့်သုတ်ပါတယ်ရှင် ။ ငရုတ်သီး အလှော်မှုန့်ကို ထည့်ပါတယ်ရှင် ။ ထည့်စရာ ရှိတာတွေ အားလုံးပြီးသွားပြီဆိုရင်တော့ ခပ်ဖွဖွလေးနဲ့ အရသာလေးတွေ အကုန်လုံး နံ့သွားအောင်လို့ နယ်ပေးလိုက်ပါတယ်ရှင် ။ ခေါက်ဆွဲလေးတွေ ကျေမှာစိုးလို့ အရမ်းအကြမ်းကြီးတော့ နယ်လို့ မရပါဘူး ။ ကျွန်မကတော့ ဒီ ခေါက်ဆွဲသုတ်ကလေးဟာ အခုလိုမျိုးလေး အရည်ရွှဲရွှဲလေးနဲ့ စိုစိုအိအိလေး ဖြစ်နေမှာ စားလို့ကောင်းတယ်လို့ ထင်ပါတယ် ။ အရသာလေး ရော ဒီခေါက်ဆွဲရဲ့ အနေအထားလေးကိုပါ ကြိုက်ပြီဆိုရင်တော့ စားမယ့် ပန်းကန်လေးထဲကို လှယ်ထည့်လိုက်လို့ ရပါပြီရှင် ။ အပေါ်ကနေမှ ရှောက်ရွက်လေး နည်းနည်းထပ်ဖြူးလိုက်ပါမယ်ရှင် ။ ရှောက်ရွက်က အရသာလေး နည်းနည်းလေး ခါးတယ်ဆိုပေမယ့် စားလိုက်လို့ရှိရင် မွှေးမွှေးလေးနဲ့ အရမ်းကို စားလို့ကောင်းပါတယ်ရှင် ။ ရှောက်ရွက်က အရမ်းလည်း ဆေးဖက်ဝင်ပါတယ် ။ ကြည့်ပါဦးရှင် ။ သရေကျချင်စရာ ခေါက်ဆွဲသုတ် စိုစိုအိအိလေး ရသွားပါပြီရှင် ။ ကျွန်မလည်း အခုကြည့်နေရင်းနဲ့တောင် ပြန်စားချင်နေပြီးတော့ သရေယိုနေပါပြီရှင် ။ ခေါက်ဆွဲလေးက ဂျုံခေါက်ဆွဲဆိုတော့ စားလိုက်လို့ရှိရင် ခေါက်ဆွဲသားလေးက နူးနူးညံ့ညံ့လေးပါ ။ ဒီ ခေါက်ဆွဲသားနူးနူးညံ့ညံ့လေးကိုမှ အပြင်ကနေ အရသာက ချဉ်ချဉ်ငံငံစပ်စပ် ကလေးတွေနဲ့ နယ်ထားတာဆိုတော့ တစ်လုပ်ဆို တစ်လုပ် အရမ်းအရမ်းကို စားလို့ကောင်းပါတယ်ရှင် ။ အခုလိုမျိုး စိုစိုအိအိလေးနဲ့ စီးစီးပိုင်ပိုင်လေး သုတ်ထားတော့ ပါးစပ်ထဲထည့်လိုက်တာနဲ့တင်ကို ရှောခနဲ ရှောခနဲ ဝင်သွားပါတယ်ရှင် ။ ရှောက်ရွက်လေးတွေပါ ထည့်ထားတော့ စားလိုက်လို့ရှိရင် မွှေးမွှေးလေးနဲ့ ပိုပြီးတော့ စားလို့ ကောင်းသွားပါတယ် ။ ခေါက်ဆွဲသုတ်ပဲ ဖြစ်ဖြစ် ကြာစံသုတ်ပဲ ဖြစ်ဖြစ် တစ်လုပ်စားလိုက်တာနဲ့ တစ်လုပ်ဆို တစ်လုပ် ထိထိမိမိလေးနဲ့ စားကောင်းချင်တယ်ဆိုရင် အခုလိုမျိုး နည်းလမ်းလေးနဲ့ သုတ်စားကြည့်ပါရှင် ။ အိမ်မှာပဲ အလွယ်တကူ လုပ်စားလို့ရတဲ့ ဟင်းချက်နည်းလေးတွေ ဆက်တိုက်တင်ပေးနေတာဖြစ်လို့ ကျွန်မရဲ့ ဖြူဟွန်းကူကင်းချန်နယ်လေးကိုလည်း subscribe လေး လုပ်ပြီး အားပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင် ။ ဘေးနားက နိုတီခေါင်းလောင်းလေးကို နှိပ်ထားခဲ့ဖို့လည်း မမေ့ပါနဲ့နော် ။ အခုလိုမျိုး အဆုံးထိ ကြည့်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင် ။

Need another transcript?

Paste any YouTube URL to get a clean transcript in seconds.

Get a Transcript