[0:03]သူငယ်ချင်းအားလုံး မင်္ဂလာပါ ကျွန်တော် ဒီနေ့မှာဆိုရင် သက်သတ်လွတ် ကိုပြန်စိမ်းကို လိပ်မှာဖြစ်ပါတယ်။ ကိုပြန်စိမ်းဆိုတဲ့ သားရည်ထဲမှာ မိမိစိတ်ကြိုက်အရသာတွေကို ထည့်ပြီးတော့ လိပ်စားလို့ရပေမယ့် ကျွန်တော် ဒီနေ့မှာ ဆိုင်မှာဝယ်စားတဲ့ ကိုပြန်စိမ်းပုံစံအတိုင်း ရိုးရိုးရှင်းရှင်းလေးပဲ လုပ်မှာဖြစ်ပါတယ်။ ကိုပြန့်ထဲမှာ ထည့်လိပ်ဖို့အတွက် မုန်လာဥ၊ ကြက်သွန်မိတ်၊ နောက်ပြီးတော့ ဂေါ်ဘီနဲ့ ပဲပြားလိုပါတယ်။ ပါဝင်တဲ့ အချိုးအစာတွေက ညီတူမျှတူဖြစ်ရင်တော့ ပိုပြီးတော့ စားကောင်းပါတယ်။ စိမ်းစားဥတွေ ပေါ်တဲ့ရာသီမှာဆိုရင် စိမ်းစားဥထည့်ရင်တော့ ဒီကိုပြန်လေးက ပိုပြီးတော့ ချိုပါတယ်။
[0:43]အသီးအရွက်တွေကို ချစ်ထားလို့ရသလို ကျွန်တော်လှီးသလို ပါးပါးလေးတွေ လှီးထားတဲ့ရပါတယ်။ မလှီးခင်မှာ အသီးအရွက်တွေအားလုံး ဆေးပေးပါ ဆေးပေးပြီးသွားရင် လှီးပြီးတဲ့အခါမှာ ထပ်ပြီးတော့ ရေမဆေးတော့ပါဘူး ခင်ဗျာ။ မိတ်ကို အဖြူနဲ့အစိမ်းဆိုပြီးတော့ ကျွန်တော် သက်သက်ခွဲလိုက်ပါတယ်။ အဖြူပိုင်းတွေ ကိုပါးပါးလေးလှီးပြီးတော့ ဆီသတ်တဲ့နေရာမှာ သုံးမယ်။ အစိမ်းကိုကျတော့ ကိုပြန်လိုက်ထဲကို ထည့်လိပ်မှာ ဖြစ်ပါတယ်။ အကယ်၍ အသားထည့်မယ်ဆိုရင် အသားကိုလည်း နွဲ့နွဲ့လေးတွေ ဆင်းထားပေးပါ။ ပဲပြားကိုတော့ ကျွန်တော် အတုံးသေးသေးလေးတွေဖြစ်အောင် လှီးပေးထားပါတယ်။
[1:23]ဒယ်အိုးထဲမှာ ဆီကို စားပွဲတင်ဇွန်းတစ်ဇွန်းခွဲလောက်ထည့်ပြီးတော့ ခုနက နွဲ့နွဲ့လေးတွေ ဆင်းထားတဲ့ ကြက်သွန်မိတ်ရဲ့ အဖြူပိုင်းတွေကို ဆီသတ်ပေးရပါမယ်။ ကိုပြန်လှိပ်လှိပ်တဲ့ အစာထဲမှာ ကြက်သွန်ဖြူဆီသတ်တာတို့ ကြက်သွန်နီဆီသတ်တာတို့တော့ ကျွန်တော်လုပ်လေ့မရှိပါဘူး။ ဒါကြောင့်လည်းဆိုတော့ ဒီကြက်သွန်နီတွေ ကြက်သွန်ဖြူတွေ ထည့်ပြီးတော့ ဆီသတ်လိုက်မယ်ဆိုရင် အရွက်ကျော်ပုံစံဖြစ်သွားပြီးတော့ ကိုပြန်လိပ်အရသာ ဆိုင်မှာစားနေတဲ့အရသာနဲ့ နည်းနည်းလေးကွဲသွားတာကို သတိထားမိပါတယ်။ ဒါကြောင့် ကျွန်တော်က ဒီကြက်သွန်ဖြူ အမိတ်ကိုပဲ ဆီသတ်ပါတယ်။ ပြီးတော့မှ ပဲပြားတွေထည့်မယ် ပဲပြားတွေကို နည်းနည်းလေးမွှေးလာတဲ့အထိ ကျော်ပေးရင်တော့ ပိုပြီးတော့ကောင်းပါတယ်။
[2:07]ပဲပြားတွေ ပျော့ပြီးတော့ မွှေးလာပြီဆိုမှ ခုနက ပါးပါးလေးတွေ လှီးထားတဲ့ ဒီမုန်လာဥ၊ ဂေါ်ဘီနဲ့ ကြက်သွန်မိတ်တွေ ထည့်မယ်။ ဒီအရွက်တွေကို ကျွန်တော်တို့ အနည်းငယ် နွမ်းသွားတဲ့အထိကို လှော်ပေးရမှာ ဖြစ်ပါတယ်။
[2:27]အရွက်တွေ နည်းနည်းလေး နွမ်းသွားပြီဆိုမှ အရသာစထည့်ပါမယ်။ အရသာကတော့ အရမ်းကို ရိုးရှင်းပါတယ်။
[2:39]ဆားကို လက်ဖက်ရည်ဇွန်းလေးတစ်ဇွန်းထည့်မယ်။ သကြားကိုကျတော့ ကျွန်တော် စားပွဲတင်ဇွန်းတစ်ဝက်လောက်ကို ထည့်ပါတယ်။
[2:50]ပဲငံပြာရည်အကြည်ကိုတော့ စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက်ကို ထည့်ပါတယ်။ အရသာကို အနည်းငယ် လေးလေးပင်ပင်လေး ကြိုက်တယ်ဆိုရင်တော့ ခရုဆီပါ အနည်းငယ်ထည့်လို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ထည့်တဲ့ ဒီသုံးခုက တော်တော်လေးကို အဆင်ပြေနေပါပြီ။ အရွက်ကြော်တဲ့အခါမှာ ရေတွေထွက်လာပြီဆိုရင် ကျွန်တော်တို့ လုပ်ရမှာက အဖုံးပိတ်ပြီးတော့ အရွက်တွေ နူးသွားတဲ့အထိကို သယ်ပေးရမှာ ဖြစ်ပါတယ်။ အရွက်ထဲက ထွက်လာတဲ့ ရေနဲ့ပဲ အရွက်တွေက ပြန်ပြီးတော့ နူးသွားပါတယ်။
[3:20]ငါးမိနစ်လောက်ချက်ပြီးသွားရင် ကျွန်တော်က အထဲထဲက ရေတွေကို ထပ်ပြီးတော့ ကုန်အောင်လို့ မီးအားအောင့်မြင့်လိုက်ပါတယ်။ မီးအားမြင့်ပြီးတော့ သုံးမိနစ်လောက် မီးအားပြင်းပြင်းနဲ့ ထပ်ပြီးတော့ကြော်လိုက်ပါတယ်။ ဒါမှ ရေတွေက အနည်းငယ်လေး ခမ်းသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီအရွက်ထဲကထွက်လာတဲ့ရေတွေက ကိုပြန်လိပ်တဲ့အခါမှာ အနှောင့်အယှက်ဖြစ်ပါတယ်။ ဒါကြောင့် ဆိုင်မှာလုပ်သလိုမျိုး ကျွန်တော်တို့ စကာတစ်ခုလိုပါတယ်။ စကာအောက်မှာ ပန်းကန်လေးတစ်ခုထားမယ် ထားပြီးသွားရင် စကာထဲကို အရွက်တွေလောင်းထည့်ပြီးတော့ ဒီအရွက်ထဲကထွက်လာတဲ့ရေတွေကို စစ်ထားမှာဖြစ်ပါတယ်။
[3:55]ဒါမှ ကျွန်တော်တို့ ကိုပြန်လိပ်တဲ့အခါမှာဆိုရင် ကိုပြန်ဖတ်ပေါက်သွားတာတို့ ဆိုရှဲရှဲဖြစ်တာတို့ မဖြစ်စေပါဘူး ခင်ဗျာ။ ကိုပြန်စိမ်းလိပ်တဲ့အခါမှာ စူပါမားကတ်တွေမှာ ရောင်းတဲ့ရေခဲရိုက်ထားတဲ့ ကိုပြန်စိမ်းအရွက်တွေထက်စာရင် လက်လက်ဆက်ဆက်လုပ်တဲ့ ဒီကိုပြန်စိမ်းအရွက်ကတော့ ပိုပြီးတော့စားကောင်းပါတယ်။ ဒါမှလည်း ဆိုင်မှာရောင်းတဲ့ အရသာအတိုင်းရိုက်မှာ ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ဒီကိုပြန်စိမ်းလုပ်တဲ့ဆိုင်ထိသွားပြီးတော့ ကိုပြန်ရွက်တွေဝယ်လာပါတယ်။ ကိုပြန်ရွက်တွေ ဝယ်လာတဲ့အခါမှာ သူတို့က သတင်းစာနဲ့ ထုတ်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ သတိထားရမှာက ကိုပြန်ရွက်တွေက လေနဲ့ထိသွားရင် အနားတွေက မာသွားတတ်ပါတယ်။ ဒါကြောင့် လှိပ်မယ်ဆိုရင် ဒီမာနေတဲ့ အနားတွေကိုလည်း ကျွန်တော်တို့ ညှပ်ထုတ်ဖြစ်ရင်တော့ စားတဲ့အခါမှာ မမာကြီးနဲ့ အနှောင့်အယှက်မဖြစ်စေပါဘူး။ နောက်တစ်ခုက ကိုပြန်ရွက်တွေကို ဘယ်လိုသိမ်းရမလဲဆိုရင် ကျွန်တော်တို့ ဒီသတင်းစာရွက်နဲ့ သေချာလေးထုတ်မယ် ထုတ်ပြီးသွားရင် ဒီပလတ်စတစ်အိတ်ထဲမှာ လေလုံအောင်ထားမယ်ဆိုရင်တော့ ကိုပြန်ရွက်တွေက မာသွားတာမျိုး မရှိပါဘူး။ အဓိကကတော့ လေနဲ့ထိတာနဲ့ ကိုပြန်ရွက်တွေက မာသွားတတ်ပါတယ်။ ပြီးသွားရင် ခုနက ကျော်ထားတဲ့ အရွက်တွေကို ထည့်ပြီးတော့လိပ်လိုက်ရုံပါပဲ။ အဲ့လောက်ထိပဲ ရိုးရှင်းပါတယ်။ ကျွန်တော့်အနောက်မှာလည်း ကိုပြန်ရွက်နဲ့ sorry ကိုပြန်နဲ့ သို့စားတဲ့ အချဉ်ရည်ဖျော်နည်းတွေကိုပါ ပြောပြပေးထားပါတယ် ခင်ဗျာ။
[5:25]အကယ်၍ ကိုပြန်စိမ်းကို မစားဘဲနဲ့ ကိုပြန်ကို ကြော်စားမယ်ဆိုရင် ကျွန်တော်တို့ လိပ်တဲ့အခါမှာဆိုရင် သတိထားရမှာက ကိုပြန်ရွက်ကို တစ်ရွက်တည်းမသုံးဘဲနဲ့ နှစ်ရွက်ကိုထပ်ပြီးတော့ သုံးပေးပါ။ နောက်တစ်ခုကကျတော့ အနားကိုကပ်တဲ့အခါမှာဆိုရင် ရေနဲ့မကပ်ဘဲနဲ့ ဂျုံကို ရေနဲ့ပြစ်ပြစ်လေးဖျော်ပြီးသွားရင် ဒီဂျုံဖျော်ရေလေးကိုပဲ ကပ်ပေးရမှာဖြစ်ပါတယ်။ ကပ်ပြီးသွားရင် ခဏလေးထားထားပေးပါ ဂျုံက အနည်းငယ် မာသွားပြီဆိုမှ ဆီပူပူထဲမှာ ဆီမြှုပ်ကြော်ပေးရမှာဖြစ်ပါတယ်။
[6:01]ကိုပြန်နဲ့တို့စားဖို့အတွက် အချဉ်ရည်ဖျော်ပါမယ်။ ထောင်းထားတဲ့ ဒါမှမဟုတ်ရင် ချစ်ထားတဲ့ ကြက်သွန်ဖြူ ပြီးသွားရင် ပါးပါးလေးလှီးထားတဲ့ ငရုတ်သီးစိမ်း ကြိုပြီးတော့ ဖျော်ထားတဲ့ ထန်းလျက်ရည်ထည့်ပါမယ်။ အချိုကြိုက်ရင်တော့ ထန်းလျက်ရည်ကို များများလေးထည့်ပေးပါ။ အနည်းငယ်လေးချိုချိုလေးမှာတဲ့ ဒီကိုပြန် အချဉ်က ပိုပြီးတော့စားကောင်းပါတယ်။ ပဲငံပြာရည်အကြည်ကို နည်းနည်းလေးထည့်မယ်။ ဒါမှမဟုတ်ရင် ဆားကိုအသုံးပြုလို့ရပါတယ်။
[6:33]ငရုတ်ဆီရော စီရာချာဒီ ကြက်ဖတစ်စိတ်ကို သုံးပါတယ်။ သူက အချဉ်ရသာဖြစ်သလို အစပ်ရသာလည်းပိုပြီးတော့ ကဲပါတယ်။ ငရုတ်သီးအစစ်နဲ့လုပ်ထားတာကြောင့် စားတဲ့အခါမှာ ဗိုက်နာတာတွေ ဘာတွေတော့ မဖြစ်ပါဘူး။ စူပါမားကတ်ကြီးတွေမှာ ဝယ်လို့ရပါတယ် ခင်ဗျာ။
[6:56]အခုဆိုရင် ကိုပြန်ပူပူနွေးနွေးလေးနဲ့ ငရုတ်ဆီချိုချဉ်လေးနဲ့ တွဲစားနိုင်ပါပြီ။ ကျွန်တော့်ဗီဒီယိုလေးကို အဆုံးအထိကြည့်ရှုပေးတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။ ဗီဒီယိုလေးကို နှစ်သက်ရင်လည်း Like and Share လေးလုပ်ပြီးတော့ အားပေးသွားပါဦးခင်ဗျာ။ သူငယ်ချင်းအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။ Bye bye။



