[0:01]ဟုတ်ကဲ့ မင်္ဂလာပါရှင် ဒီနေ့တော့ ပလာတာလေး လုပ်ပြမှာ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်ပြမှာဖြစ်ပါတယ်။ အရမ်းလွယ်ကူပါတယ်။ တစ်ဆင့်ချင်း လိုက်ကြည့်ပါ။
[0:15]ထောပတ်တစ်လက်မအရွယ်တစ်တုံးရယ်၊ ဆီရယ်၊ ဆားရယ်၊ ဂျုံမှုန့်ရယ်၊ သကြားရယ် လိုအပ်ပါတယ်။ အကယ်၍ မိမိက ထောပတ်မရှိဘူးဆိုရင်လည်း ထောပတ်အစားကို ဆီကို သုံးနိုင်ပါတယ်။ ဒီမှာ ဂျုံမှုန့်သုံးခွက်အသုံးပြုပါမယ်။ ဂျုံသုံးခွက်အသုံးပြုတဲ့အတွက်ကြောင့်မို့လို့ ပလာတာရှစ်ချက်တိတိ ရရှိခဲ့ပါတယ်။ အကယ်၍ မိမိက အိမ်မှာမိသားစုများတယ်ဆိုရင် ဒီအစထက်များစွာကို ကိုယ်ကချိန်ဆပြီးတော့ လုပ်နိုင်တယ် အမပြောပြတာပါ။ ရှစ်ခုရပါတယ်နော်။
[0:50]အဲ့နောက်မှာတော့ အမက သူ့ထဲကို သကြားထည့်ပါတယ်။ သကြားနှစ်ဇွန်းထည့်ပါတယ်။
[1:07]ဆား ဇွန်းရဲ့ လေးပုံတစ်ပုံထည့်ပါတယ်။ အမရဲ့မုန့်လုပ်နည်းတိုင်းမှာ အမက ဇွန်းကို ဇွန်းကို စားပွဲတင်ဇွန်းအသုံးပြုပါတယ်။ သေးသေးလေးအသုံးပြုမပါဘူး စားပွဲတင်ဇွန်း ထမင်းစားဇွန်းပါနော်။ အဲ့ဟောအသုံးပြုပါတယ်။ ပြီးရင် အားလုံးကိုသမအောင် သေချာဇွန်းနဲ့ နှံ့အောင် မွှေပေးမယ်။ အားလုံးသမလာတဲ့အခြေအနေဆိုရင်တော့ သူ့ထဲကို အမတို့ တစ်လက်မအရွယ်ရှိတဲ့ ထောပတ်တစ်တုံးထည့်ပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ ထောပတ်ကို အသုံးပြုနိုင်ပါတယ်။ ထောပတ်နဲ့ မုန့်သမလာအောင် လက်ကလေးနဲ့စပြီးတော့ မွှေပေးမယ်နော်။ ဒီမှာ အမက လက်အိတ်ဆန်းသုံးကြည့်တာပါ။ လက်အိတ်နဲ့သုံးတဲ့အခါမှာတော့ အမတို့ ဒီမုန့်သားညက်တာ၊ မုန့်သားကပ်တာ မသိသာပါဘူးနော်။ အဲ့နောက်မှာ အမတို့ သူ့ထဲကို ရေကို နည်းနည်းချင်းနည်းနည်းချင်းစီ ထည့်ပေးမယ်။
[1:50]မုန့်က ဆန်ချိန်ခွက်နဲ့ သုံးခွက်ဆိုရင် ရေကပျမ်းမျှအားဖြင့် ဆန်ချိန်ခွက်ရဲ့ လေးပုံသုံးပုံကို အမထည့်ရပါတယ်။ ဒါပေမယ့်လို့ လေးပုံသုံးပုံကို ဝေါခနဲမထည့်ပါနဲ့။ နည်းနည်း နည်းနည်းချင်းစီထည့်ပြီးတော့ အမတို့ မုန့်ကို လှိမ့်ပေးပါ။ လှိမ့်နေရင်းနဲ့ မုန့်သားကလည်း ညက်လာပြီး ရေကလည်း အိုကေပြီဆိုတဲ့ အနေအထားဆိုရင်တော့ မိမိက ရေကို ရပ်နိုင်ပါတယ်နော်။ ရေထည့်တာကို ရပ်နိုင်တယ်။ ပထမ ရေထည့်ပြီးတော့ နယ်နေချိန်မှာ အကယ်၍ မိမိက လက်အိတ်မဟုတ်ဘူး လက်နဲ့နယ်တယ်ဆိုရင် မုန့်သားက လက်မှာ ကပ်နေပါလိမ့်မယ်။ နောက်ဆုံး မုန့်သားလက်မှာ မကပ်တဲ့ အနေအထားရောက်အောင်ထိ အမတို့ နယ်ပေးရမှာဖြစ်ပါတယ်။ လှိမ့်ပေးရမယ်။ လက်ဖနောင့်သုံးရမယ်။ မြန်မြန်ပြီးချင်ရင် ဇလုံမှာ ပေါက်ပေါက်ပေါက်ပေါက်ပြီးတော့ နယ်ပေးပါ။ နောက်ဆုံးကတော့ ဒီအနေအထားလေး ရရှိလာပါပြီ။ အရမ်းညက်စရာမလိုပါဘူးနော်။ ဒီလိုအနေအထားရလာပြီ။ အဲ့ဒါဆိုရင်တော့ သူ့ကို အမတို့ နာရီဝက် ဖုံးလေးအုပ်ပြီးတော့ နှပ်ထားပေးမယ်။ အကယ်၍ ဖုံးမရှိတဲ့သူတွေက ကိုယ့်မှာ အဝတ်စရှိတဲ့အဝတ်စလေးနဲ့အုပ်ပြီးတော့ နှပ်ထားလိုက်ပါ။
[2:54]မိနစ်သုံးဆယ်ကြာပြီးတဲ့နောက်မှာ ရရှိလာတဲ့အနေအထားလေးပါ။ သူ့ကိုတစ်ဖန်အမတို့ မိမိ စစ်နေမို့ ဒါမှမဟုတ်ရင် မိမိလှိမ့်မယ့်နေရာပေါ်မှာ နည်းနည်းလေးချောမွေ့အောင် ထပ်ပြီးတော့ လှိမ့်ပေးပါနော်။ လှိမ့်ရင်းလှိမ့်ရင်းနဲ့သိပ်မကြာပါဘူး။ သုံးလေးမိနစ်လောက်ပဲလှိမ့်ပေးလိုက်ပါ။ လှိမ့်ရင်းလှိမ့်ရင်းနဲ့ဒီမှာ ချောမွေ့လာတာကို တွေ့ရပါလိမ့်မယ်။ အဲ့လိုချောမွေ့လာရင် မိမိကအလုံးဒီလိုရှည်ရှည်လေးလုပ်မယ်။ လုံးပြီးတော့ ဘယ်နှစ်ခုယူမလဲ။ ကိုယ်ကရှစ်ခုဆိုရှစ်ခု ခြောက်ခုဆိုခြောက်ခု ပိုင်းဖြတ်လိုက်ပါ။ အညီအမျှပိုင်းဖြတ်လိုက်ပါ။ ဒီမှာအမကတော့ ရှစ်ခုပိုင်းဖြတ်ပါတယ်။ ရှစ်ခုဟာ သူ့အတွက်ကတော့ အနေအထား အသင့်တော်ဆုံးဆိုက်ဖြစ်ပါတယ်။ ရှစ်ခုပိုင်းဖြတ်လိုက်ပါတယ်နော်။ ပြီးရင်တော့ အားလုံးကိုအမတို့ အလုံးလေးတွေ အလုံးလေးတွေဖြစ်အောင် လက်ကလေးနဲ့ အသာလေး လုံးထားမယ်။ အမကတော့ ဒီမှာ ရှစ်ပိုင်းပိုင်းတဲ့အတွက်ကြောင့်မို့လို့ အလုံးလေးရှစ်လုံးရခဲ့တယ်။ ရပြီးတဲ့ အလုံးလေးတွေကိုတော့ အမတို့ ပထမ နယ်ထားတဲ့ ဇလုံပေါ့နော်။ ဇလုံထဲထဲကို ပြန်ပြီးထည့်ပြီးတော့ အပေါ်ကနေပြီးတော့ ဆီထည့်ရပါမယ်။ ဆီက ဆန်ချိန်ခွက်ရဲ့ ခြောက်ပုံတစ်ပုံစာထည့်ရပါမယ်။ မီလီလီအားဖြင့်တော့ သတိမီလီလီလောက် အမသူ့ထဲကိုဆီထည့်ပါတယ်။ ပြီးရင်တော့ ဆီထည့်ပြီးတဲ့အတွက်ကြောင့်မို့လို့ ဒီအလုံးနဲ့ ဆီနဲ့ သမပဝါအောင် လက်ကလေးနဲ့အသာလေး အလုံးလေးကိုအပေါ်နဲ့အောက် လှန်ပေးပါ။ လှန်ပြီးသွားရင်တော့ သူ့ကို အမတို့ တစ်ဖန် နှပ်ထားပေးရမယ်။ နှပ်ထားဖို့ဒီတစ်ခါ အချိန်ကတော့ ဒီဆီက အထဲထဲကိုဝင်ရန်အတွက် လိုအပ်တဲ့အချိန်ကတော့ တစ်နာရီပါ။ ဒါမှမဟုတ်ဘဲနဲ့ မိမိက ဒီအခြေအနေနဲ့ ညထဲက ဆီထည့်ပြီး နှပ်ထားတယ်ဆိုရင် မနက်ကျရင်တော့ ပလာတာရိုက်ပြီးစားရန် အဆင်သင့်ဖြစ်တဲ့ အမတို့ရဲ့ မုန့်လုံးပါ။ ဒီအနေအထားလေးကတော့ တစ်နာရီနောက်ပိုင်းမှာ ရရှိလာတဲ့အနေအထားလေးပါ။ အဲ့တော့ အမကသူ့ကို ပလာတာစားရိုက်ရန်ပြင်ဆင်တယ်။ ပထမနှပ်ထားတဲ့ တစ်လုံးယူတယ် လက်နဲ့ဖိချလိုက်တယ်နော်။ ကိုယ် တတ်နိုင်သလောက် အပါးဆုံးဖိချလိုက်ပါ။ ပြီးရင်တော့ အမဒီမှာအမကိုင်တဲ့ပုံကိုကြည့်ပါနော်။ လက်တစ်ဖက်သည် မုန့်ရဲ့အောက်မှာရှိရမယ်။ လက်တစ်ဖက်သည် မုန့်ရဲ့အပေါ်မှာရှိရမယ်။ ရိုက်လိုက်ပါ။ ပြီးရင်ဆွဲချလိုက်ပါ။ ပြီးတော့ နောက်အနားတစ်ခုကို လက်ကလေးထပ်ရွှေ့လိုက်ပါ။ ရိုက်လိုက်ပါ။ ဆွဲချပါ။ နောက်အနားတစ်ခုကိုထပ်ရွှေ့ပါ။ ဆယ်ခေါက် အခေါက်နှစ်ဆယ်လောက်ဆိုရင် ဒီလိုကြီးကြီးလေး ဒီလိုလှလှလေးဖြစ်လာပါလိမ့်မယ်။ မုန့်လေးက ပါးနေအောင်ဖြစ်လာလိမ့်မယ်။ မုန့်လေးပါးလာတဲ့အနေအထားဆိုရင်တော့ အမတို့ ဒီမုန့်လေးကတော့ အမတို့သူ့ကိုဖြန့်ရန်အဆင်သင့်မယ်။
[5:22]ဒါပေမယ့်လို့ သူတို့က ရိုးရိုးပလာတာဆိုင်တွေမှာဆိုရင်တော့ ဒီလိုလုပ်ပြီးရင် သူကအကုန်လုံးကို လက်နဲ့ဆွဲယူပြီးတော့ ပြန်ခေါက်လိုက်တယ်။ အမကတော့ဒီမှာပါးပါးလေးတွေစားချင်တဲ့အတွက်ကြောင့်မို့လို့ အားလုံးကိုလည်း ဒီနည်းလေးကိုမျှဝေပါတယ်။ မုန့်ကိုဒီလိုလုပ်ပြီးတော့ ဒီမှာ အမဓားလေးနဲ့ဓားလေးနဲ့ သေးသေးလေးတွေဖြတ်လိုက်ပါတယ်နော်။ ဒီနည်းလေးက အမတို့ရဲ့ ပလာတာအသားစလေးကို မွမွလေးရရှိစေပါတယ်။ ပြီးရင်အားလုံးကို တစ်ဖန်စုမယ်နော်။ ဒီမှာအမလုပ်ပြထားတာကို တစ်ဆင့်ချင်းသေချာကြည့်ပါနော်။ အားလုံးကို တစ်ဖန်စုမယ်။ စုပြီးတော့ သူ့ကို ပြန်လိတ်လိုက်မယ်နော်။ စုပြီးတော့ သူ့ကိုအသာလေးလိတ်လိုက်မယ်။ အဲ့လိုလိတ်ပြီးတဲ့အခါမှာတော့ အောက်စလေးကို အထဲကိုထည့်ပြီးတော့ အပေါ်ကနေပြီးတော့ ဒီအစလေးကို အထဲကိုထည့်ကိုထည့်လိုက်နော်။ မဟုတ်ရင် အစက ထွက်နေပါလိမ့်မယ်။ ပြီးရင်လက်နဲ့ တစ်ဖန်ဖိချလိုက်မယ်နော်။ အမတို့ကြော်ခါနီးမှာ ထပ်ပြီးအကြီးဖြစ်အောင် ထပ်ဖိမှာဖြစ်ပါတယ်။ အခုတော့ ဒီအနေအထားအတိုင်းပဲ ခဏသိမ်းထားမယ်နော်။ နောက်တစ်ခုကို ဒီပုံစံအတိုင်းပဲ ထပ်လုပ်ရမှာဖြစ်ပါတယ်။ အမနောက်တစ်ခု ထပ်လုပ်ပြပါမယ်နော်။ နောက်တစ်ခုကလည်း ဒီလိုပဲ ဒီမှာလက်ကအောက်မှာထားတယ်။ ပြီးရင်အပေါ်မှာထားတယ်။ ဒီလိုပဲ ဆွဲပြီးတော့ ရိုက်ရမှာဖြစ်ပါတယ်နော်။ သေချာကြည့်ပါနော်။ ဒီပလာတာက လုပ်နေကြမဟုတ်ရင် ဒီလိုရိုက်ရတာက နည်းနည်းခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လို့ ကိုယ်ကတစ်ခါလောက် လုပ်ပြီးသွားရင်တော့ နောက်တစ်ခါအတွက်ကတော့ လွယ်ကူပါတယ်နော်။ လက်တစ်ဖက်ကအောက်မှာရှိမယ်။ အပေါ်မှာတစ်ဖက်ရှိမယ်။ ပြီးရင်ဆွဲချလိုက်ပါနော်။ ပေါက်ပြဲနေတယ်ဆိုရင်လည်း စိတ်မပူပါနဲ့။ အမတို့ ဒီပလာတာကို အမတို့ ဓားလေးနဲ့ ဖြတ်ဖြတ်ဖြတ်ဖြတ်ပြီးတဲ့အခါမှာ သူ့ကိုပြန်ပြီးတော့ စုစည်းတဲ့အတွက်ကြောင့်မို့လို့ ဒီပေါက်ပြဲနေတာလည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့်လို့ အကယ်၍ မိမိက ပဲပလာတာလုပ်တယ်ဆိုရင်တော့ ဒီပေါက်ပြဲနေတဲ့ဟာကတော့ ပြဿနာရှိနိုင်ပါလိမ့်မယ်နော်။ အကယ်၍ မိမိက ဓားနဲ့မလှီးချင်ဘူးဆိုရင်လည်း ဒီလိုဖြန့်လိုက်ပြီးတော့ အခုအမလက်နဲ့စုသလို ဒါရိုက်စုလိုက်ပါ။ ပြီးရင်တော့ အခုလိုမျိုးပဲ အလုံးလေးလုံးလေးလုပ်ပြီးတော့ ပြီးရင်အောက်ကအစကို အထဲကိုထည့်မယ်။ ထည့်ပြီးတော့ လက်ကလေးနဲ့ဖိချလိုက်ပါ။ ဓားနဲ့မလှီးရင်တော့ အမတို့ရဲ့ ပလာတာအစက အမတို့မြန်မာနိုင်ငံကလိုမျိုးပဲ ပလာတာအလွှာလေးတွေက နည်းနည်းမာကျစ်ကျစ်နဲ့ကြီးကြီးလေးတွေဖြစ်လာပါလိမ့်မယ်။ အကယ်၍ ဓားနဲ့လှီးရင်တော့ နောက်ဆုံးထွက်လာတဲ့အနေအထားကို နောက်ဆုံးမှပဲကြည့်ပါနော်။ အမပြပါ့မယ်။ မွမွလေးတွေဖြစ်လာပါလိမ့်မယ်နော်။ ဟုတ်ပြီ အခုဆိုရင် အမဒီမှာရှစ်ခုရပြီ။ နော်။ အကုန်လုံးကတော့ အကြီးတွေအမမဖိထားသေးပါဘူး။ ဒီမှာရှစ်ခုရပါပြီ။ ရတယ် ဒီရှစ်ခုကို အမတို့ကြော်ရန်ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒီမှာကြော်တဲ့အခါမှာလည်း မိမိက ဆီများများကြိုက်တဲ့လူက ဆီများများနဲ့ကြော်နိုင်ပါတယ်။ ဆီမကြိုက်တဲ့လူကလည်း ရိုးရိုးအိုးပေါ်မှာ ဒီတိုင်းတင်ပြီး သူ့မှာဆီရှိပြီးသားအတွက်ကြောင့်မို့လို့ ထပ်ပြီးကြော်နိုင်ပါတယ်။ အခုဆိုရင် ဒီဟာကတော့ အမကြော်ရန်အတွက် လက်ကလေးနဲ့ဖိပြီးတော့ အကြီးကြီးလေးဖြစ်အောင် ထပ်ဖိလိုက်တယ်။ ကြော်မယ့်အိုးထဲကို ပထမဦးဆုံး ဆီထည့်တယ်။ မိမိကြိုက်နှစ်သက်တဲ့ဆီကိုသုံးပါ။ အမကတော့ သံလွင်ဆီသုံးပါတယ်။ သံလွင်ဆီက ကျန်းမာရေးနဲ့ညီညွတ်လို့ပါ။ ဒါကတော့ စိတ်ကြိုက်ပါနော်။ ပြီးရင်အထဲကိုအမက ထောပတ်တစ်တုံးထည့်ပါတယ်။ ထောပတ်ကတော့ မကြိုက်လည်းမထည့်ပါနဲ့။ ဒါကတော့ စိတ်ကြိုက်ပါ။ ဆီအများကြီးကြိုက်တဲ့လူကလည်း အများကြီးနဲ့ကြော်နိုင်ပါတယ်နော်။ ဒါထပ်ပြောပါတယ်။ နည်းနည်းကြိုက်တဲ့လူကလည်း နည်းနည်းနဲ့ကြော်နိုင်ပါတယ်။ ဒါအမသုံးတဲ့ ထောပတ်ပါနော်။ ထောပတ်ကတော့ မိမိစိတ်ကြိုက် ထောပတ်ထည့်နိုင်ပါတယ်။ ဘယ်ဘရမ်းဆိုရပါပြီနော်။ ပထမလက်နဲ့ဖိထားတဲ့ ပလာတာလေးကိုယူတယ်။ အိုးထဲကိုထည့်ပြီးတော့ စပြီးတော့ကြော်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ သူကမာဂျရင်းသုံးကြတယ်။ ထောပတ်အစားပေါ့နော်။ မာဂျရင်းနဲ့သုံးတတ်ကြတယ်။ ဒါအမတွေ့တာကိုပြောတာပါနော်။ အကယ်၍ မိမိက ထောပတ်ရှာမရဘူးဆိုရင် မာဂျရင်းနဲ့သုံးနိုင်ပါတယ်နော်။ အဲ့နောက်မှာ နောက်တစ်ခုကိုလည်း ကြီးကြီးလေးဖြစ်အောင်ပြင်ဆင်ထားရမယ်။ တစ်ဖက်မှာကြော်နေချိန်မှာ။
[9:02]တစ်ဖက်ကမုန့်သားကျက်လာပြီလို့ယူဆရင်တော့ ကျန်တဲ့တစ်ဖက်ကို လှန်ပေးပါ။ မုန့်သားကျက်လာတဲ့အနေအထားထိကိုတော့ ကြော်ပေးပါနော်။ ဆီနည်းတဲ့အခါမှာ မုန့်သားကကျက်တဲ့နေရာကျက် မကျက်တဲ့နေရာမကျက် အဲ့လိုမျိုးလေးတွေဖြစ်တတ်တာမို့ သတိထားပြီးတော့ ကြော်စေချင်ပါတယ်။ မုန့်သားလေးကလည်း နှစ်ဖက်စလုံးကျက်လာပြီလို့ မိမိကယူဆလာတဲ့အချိန်ကျရင်တော့ ဆီစစ်ထားလိုက်ပါ။ ဒါဆိုရင်တော့ အမတို့ရဲ့ပလာတာလေးက စားရန်အဆင်သင့်ဖြစ်ပါပြီ။ ဒီနေ့တော့ အမက ပလာတာကိုကြက်သားလေးနဲ့စားမှာဖြစ်ပါတယ်။ ပလာတာနဲ့ကြက်သားကို အမတစ်ခါချက်ပြဖူးပါတယ်။ YouTube မှာပါနော်။ သွားပြီးတော့ရှာကြည့်နိုင်ပါတယ်။ ရရှိလာတဲ့ပလာတာကို အမတို့လက်ကလေးနဲ့ရိုက်လိုက်ပါ။ အဲ့ဒါဆိုရင်မွပြီးထွက်လာပါလိမ့်မယ်။ ဒါကတော့ထုံးစံပါ။ စားခါနီးမှရိုက်ပါနော်။ မစားခင်မရိုက်ပါနဲ့။ စားခါနီးရိုက်လိုက်ပါ။ ဒီမှာအမတို့ ဓားနဲ့လှီးတဲ့အတွက်ကြောင့်မို့လို့ ရရှိလာတဲ့ပလာတာရဲ့အလွှာရဲ့ အကျိုးကျေးဇူးလေးတွေကို အမပြပါ့မယ်။ ဒီမှာလက်ကလေးနဲ့ ပြီးရင်လှန်ပြီးပြပါ့မယ်။ ဒီမှာပါနော်။ တစ်လွှာချင်းဒီမှာပါးပါးလေးတွေ ဒီလိုတစ်လွှာလေးတွေ အလွှာလေးတွေ အလွှာလေးတွေဖြစ်နေတယ်။ ဒါဘာကြောင့်ပါလဲဆိုရင် ပလာတာရိုက်ပြီးတဲ့နောက်မှာ သူ့ကိုဖြန့်ပြီးတော့ ဓားလေးနဲ့လှီးတဲ့အတွက်ကြောင့်မို့လို့ ဒီလိုအလွှာလေးတွေပါးပါးလေးတွေ ပါးပါးလေးတွေရတာပါ။ အမတို့ရန်ကုန်မှာရှိတဲ့ပလာတာတွေထက်ကို ပိုပြီးတော့ ပါးပါးလွှာလွှာလေးတွေရှိပါတယ်။ စားလို့လည်းကောင်းပါတယ်။ အကယ်၍ ကိုယ်ကကြက်သားဟင်းလေးနဲ့စားတယ်ဆိုရင်တော့ အနေတော်ပါပဲ။ ပါးပါးလွှာလွှာလေးတွေနဲ့ပါ ဟုတ်ကဲ့ပါ ပလာတာလုပ်နည်းလေးကတော့ အားလုံးအဆင်ပြေမယ်လို့ယူဆပါတယ်။ Thank you ပါ။



