Thumbnail for ဆီချက်ခေါက်ဆွဲ - Garlic Oil Noodle - MY Onion - Easy Cooking by MY Onion

ဆီချက်ခေါက်ဆွဲ - Garlic Oil Noodle - MY Onion - Easy Cooking

MY Onion

3m 3s424 words~3 min read
YouTube auto captions
Transcript source

YouTube auto captions

This transcript was extracted from YouTube's auto-generated caption track. The transcript below is server-rendered so it can be read, searched, cited, and shared without opening the original YouTube player.

Use this transcript
Related transcript hubs

[0:01]အားလုံး ပဲ မင်္ဂလာပါရှင် My Onion Easy Cooking မှ ကြိုဆိုပါတယ် ဒီ တစ်ခေါက် တော့ ဆိုင် က လိုမျိုး အရသာ ရှိတဲ့ ဆီချက်ခေါက်ဆွဲလေး ကို အိမ် မှာ လွယ်လွယ်ကူကူ လုပ်စား လို့ ရအောင် လုပ်ပြပေးသွား မှာ ဖြစ်ပါတယ် လုပ်နည်းလေး က လည်း လွယ်လည်း လွယ် မြန်လည်း မြန်တာ မို့ လို့ ဗီဒီယိုလေး ကို ဆက်ကြည့်လိုက်ရအောင် နော် ပါဝင် ပစ္စည်းတွေ က တော့ ခေါက်ဆွဲ ကြက်ရင်ပုံသား ကြက်သွန်မိတ် ကြက်သွန်ဖြူ ချင်း ကြက်သွန်ဖြူကြော် ကြက်သားမှုန့် ဆား သကြား ဆီ ငရုတ်ကောင်းမှုန့် ငံပြာရည် ပဲငံပြာရည် အကြည် အနောက် တို့ ပဲ ဖြစ်ပါတယ် ကြက်သား ကို အသား နဲ့ အရေခွန် သက်သက်စီ ခွဲလိုက်ပြီး တော့ အသား ကို ဆား ငံပြာရည် အနည်းငယ် နဲ့ နယ်ပြီး အနည်းဆုံး ၁၅ မိနစ် ခန့် နှပ်ထားပေးရ ပါမယ် အရေခွန်ကို တော့ ရေချအောင် သုတ်ပြီး အခု လိုမျိုး သက်သက်ဖယ်ထား ပါ

[0:45]အရင်ဆုံး ကြက်သားပြုတ် ဖို့ ပြင် ပါ့မယ် ပြုတ် မဲ့ အိုး ထဲ မှာ ကြက်သား ရယ် ချင်း ကြက်သွန်ဖြူ တစ်ပြား ရိုက်ထားတာ ရယ် ထည့်ပါ ပြီးရင် ကြက်သား ရေမြုပ်အောင် ထည့်ပြီး မီး အနေတော် နဲ့ အဖုံးအုပ် ပြီး ၁၅ မိနစ် လောက် ကြာအောင် တည်ထား ပေးရ ပါ့မယ် ကြက်သား ပြုတ် တဲ့ ရော ကြက်သွန်ဖြူ ဆီချက် လုပ် ဖို့ အတွက် ကြက်သွန်ဖြူကြော်လေး ကို ညက်တညက် ထောင်းပြီး ဆနွင်းမှုန့် အနည်းငယ် နဲ့ အတူ ပန်းကန် တစ်ခု ထဲ မှာ အတူ ထည့်ထား ပါ ပြီးတဲ့ အခါ ဆီ ကို အပူ ပေးပြီး ကြက် အရေခွန် ကို ထည့်ကြော်ပါ့မယ် အခု လို နီညိုရောင် လေး သန်းလာ ပြီ ဆိုရင် မီးပိတ်ပြီး ခုနက ကြက်သွန်ဖြူကြော် ပန်းကန် နဲ့ လောင်းထည့် ပြီး ဇွန်းလေး နဲ့ အသာလေး မွှေလိုက် ရင် ကြက်သွန်ဖြူ ဆီချက်လေး ရပါပြီ ၁၅ မိနစ် လောက် ကြာတဲ့ အခါ ကြက်သား ကို အကြတ်ညှီရောင် ဟိုဘက် ဒီဘက် လှန်ပေးပါ့မယ် ပြီး ရင် ရေ နည်းနည်း ထပ်ထည့်ပြီး နောက်ထပ် ၁၀ မိနစ် လောက် ထပ်တည်ပေးရ ပါ့မယ် အခု ဆိုရင် ကြက်သား လည်း ကျက်သွားပြီ မို့ လို့ ပန်းကန် တစ်ခု ထဲ ပြောင်းထည့် အေးအေး ခံပြီး နှုတ်နှုတ်ဆင်း ထားရ ပါ့မယ် အိုး ထဲ ကျန်ခဲ့ တဲ့ ကြက်သား ပြုတ် ရေ ကို ရေ နည်းနည်း ထပ် ရောပြီး ဟင်းရည် အဖြစ် အသုံးပြု ပါ့မယ် အရသာ အတွက် ဆား သကြား ဟင်းခပ်မှုန့် အနည်းငယ် ထည့်ပါတယ် ငရုတ်ကောင်းမှုန့် ထည့်ပါ့မယ်

[1:49]ငံပြာရည် အနည်းငယ် ထည့်ပြီး ဟင်းအိုး ဆူလာတဲ့ အထိ တည်ထား ရ ပါ့မယ် ဟင်းရည် ကို ဆူလာပြီ ဆိုရင် ကြက်သွန်မိတ် ထည့်ပါ့မယ် အခု ဆိုရင် ဆီချက်ခေါက်ဆွဲ အတွက် ဟင်းရည် လေး ရပါပြီ ခေါက်ဆွဲ ကို ရေနွေး ဆူဆူ ထဲ ၅ မိနစ် လောက် ကြာအောင် ထပ်ပြုတ်ပေးရ ပါ့မယ် အခု လို ခေါက်ဆွဲသားလေး မပျော့မမာ အနေအထား ရောက်လာပြီ ဆိုရင် ဇကာ တစ်ခု ထဲ ရေငဲ့ချပြီး ရေစစ်ထား ရ ပါ့မယ် အပေါ် က နေ ရေအေး ထပ် မလောင်းရ ပါဘူး နော် ခေါက်ဆွဲ ပူတုန်း ဆီချက် နဲ့ နယ် မှ စားကောင်းတာ မို့ လို့ ပါ ပါဝင် ပစ္စည်း အားလုံး အဆင်သင့် ဖြစ်ပြီ ဆိုတဲ့ အခါ နယ် မယ် ဇလုံ တစ်ခု ထဲ ကို ခေါက်ဆွဲ ထည့်ပါ့မယ် ပြီးတဲ့ အခါ ကြက်သွန်ဖြူ ဆီချက် ကြက်သားမှုန့် သကြား ငရုတ်ကောင်းမှုန့် ငံပြာရည် ပဲငံပြာရည် အကြည် အနောက် တို့ ကို အနည်းငယ် စီ ထည့်ပြီး အားလုံး သမသွားအောင် နယ်ပေးရ ပါ့မယ် အရသာ နေတော် ဖြစ်ပြီ ဆိုတဲ့ အခါ ပန်းကန် တစ်ခု ထဲ ကို ပြောင်းထည့်ပြီး ကြက်သား ကြက်သွန်မိတ် ကြက်သွန်ဖြူ ဆီချက် တို့ ကို အခု လို အပေါ် က နေ တင်ပေးလိုက် ရင် ဆိုင် က လိုမျိုး အရမ်း ကို မှ အရသာ ရှိတဲ့ ဆီချက်ခေါက်ဆွဲ တစ်ပွဲ ကို ရရှိပါပြီ အဆုံးထိ ကြည့်ရှုပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ် အခု လိုမျိုး ဗီဒီယို အသစ် အသစ်လေး တွေ ကို လည်း အပတ်စဉ် တင်ပေးသွားဦး မှာ မို့ လို့ My Onion ရဲ့ Facebook Page နဲ့ YouTube Channel လေး ကို လည်း Like and Subscribe လုပ်ထား ဖို့ မမေ့ ပါ နဲ့ နော် နောက်ထပ် ဗီဒီယိုတွေ မှာ ပြန်ဆုံ ပါ့မယ် Bye Bye

Need another transcript?

Paste any YouTube URL to get a clean transcript in seconds.

Get a Transcript