Thumbnail for ကြက်သားသုပ် Chinese Chicken Salad by Chef Diary 81

ကြက်သားသုပ် Chinese Chicken Salad

Chef Diary 81

3m 9s234 words~2 min read
YouTube auto captions
Transcript source

YouTube auto captions

This transcript was extracted from YouTube's auto-generated caption track. The transcript below is server-rendered so it can be read, searched, cited, and shared without opening the original YouTube player.

Use this transcript
Related transcript hubs

[0:01]ကဲ ဒီတစ်ခါမှာတော့ တရုတ်ဆိုင်သွားစားရင် အမြဲတမ်းမှာစားပစ်နေတဲ့ ကြက်သားသုတ်လေးလုပ်ပြပါမယ်။ အရိုးမပါတဲ့ ကြက်ရင်ပုံသားကို သုံးရပါမယ်။ တစ်ဝက်ဖြတ်ပြီး အလယ်ကနေ လွှာလိုက်။ ဒီလိုမျိုး ဖြတ်လိုက်မှ အကြက်သားက အနူးမြန်မှာပါ။ ပြီးရင်တော့ ဇလုံတစ်လုံးထဲမှာ ရေနဲ့ ဆားထည့်ပြီးတော့ ဖျော်လိုက်မယ်။ ဆားရည်ဖျော်ပြီးသွားရင်တော့ ခုနက ဖြတ်ထားတဲ့ ကြက်သားတွေကို နာရီဝက်လောက် ထည့်ပြီးတော့ စိမ်ပေးထားရပါမယ်။ ဒါကတော့ အဓိက အချက်ပါ။ ဒီလို ဆားရည်နဲ့ စိမ်ထားပေးခြင်းက ကြက်သားထဲက အရည်ဓာတ်ကို ထိန်းထားပေးပြီးတော့ အသားက နူးညံ့စေမှာပါ။ ပြီးရင်တော့ ဂျင်းတစ်တက်လောက်ကို ပါးပါးလေးတွေ လှီးထား။ ကြက်သွန်မိတ်ကိုလည်း အပိုင်းလေးတွေ ဖြတ်မယ်။ မိနစ် ၃၀ လောက် ဆားရည်စိမ်ထားတဲ့ ကြက်သားတွေကိုလည်း သေချာဆေးပြီးတော့ ရေစစ်ထား။ အိုကေ ကြက်သားထည့်ပြုတ်ဖို့ ရေတစ်အိုးကို ဆူအောင်လို့ အရင်တည်းထဲထားပါတယ်။ ရေဆူလာပြီ ဆိုရင်တော့ မီးလျှော့ထားလိုက်ပါ။ ပြီးရင်တော့ ဂျင်းနဲ့ ကြက်သွန်မိတ်ထည့်။ ခုနက ရေဆေးပြီး စစ်ထားတဲ့ ကြက်သားတုံးလေးတွေကို ထည့်လိုက်မယ်။ ဒီနေရာမှာ ကြက်သားကို ဆူပွက်နေအောင် ပြုတ်မထားဘဲနဲ့ အခုလို မီးအေးအေးလေးနဲ့ မိနစ် ၃၀ လောက် ပြုတ်ထားပေးရပါမယ်။ ဒီလိုမျိုး မီးအေးအေးလေးနဲ့ ပြုတ်တာကို ပုတ်ချ လုပ်တယ်လို့ ခေါ်ပါတယ်။ ကြက်သားပြုတ်ထားတုန်း အသုတ်ထဲထည့်မယ့် အသီးအရွက်တွေ ပြင်ဆင်မယ်။ မုန်လာဥနီကို ပါးပါးလေးတွေ လှီးပြီးတော့ အချောင်းလေးတွေ လှီးထားမယ်။ သခွားသီးကိုလည်း ခုနလိုမျိုး လှီးထား။ ငရုတ်သီး အပွအရှည် တစ်တောင့်ကိုလည်း လှီးထား။ နံနံပင်ကိုလည်း ကြီးကြီးလေး ဖြတ်ထား။ အိုကေ ခုနက ပွတ်ချ် လုပ်ထားတဲ့ ကြက်သားတွေလည်း မိနစ် ၃၀ ပြည့်ပါပြီ။ ပွတ်ချ် လုပ်ထားတဲ့ ကြက်သားက မီးပြင်းပြင်းနဲ့ ပြုတ်ထားတဲ့ ကြက်သားလိုမျိုး ဖြစ်မနေပါဘူး။ နူးနူးညံ့ညံ့လေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ကြက်သားတွေကို ဆယ်ပြီးတော့ အအေးခံထားမယ်။ အရည်ကိုတော့ ဟင်းရည် ကြက်သောက်လို့ ရပါတယ်။ ပြီးရင်တော့ ငရုတ်သီး ခွဲချမ်းမှုန့်ကို ပိုပြီးတော့ ကြေညက်သွားအောင် ဘလန်ဒါထဲမှာ ထည့်ပြီးတော့ ကြိတ်လိုက်မယ်။ ကြက်သွန်ဖြူကိုလည်း နွတ်နွတ်လေးတွေ ဆင်းထား။ အားလုံးဆိုရင်တော့ အသုတ်ထဲ ထည့်မယ့် ငရုတ်ဆီကြံမွှေး စပြီး ပြင်ဆင်မယ်။ နှမ်းလှော် ခုနက ကြိတ်ထားတဲ့ ငရုတ်သီး ငရုတ်သီးအပွ ကြက်သွန်ဖြူနနုတ်ဆင်းထားတာလေးတွေ ထည့်။ ပြီးတော့ ဆီလေး နည်းနည်းထည့်ပြီးတော့ အငွေ့တက်လာတဲ့အထိ အပူပေး။ ခုနက သပကံထဲကို ဆီပူ လောင်းချပေးပါ။ ပြီးရင်တော့ အားလုံးကို သေချာလေး မွှေပေးလိုက်။ အရသာအတွက်ကတော့ ပဲငံပြာရည်နဲ့ တရုတ်ရှာလကာရည် အမဲရောင်ကို သုံးထားပါတယ်။ အရသာကတော့ မိမိ ကြိုက်နှစ်သက် သလို ပြင်ဆင်သွားလို့ ရပါတယ်။ ငရုတ်ဆီမွှေး ကြက်ပြီး ဆိုရင်တော့ ခုနက အအေးခံထားတဲ့ ကြက်သားတွေကို အမျှင်လေးတွေ ဖြစ်အောင် နွှင်ပေးသွားလိုက်မယ်။ အားလုံး နွှင်ပြီးသွားရင်တော့ အသုတ်စားသုတ်မယ်။ သခွားသီး မုန်လာဥနီ နံနံပင် မြေပဲလှော် ခုနက အရသာ ဆက်ထားတဲ့ ငရုတ်သီးဆီချက် အကုန်လုံးရောထည့်ပြီးတော့ နှံ့အောင် မွှေလိုက်မယ်။ အရသာ အပေါ့အငံနဲ့ အချင်ကတော့ မိမိလိုသလို ပြုပြင်သွားလို့ ရပါတယ်။ ကဲ အခုဆိုရင်တော့ အရမ်းစားလို့ ကောင်းတဲ့ ကြက်သားသုတ်လေး ရပါပြီ။ ဒါကတော့ စီဒီ အရမ်းကြိုက်တဲ့ ကြက်သားသုတ်ပုံစံလေးပါ။ ချစ်သူငယ်ချင်းတို့ စားပါဦး။ ဒီကြက်သားသုတ်လေးကို ဒီတိုင်းစားတာပဲ ဖြစ်ဖြစ် ထမင်းပူပူလေးနဲ့ တွဲစားတာပဲ ဖြစ်ဖြစ် အရမ်းကို စားလို့ ကောင်းပါတယ်။ ကဲ စားပြီးပြီ ဆိုရင်တော့ ထုံးစံအတိုင်း ဆေးကြော ရေသုတ် ဝပ်နဲ့ အုပ်။

Need another transcript?

Paste any YouTube URL to get a clean transcript in seconds.

Get a Transcript