[0:00]Hello, အားလုံးပဲမင်္ဂလာပါရှင်။ Food & Me ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့တော့ အိမ်မှာလုပ်တဲ့ ဝက်သားသုတ်ကလေးကို ဝက်သားသုတ် ဗမာသုတ်ကလေး လုပ်စားဖြစ်တယ်ပေါ့နော်။ အဲ့ဒါလေး လာမျှဝေတာပါရှင်။ သူငယ်ချင်းတို့လည်း လိုက်ပြီးတော့ ကြည့်လိုက်ပါဦးနော်။ မေကတော့ ဒီမှာ ဝက်သားသုံးတပ်သားကို အသုံးပြုထားပါတယ်ရှင်။ ဂျင်းနဲ့ ကြက်သွန်ဖြူကို ထောင်းထားပေးပါမယ်။ ဝက်သားပြုတ်ဖို့အတွက်ကို ရေနွေးလေး တည်ထားပေးပါတယ်။ ရေနွေးလေးပူလာပြီဆိုလို့ရှိရင်တော့ စောစောနက ဝက်သားသုံးတပ်သားလေးတွေကို ထည့်ပြီးတော့ တည်ထားပါမယ်။ ပြီးလို့ရှိရင်တော့ ဝက်သားထဲက ပြုတ်ထားတဲ့ ဒီထွက်လာတဲ့ အညှီအမြှုပ်တွေပေါ့နော်။ အဲ့အမြှုပ်တွေကို ခပ်ပေးပါမယ်ရှင်။ ဒါမှမဟုတ်ဘဲနဲ့ ဒီဝက်သားတွေကို ဒီထုတ်ပြီးတော့ပေါ့နော် ဆေးလိုက်ပြီးတော့ ဒီနောက်တရေထပ်ပြုတ်လို့ရှိရင်လည်း ရပါတယ်။ အီးပီစီနဲ့ အပြိုင်လုပ်လုပ်ရတဲ့အတွက်ကြောင့်မို့လို့ မီးကတော့ အချိန်ကုန်သက်သာအောင်လို့ အမြှုပ်ကလေးတွေကိုပဲ ခပ်ထုတ်လိုက်ပါတယ်။ ပြီးတော့ ဒီမြေအိုးလေးကလည်း ပြုတ်တဲ့အခါမှာ အရမ်းမကြာဘူးပေါ့နော်။ ဒီဝက်သားအားလုံးကိုမှ ၁၅ မိနစ်ထဲနဲ့ သူကမြန်မြန်လေးနူးတယ်ပေါ့နော်။ မီးလည်း အရမ်းပြင်းစရာမလိုဘူး။ မီးတစ်ထောင်လောက်နဲ့ ရှစ်ရာလောက်နဲ့ လုပ်ရင်တောင်မှပဲ အထဲက အသားတွေက တရေတောင်မကုန်ဘူးပေါ့နော်။ အနူးမြန်တဲ့အတွက်ကြောင့်မို့လို့ အခုတစ်လော မြေအိုးလေးကို အသုံးပြုနေပါတယ်။ ဒါဆိုလို့ရှိရင် ဝက်သားပြုတ်ထဲကို ထည့်ဖို့အတွက် စောစောနက ဂျင်းနဲ့ ကြက်သွန်ဖြူထောင်းထားတာလေးတွေကို ထည့်မယ်။ ပြီးရင်နော် နံနံပင်အမြစ်ကလေးပါ ထည့်မယ်။ ငရုတ်ကောင်းလေး ထည့်မယ်။ ပြီးရင် ခရုဆီလေးထည့်မယ်။ ပြီးရင်နော် ဆီဆော့လေးပါထည့်ပါမယ်။
[1:57]ဆားလေးအနည်းငယ်ထည့်ပါမယ်။
[2:07]ကြက်သားမှုန့်လေးအနည်းငယ်ထည့်ပါမယ်။
[2:15]ပြီးရင်နော် သကြားလေးထည့်ပါမယ်။
[2:22]နောက်ဆုံးမှာတော့ အရောင်လေးလှစေဖို့အတွက် ပန်းကန်ပြာရည်အနောက်ကလေးကို ထည့်ပေးပါမယ်။ ဒါဆိုလို့ရှိရင် ဒီဝက်သားပြုတ်အိုးလေးကို ၁၀ မိနစ်လောက် တည်ထားပေးမယ်ပေါ့နော်။ အဲ့ဒါမှ အရသာလေးတွေလည်း စိမ့်ဝင်သွားမယ်။ အရည်လေးကလည်း အရသာရှိမယ်။ အသားလေးကလည်း ပိုပြီးတော့ နူးအိသွားမယ်။ ဒီမှာ အရောင်လေးကသိပ်မလှသေးလို့ မေက နည်းနည်းလေး ထပ်ထည့်တယ်ပေါ့နော်။ ပန်းကန်ပြာရည်အနောက်ကလေးကို။ ဝက်သားပြုတ်တဲ့အချိန်မှာ ဝက်သားသုတ်ဖို့အတွက် ပြင်ဆင်စရာလေးတွေ ရှိရာ ပြင်ဆင်ပါမယ်နော်။ ငရုတ်သီးနီတောင့်လေးပါမယ်။ သခွားသီးလေးတွေကို ကိုယ်လိုချင်တဲ့ပုံစံလေးတွေ လှီးထားပေးပါမယ်။ ဂေါ်ဘီကတော့ သိပ်မကြိုက်လို့မို့လို့ မထည့်ပါဘူး။ သခွားသီးပိုကြိုက်တဲ့အတွက်ကြောင့်မို့လို့ သခွားသီးလေးကို ပိုပြီးတော့ ထည့်ပါတယ်။ ကြက်သွန်နီလေးတစ်လုံးထည့်ပါမယ်။
[3:35]ပြီးရင် နံနံပင်လေးအနည်းငယ်ထည့်ပါမယ်။
[3:50]ဆီချက်ချက်ဖို့အတွက် ဒီကြက်သွန်ဖြူကျော်လေးကို မညှက်တညှက်လေး ထောင်းပေးပါမယ်။ ကြက်သွန်ဖြူကျော်လေးတွေကို ဆီပူထဲကို တစ်ခါတည်းထည့်မကျော်ဘဲနဲ့ ကြက်သွန်ဖြူကျော်လေးပေါ်ကို ဆီပူလေးတွေ လောင်းချမှာပါနော်။ အဲ့ဒါဆိုလို့ရှိရင် ကြက်သွန်ဖြူကျော်လေးက ကြာကြာလည်းထားခံတဲ့ ဆီထဲမှာပေါ့နော်။ ပိုပြီးတော့ ကြွပ်လည်းကြွပ်တယ်။ ပျော့မသွားဘူးပေါ့နော်။ ပြုတ်ထားတဲ့ ဝက်သားအိုးလေးကို ခဏဖယ်လိုက်ပြီးတော့ ဒယ်အိုးလေးနဲ့ ဆီလေးကို အပူပေးပါမယ်။ ဆီဝါလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ နနွင်းလေးလည်းအနည်းငယ်ထည့်ပါမယ်ရှင်။ ဆီချက်ကို ဒီလိုမျိုးလေးလုပ်ထားတယ်ဆိုလို့ရှိရင် အိမ်မှာ ပုလင်းလေးနဲ့ထည့်ပြီးတော့ ဘယ်အချိန်ပဲ အသုတ်ကို သုတ်စားသုတ်စား ဒီဆီဝါလေးက အသင့်ပဲပေါ့နော်။
[4:49]အထဲက ကြက်သွန်ကျော်လေးတွေကလည်း ကြွတ်ရွနေတာပဲပေါ့နော်။ ပျော့မသွားဘူး။ ကဲ ဒါဆိုလို့ရှိရင် ဆီဝါလေးရပြီပေါ့နော်။ ဆီက အရမ်းမပြင်းတဲ့အတွက်ကြောင့်မို့လို့ ကြက်သွန်လေးတွေကလည်း မတူးသွားဘူးပေါ့နော်။ ငရုတ်ဆီကိုတော့ ဒီမှာ ဝက်ပြုတ်ရည်လေးနှစ်ဇွန်းနဲ့ ဖျော်ထားပေးပါတယ်။ ကျန်တဲ့ မကျီးရည်တွေ ဘာတွေတော့ ဘာမှ ထပ်မထည့်ဘူးပေါ့နော်။ ဝက်သားလေးကို ဆယ်ပြီးတော့ လိုသလိုသုတ်ဖို့အတွက် အနေတော်လေးတွေတုံးမယ်ပေါ့နော်။ ဝက်သားတုံးလေးကိုလေ မီးကြည့်တဲ့အခါမှာ ဝက်သားတုံးလေးတွေက အေးအေးဖက်ပြီးတော့လေ အရသာအရမ်းရှိတယ်ပေါ့နော်။ ကင်မ်ချီလေးနဲ့စားလို့ရှိရင်တောင်မှ တော်တော်လေး စားလို့ကောင်းပါတယ်။ ဒါ မီးရဲ့ဝက်သားကပေါ့နော်။ ညမနက်စား နှစ်ယောက်စာသုတ်ထားပါရှင်။ စုစုပေါင်း ၃၀၀၀ မို့ပေါ့နော်။ အားလုံး ၃၈၀၀ ၃၀၀၀ နဲ့ အဲ ၄၀၀၀ မပြည့်ဘူးပေါ့နော်။ အဲ့လောက်ပဲကျတယ်ရှင် ကျန်တာလေးတွေက အိမ်မှာရှိတော့လေ။
[6:08]ကဲ လှီးလုပ်ပြီးသွားပြီဆိုလို့ရှိရင် စားသုတ်ပါတော့မယ်။ သုတ်မယ့် မကန်လုံးထဲထည့်မယ်နော်။ အင်းကြုံမှုန့်လေး နည်းနည်းထည့်မယ်။ ပြီးရင် ငံပြာရည်လေး နည်းနည်းထည့်မယ်။ ပြီးရင်နော် လှီးထားတဲ့ သခွားသီးလေးတွေ၊ ကြက်သွန်စိမ်းလေးတွေထည့်မယ်။
[6:31]ပြီးရင်နော် ငရုတ်သီး အကျက်မှုန့်လေးထည့်မယ်။ ပြီးရင်ဆီချက် ဆီကတော့ကြောက်တဲ့အတွက်ကြောင့်မို့လို့ နည်းနည်းပဲထည့်တယ်။ ပြီးလို့ရှိရင် အချဉ်ရည်လေးတစ်ဇွန်းထည့်မယ်။ ဒီနေရာမှာ အချဉ်ရည်မကြိုက်ဘူး။ သံပရာသီးနဲ့သုတ်မယ်ဆိုလို့ရှိရင်လည်းရတယ်နော်။ သံပရာသီးနဲ့သုတ်မယ်ဆိုလို့ရှိရင်လည်းစားလို့ကောင်းတယ်။ ပြီးရင် ပုဇွန်မှုန့်လေးထည့်မယ်။ ပြီးရင် ငရုတ်သီးနီလေးထည့်မယ်။ ပြီးရင် နံနံပင်လေးအုပ်ပြီးတော့ သမအောင်ရောမွှေလိုက်ပါ။ ဒီနေရာမှာ ရှောက်ရွက်ကြိုက်လို့ရှိရင်လည်း ရှောက်ရွက်ထည့်လို့ရပါတယ်။ ကဲ သုတ်ပြီးသွားလို့ရှိရင်နော် လိုတာလေးတွေကို မြေးကြည့်ပြီးလို့ရှိရင် အပေါ်ကငံ ကိုယ်လိုတာထည့်ပါ။ ကဲ ရှယ်မိုက်ပီနော်။ ဒါဆိုလို့ရှိရင် စားဖို့အတွက် ပွဲပြင်ပါမယ်။ ဒါဆိုရင်တော့ အရမ်းကိုအရသာရှိလာတဲ့ အိမ်လုပ်တဲ့ ဝက်သားသုတ်ကလေးကို ရပြီပေါ့နော်။ ကဲ သူငယ်ချင်းတို့လည်း လိုက်ပြီးတော့ ချက်စားကြည့်ကြဦးနော်။ မီးရဲ့ချန်နယ်လေးကိုလည်း Subscribe လေးနဲ့ ကြိုက်တယ်ဆိုလို့ရှိရင် Like လေးလုပ်ခဲ့ဖို့ မမေ့ပါနဲ့ဦးနော်။ အားလုံးပဲ Bye Bye။ နောက်ဗီဒီယိုမှာ ပြန်လည်ဆုံတွေ့ကြမယ်နော်။



