[0:00]ဒီတစ်ခေါက် ကျွန်တော် ဓမ္မပေါက် ကို အလွယ်နည်း နဲ့ ချက်ပြပါ့မယ်။ ဒါ ကိုယ့်ဟာကိုယ် သုံးလေးခါ လောက် ချက်ပြီး မှ သဘောကျ လို့ ဗီဒီယို ရိုက်ဖြစ်တာပေါ့။ ဒါ ကျွန်တော် ရုံး မှာ ပေါ်လက် ရှိ လို့ အိမ် ကနေပြီးတော့ ချက်သွားတာပေါ့။ အလွယ်နည်း ဆိုပေမယ့် ဒီ ဓမ္မပေါက် ကို စား လို့ ကောင်းလွန်း လို့ အလုပ် ကာ သူ တွေ ကျွန်တော် ကို recipe တွေ မေးကြတာပေါ့။ ပြီးတော့ တချို့ တွေ လည်း ပြောတယ် ဒါ သူ တို့ စာဖူး သမျှ ဓမ္မပေါက် ထဲ မှာ အကောင်းဆုံး လို့ ပြောတာပေါ့နော်။ ကိုယ်တိုင် လည်း စားကြည့် တာ တကယ့် မြန်မာပြည် က ဆိုင် လေး က ဓမ္မပေါက် taste နဲ့ တော်တော်လေး နီးစပ် တယ်ပေါ့။ ကျွန်တော် တို့ မြန်မာပြည် မှာ ဓမ္မပေါက် စားပြီး ကြီးလာ တဲ့ သူ တွေ က ဒီ တခြား နိုင်ငံ ရောက် ရင် အိန္ဒိယ က ဓမ္မပေါက် ပဲ ဖြစ်ဖြစ် မလေးရှား က ဓမ္မပေါက် ပဲ ဖြစ်ဖြစ် ပြီးတော့ အိန္ဒိယ ရဲ့ မြောက်ဘက် ပိုင်း တောင်ဘက် ပိုင်း ဓမ္မပေါက် က အမျိုးမျိုး ရှိ တယ် လေ သူ တို့ ဆီ မှာ။ အဲ့ဒါ တွေ အကုန် စားလိုက် တိုင် မြန်မာပြည် က ကိုယ် က ဓမ္မပေါက် စားပြီး ထား တော့ အဲ့ဒီ ဓမ္မပေါက် တွေ က မတိုးတော့ ဘူး။ မြန်မာပြည် က အရသာ ကို ပဲ ကိုယ် က စွဲနေတာပေါ့နော်။ အဲ့တော့ မြန်မာပြည် က taste ကို စားချင် တယ် ဆိုရင် တော့ နိုင်ငံခြား မှာ ဆိုရင် မြန်မာ ဆိုင် တွေ မှာ သွား စား ရင် သွား စား။ ဒါမှ မဟုတ် ကိုယ် က ကိုယ် ချက် စား မှ ပဲ အဆင်ပြေ တယ်။ တစ်ခါတလေ မြန်မာ တွေ ဖွင့် တဲ့ ဆိုင် တွေ မှာ ဓမ္မပေါက် သွား စား ရင် တောင် မှ မြန်မာပြည် က ဓမ္မပေါက် နဲ့ taste တူချင် မှ တူတာ။ အဲ့တော့ မြန်မာပြည် က လို taste မျိုး ဓမ္မပေါက် ကောင်းကောင်း စားချင် ရင် ကျွန်တော် နဲ့ တူတူ စားချက် ကြည့်ရအောင်။ ဒါ အစ အဆုံး တစ်နာရီ အတွင်း မှာ ပြီးအောင် ချက် လို့ ရတာပေါ့နော်။ ကျွန်တော် လုပ် သလို မျိုး အမြန် လုပ် ရင် ပေါ့။ အခု ဒါ ကျွန်တော် ထမင်း ကို ဆန်ချိန်ခွက် နဲ့ ခြောက်လုံး စာ လောက် ချက် မာ ပေါ့နော်။ ပမာဏ ခန့်မှန်း လို့ ရအောင် ပြောပြတာ ပါ။ ကျွန်တော့် ဆီ မှာ drumstick ပဲ ရှိ လို့ ကျွန်တော် ကြက်သား ကို drumstick ပဲ သုံး တယ်။ ဆယ်ပွဲ စာ လောက် ချက် တာ ဆိုတော့ ကျွန်တော် drumstick ဆယ်ချောင်း ဆယ့် နှစ်ချောင်း လောက် ထည့်ထား တယ်။ ဓမ္မပေါက် ချက် ရင် ကျွန်တော် က တော့ ကြက်သား တွေ ကို အရေခွံ တွေ တတ်နိုင် သလောက် ခွာပစ် လိုက် တယ်။ အရေခွံ တွေ က ဓမ္မပေါက် ထဲ မှာ ထည့် စား ရင် နည်းနည်း စားရတာ အဆီ အရှုပ် တယ်။ အရင်ဆုံး ကြက်သား တွေ ကို နပ်ပါ့မယ်။ စား ထည့်ပါ့မယ်။ ဆနွန်းမှုန့် ထည့်ပါ့မယ်။ ဒါ က တော့ ဒိန်ချဉ် ပေါ့။ ဟိုလို အရသာ မပါ တဲ့ ဒိန်ချဉ် တွေ ထည့် လည်း ရ တယ်။ ဒါပေမယ့် ကျွန်တော် က ကျွန်တော့် ဆီ မှာ ရှိ တဲ့ blueberry ဒိန်ချဉ် ပဲ ထည့်လိုက် တယ်။ blueberry အဖက် လေး တွေ တောင် ပါ သေး တယ်။ ဒါပေမယ့် ကိစ္စ မရှိ ပါဘူး။ ချက် လိုက် ရင် အဲ့ဒါ တွေ က အကုန် ပျောက်သွား မှာ ပေါ့။ အဓိက က တော့ ကြက်သား နက် တဲ့ ထဲ မှာ ဒိန်ချဉ် လေး ပါ သွား ဖို့ ပဲ ပေါ့။ သမှားအောင် နယ် ထား ပြီး တော့ ခဏ လောက် နက်ထား လိုက် မယ်။ အဲ့ဒီ နက်ထား တဲ့ အချိန် မှာ တခြား လိုအပ်တာ တွေ ပြင်ဆင် မယ် ပေါ့။ ကျွန်တော် ခုန ပြောတာ တစ်နာရီ အတွင်း ပြီး ချက် တယ် ဆိုတာ ကျွန်တော် က တစ်ခု ပြီး မှ တစ်ခု လုပ် တာ မဟုတ် ဘူး ပေါ့နော်။ ဒီ ကြက်သား ကို နက်ထား တဲ့ အချိန် မှာ တခြား လုပ်စရာ ရှိတာ လုပ် မယ် ပေါ့။ တစ်ခု ပြီး မှ တစ်ခု လုပ် မယ် ဆိုရင် တော့ ဒါ အချိန် အကြာကြီး ပို ပေးရ မှာ ပေါ့။ ဒါ ကြက်သား ချက် တဲ့ ထဲ မှာ ထည့် မယ့် spice တွေ ပေါ့။ ပြီး ရင် ထမင်း ချက် တဲ့ အခါ မှာ လည်း ဒီ spice တွေ နည်းနည်း သုံး ဦး မယ်။ ဒါ ကြက်သား အတွက် ရော ထမင်း အတွက် ရော နှစ်ခု သာ ပေါင်း ထုတ်ထား တာ။ ဒါ က တော့ သစ်ကြပိုး ခေါက် ပေါ့။ အင်္ဂလိပ် လို cinamon stick လို့ ခေါ် တယ်။ ဒါ က တော့ ဖာလာ စေ့ ပေါ့။ အင်္ဂလိပ် လို ခေါ် မယ် ဆိုရင် cardamom လို့ ခေါ် တယ်။ ကြက်သား ချက် မယ့် ထဲ ကို သုံးလေး စီး လောက် ထည့် မယ်။ ပြီး ရင် ထမင်း ချက် တဲ့ ထဲ ကို လည်း သုံးလေး စီး လောက် ထည့် မယ်။ သူ နည်းနည်း ပဲ ထည့် ရတာ ပေါ့နော်။ အ များကြီး ထည့် ရင် သူ က အရသာ အရမ်း ပြင်း တယ်။ ဒါ က တော့ လေးညှင်းပွင့် ပေါ့။ အင်္ဂလိပ် လို ဆိုရင် သူ က clove လို့ ခေါ် တယ်။ သူ လည်း အ များကြီး မထည့်ရ ဘူး။ ကြက်သား ချက် တဲ့ ထဲ ကို ငါး စီး ခြောက် စီး လောက် ထည့် မယ်။ ထမင်း ချက် တဲ့ ထဲ ကို လည်း လေး ငါး စီး လောက် ထည့် မယ် ပေါ့။ ဒါ က ကရဝေးရွက်။ အင်္ဂလိပ် လို Bay leaf လို့ ခေါ် တယ်။ သူ လည်း ကျွန်တော် ကြက်သား ချက် တဲ့ ထဲ ကို နှစ်ရွက် လောက် ထည့် မယ်။ ထမင်း ချက် တဲ့ ထဲ ကို နှစ်ရွက် လောက် ထည့် မယ်။ ပြီး ရင် ဒါ က မစလာ ပေါ့။ မစလာ ကို တော့ ကျွန်တော် ကြက်သား ချက် တဲ့ ထဲ ကို ပဲ ထည့် မယ်။ ထမင်း ထဲ ကို တော့ မထည့် ဘူး။ ဒါ တောင် ကျွန်တော် ထည့်တာ မစုံ ဘူး ပေါ့နော်။ နောက်ထပ် တခြား ထည့်ချင် တဲ့ spice တွေ ထည့် လို့ ရသေး တယ်။ တကယ်လို့ ကိုယ့် ဆီ မှာ ကျွန်တော် လောက် တောင် spice အဆုံး မရှိ ဘူး ဆိုရင် အနည်းဆုံး မစလာ ပဲ ထည့် ပေါ့နော်။ ဘာ ကို လည်း ဆိုတော့ မစလာ ထဲ မှာ အဲ့ဒါ တွေ အကုန်လုံး ကြိတ် ပြီး ထည့်ထား တာ ဆိုတော့ အားလုံး ပါ ပြီးသား ဖြစ်နေတာ ပေါ့။ အဲ့တော့ မစလာ ကို ပို ထည့်ပေး လိုက် ပေါ့။ ဒါ က တော့ ကြက်သား ချက် တဲ့ အခါ မှာ ထည့် မယ့် ကြက်သွန်နီ တွေ ကျွန်တော် ခပ်ကြမ်းကြမ်း လေး လှီးထား တာ။ ဓမ္မပေါက် ချက် တဲ့ အခါ မှာ သူ က ကြက်သား အနှစ် က အသက် ပေါ့နော်။ အဲ့တော့ အနှစ် များများ ရအောင် လို့ ကျွန်တော် ကြက်သွန်နီ ကို စိုက် အကြီးစား ပေါ့နော်။ သုံးလုံး လောက် သုံးထား တယ်။ ဒီ ဟာ တွေ ပြင်ဆင် နေ တဲ့ အချိန် မှာ ကျွန်တော့် ရဲ့ ကြက်သား က ဆယ် မိနစ် လောက် နက် ပြီး သွား ပြီ။ အဲ့တော့ ကျွန်တော် စချက် လို့ ရ ပြီ။ ဆီ အနည်းငယ် ပူလာ ပြီ ဆိုရင် ခုန က ပြင်ဆင်ထား တဲ့ spice တွေ ကို ထည့်ကျော် မယ်။ ကရဝေးရွက် ထည့် မယ်။ ဖာလာ စေ့ ထည့် မယ်။ လေးညှင်းပွင့် ထည့် မယ်။ သစ်ကြပိုး ခေါက် ထည့် မယ်။ ပြီး ရင် ဆီ အိုး ထဲ မှာ အဲ့ဒီ spice တွေ ကို အနံ့ ထွက်လာ တဲ့ အထိ မွှေး နေ အောင် အိုး ထဲ မှာ လှိမ့် ပေးလိုက် မယ် ပေါ့။ တူး သွား အောင် ထိ တော့ မကြော် နဲ့ ပေါ့နော်။ မွှေး လာ ပြီ ဆိုရင် ကျွန်တော် တို့ ကြက်သွန်နီ တွေ ထည့် ပြီး တော့ ကြော် မယ်။
[4:00]ဆနွန်းမှုန့် ထည့် ပါ့ မယ်။
[4:39]ကြက်သားဟင်း အရောင် ပို လှသွား အောင် လို့ ကျွန်တော် အရောင် တင်မှုန့် လေး ထည့် ပါ တယ်။
[4:50]နောက်ဆုံး မှာ ကျွန်တော် မစလာ မှုန့် တွေ ထည့် ပါ့ မယ်။ တကယ်လို့ ကိုယ် က အရှေ့ မှာ ထည့်ခဲ့ တဲ့ spice တွေ အစုံ မရှိ ဘူး ဆိုရင် မစလာ တစ်မျိုး ထဲ ထည့်ချင် တယ် ဆိုရင် တော့ မစလာ ကို နည်းနည်းလေး ပို ထည့် လို့ ရတာ ပေါ့။ ပြီး ရင် ကျွန်တော် ဒီ ကြက်သား ကို မီး အေးလေး နဲ့ မိနစ် နှစ်ဆယ် လောက် တည်ထား လိုက် မယ်။ အဲ့ဒီ ကြက်သား တည်ထား တဲ့ အချိန် မှာ ကျွန်တော် ထမင်း စာချက် မယ်။ ဆန် ကို တော့ ကျွန်တော် basmati rice ကို သုံး ပါ တယ်။ basmati rice ဆိုတာ အိန္ဒိယ ဆန် ပေါ့နော်။ ဟိုလို ဆန်ကြောင်း ရှည်ကြီး တွေ ပေါ့။ အဲ့ဒါ ကို ကျွန်တော် ရေ နဲ့ သေချာ ဆေး ပြီး တော့ အဲ့ဒီ ဆန်ဆေးရေ တွေ လုံးဝ clear ဖြစ် သွား တဲ့ အထိ ဆေး ပေး လိုက် မယ်။ ကျွန်တော် သုံးလေးခါ လောက် ဆေး လိုက် ရပါ တယ်။ အခု ကျွန်တော် ချက်တာ ဆယ်ပွဲ စာ ပေါ့နော်။ ဆန်ချိန် ခွက် ခြောက်ခွက် စာ လောက် ရှိတာ ပေါ့။ ကျွန်တော် က တော့ ကျွန်တော့် ဆီ မှာ ရှိ တဲ့ Instant pot နဲ့ ချက် တယ်။ ကိုယ့် ဆီ မှာ rice cooker ပဲ ရှိ တယ် ဆိုရင် လည်း rice cooker နဲ့ ချက် လို့ ရပါ တယ်။ ပုံမှန် ထမင်း ချက် သလို ပဲ ပေါ့နော်။ ဒါပေမယ့် ရေ ထည့် တဲ့ နေရာ မှာ ကျွန်တော် ပုံမှန် ထမင်း ချက်တာ ထက် ပိုပြီးတော့ လျှော့ ထည့်ထား တယ်။ ဥပမာ ပုံမှန် ထမင်း ချက် တယ် ဆိုရင် ကိုယ် က လက် တစ်စစ် ထည့် တယ် ထား ပါ တော့။ ကျွန်တော် အခု ဓမ္မပေါက် ချက် တဲ့ အခါ မှာ တော့ လက် တစ်စစ် မထည့် ဘဲ နဲ့ လက် တစ်စစ် ရဲ့ တစ်ဝက် လောက် ပဲ ထည့် တယ် ပေါ့နော်။ ကျွန်တော် ဖြစ်ချင်တာ က ထမင်း ကို မာမာ နဲ့ တောင့်တောင့် လေး ဖြစ်ချင်တာ ပေါ့။ ပျော် လို့ မရ ဘူး ပေါ့နော်။
[6:00]ရေ များ သွား လို့ ပျော့သွား ရင် ခဏ နေ ဓမ္မပေါက် ချက် တဲ့ အခါ မှာ ကြက်သား တွေ အနှစ် တွေ ထပ်ထည့် မှာ ဆိုတော့ ပို ပြီး တော့ ပြော ဖို့ ပဲ ရှိတာ ပေါ့။ အဲ့တော့ ကျွန်တော် က ထမင်း ကို မာမာလေး ဖြစ်ချင် လို့ ရေ ကို လျှော့ ပြီး တော့ ထည့် တယ်။ ခါတိုင်း ကိုယ် က လက် တစ်စစ် ထည့် တယ် ဆိုရင် လက် တစ်စစ် ထက် နည်းနည်း လေး လျှော့ ပေါ့။ ခဏ နေ ကိုယ် ရဲ့ ကြက်သား အနှစ် က ဘယ်လောက် ထပ် လာ မလဲ ဆိုတာ ထပ် တွက် ဆင်ဆာ ပြီး တော့ ရေ ကို လျှော့ ထည့် ပေါ့။ ကိုယ် က ကြက်သားဟင်း ကို အနှစ် ကို ခြောက်ခြောက် ထိ ချက် တယ် ဆိုရင် ဒါ ရေ အဲ့လောက် ကြီး မလျှော့ နဲ့ ပေါ့နော်။ တကယ်လို့ ကိုယ် က ကြက်သား ဟင်း ကို အနှစ် များများ နဲ့ ချက်ထား တယ် ဆိုရင် တော့ ဒါ အဲ့ဒီ အနှစ် များ တဲ့ ပမာဏ ပေါ် မှာ မူတည် ပြီး တော့ ဒါ ရေ ကို လျှော့ ထည့် ပေါ့။ အဲ့ဒီ ထမင်း အိုး ထဲ ကို လည်း ကျွန်တော် ကရဝေးရွက် ထည့် မယ်။ လေးညှင်းပွင့် ထည့် မယ်။ ဖာလာ စီး ထည့် မယ်။ သစ်ကြပိုး ခေါက် ထည့် မယ်။ နည်းနည်းလေး ပဲ ထည့် တာ ပေါ့နော်။ အ များကြီး ထည့် တာ မဟုတ် ဘူး။ ပြီး ရင် ghee ထောပတ် ထည့် မယ်။ ကိုယ် ကြိုက် သလောက် ပေါ့။ ကျွန်တော် က တော့ ထမင်း စား ဇွန်း တစ်ဇွန်း မောက်မောက် ထည့်လိုက် တယ်။ ပြီး ရင် ဓမ္မပေါက် ထမင်း ချက် တဲ့ အခါ မှာ သကြား က အရမ်း အရေးကြီး ပါ တယ်။ အဲ့ဒါကြောင့် မို့ လို့ ကျွန်တော် သကြား ကို ထမင်း စား ဇွန်း နဲ့ နှစ်ဇွန်း မောက်မောက် ထည့် ပါ တယ်။ စား လည်း ထည့်ချင် ရင် ထည့် လို့ ရ တယ်။ ဒါပေမယ့် ကျွန်တော် က ထမင်း ထဲ မှာ အရသာ မထည့် တော့ ဘူး။ အချို အရသာ ပဲ ထည့် မယ် ပေါ့နော်။ ပြီး ရင် အငံ အရသာ ကို တော့ ကျွန်တော် ခဏ နေ ကြက်သား စီပျက် နေ က အနှစ် ထဲ က အရသာ နဲ့ နယ် မှာ ဆိုတော့ လေ အဲ့ဒီ ကြက်သား ထဲ က အရသာ ကို ပဲ ကျွန်တော် ယူ လိုက် တော့ မယ်။ တကယ်လို့ ကိုယ် က အရသာ လေးတာ စားချင် တယ် ဆိုရင် တော့ ထမင်း ထဲ ကို စား နည်းနည်း ထည့်ချင် ထည့် ပေါ့။ ဒါမှ မဟုတ် လည်း ကြက်သား မှုန့် လို ထည့် လို့ လည်း ရ တယ်။ ကျွန်တော် က ကြက်သား အနှစ် များများလေး ချက်ထား တာ ဆိုတော့ ထမင်း ထဲ ကို စား မထည့် တော့ ဘူး။ သမှားအောင် မွှေ ပေးလိုက် ပြီး တော့ ပုံမှန် ထမင်း ချက် သလို ပဲ ကျက်သွား တဲ့ အထိ ချက် လိုက် ပါ မယ်။ အဲ့ဒီ ထမင်း ချက် နေ တဲ့ အချိန် မှာ ပဲ ဒီ ဘက် က ကြက်သား ဟင်း က ကျက် ပြီ။ ကျွန်တော် ကြက်သား ဟင်း က တော့ မြင် တဲ့ အတိုင်း ပဲ အနှစ် နည်းနည်း များ တယ်။ အဲ့ဒါကြောင့် မို့ လို့ လည်း ခုန ကျွန်တော် ထမင်း ချက် တဲ့ အခါ မှာ ရေ ကို လျှော့ ထား တာ။ ကျွန်တော် က ပြီး ရင် အဲ့ဒီ ထမင်း လေး နဲ့ ဒီ ကြက်သား နဲ့ ကို လုံး လိုက် မှာ ပေါ့။ ပြီး တော့ ထမင်း အိုး ထဲ ကို ထည့် ပြီး တော့ ခဏ လောက် ပေါင်း ထား ဦး မှာ။ တကယ်လို့ ကိုယ် က ထမင်း သက်သက် ကြက်သား ဟင်း သက်သက် ချက်ချင် တယ် ဆိုရင် တော့ ထမင်း ချက်တာ ကို လည်း ရေ ကို ပုံမှန် အချိုးစား အတိုင်း ထည့်ချက် လို့ ရတာ ပေါ့နော်။ ဒါပေမယ့် ကျွန်တော့် အထင် တော့ နှစ်ခု ကို ရော ပြီး တော့ လုံး ပြီး တော့ ချက်တာ က ပိုပြီးတော့ စား လို့ ကောင်း တယ် လို့ ထင် တယ်။ အဲ့ဒါကြောင့် မို့ လို့ ကျွန်တော် ထမင်း ချက် တဲ့ အခါ မှာ ရေ ကို အချိုစား ကို နည်းနည်းလေး ကစားပေး ရတာ ပေါ့နော်။ ကိုယ် ရဲ့ ကြက်သား ဟင်း အပေါ် မှာ မူတည် ပြီး တော့။ အခု ဆိုရင် ကြက်သား ဟင်း က ကျက်သွား ပြီ။ ထမင်း အိုး က လည်း တည်ထား တယ်။ ဘာလုပ် လို့ ရ လဲ ဆိုတော့ ကျွန်တော် အချဉ် လုပ် မယ်။ ကျွန်တော့် အထင် ပေါ့နော် ဓမ္မပေါက် မှာ အချဉ် မရှိ ဘူး ဆိုရင် စားရတာ တစ်ခုခု လိုနေ သလို ပဲ။ မြန်မာပြည် မှာ ဆိုရင် တော့ သရက်ချဉ် ဆိုတာ ဈေး ထဲ မှာ အလွယ်တကူ ဝယ် လို့ ရတာ ပေါ့နော်။ နိုင်ငံခြား မှာ တော့ မရှိ ဘူး။ အဲ့တော့ ကျွန်တော် ကိုယ့်ဘာကိုယ် အချဉ် လုပ် မယ် ပေါ့။ အချဉ် လုပ် ဖို့ အတွက် ကျွန်တော် ဂေါ်ဖီထုပ် ပတ်ပါ လှီးထား တယ်။ ကြက်သွန်နီ ပတ်ပါ လှီးထား တယ်။ နံနံပင် ပတ်ပါ လှီးထား တယ်။ ငရုတ်သီး စိမ်း ပတ်ပါ လှီးထား တယ်။ အဲ့ဒီ လှီးထား တဲ့ အသီးအရွက် တွေ ကို အရသာ အတွက် ဆား နဲ့ သံပရာသီး ထည့် ပြီး တော့ သမှားအောင် နယ် ပါ မယ်။ ကျွန်တော် သံပရာသီး ညှစ် ထည့်နေ တာ ကို ဗီဒီယို ရိုက် တဲ့ ထဲ မှာ ပါ မသွား လို့ ပေါ့။ တကယ်တော့ ကျွန်တော် ဆား လည်း ထည့် တယ်။ သံပရာသီး လည်း ထည့် တယ်။ ဒါဆိုရင် ဓမ္မပေါက် နဲ့ တွဲ စား လို့ အရမ်း လိုက် ဖက် တဲ့ အချဉ် ရပါ ပြီ။ ထမင်း က မကြာခင် ကျက်တော့ မယ် ပေါ့။ အဲ့တော့ ထမင်း ကျက် ပြီး ဆိုရင် ကျွန်တော် တို့ ထမင်း ထဲ ကို ထည့် ဖို့ အစာအစုံ တွေ ကို ပြင်ဆင်ရ ပါ မယ်။ စပျစ်သီးခြောက် ထည့် ပါ မယ်။ ကိုယ် စားချင် သလောက် ပေါ့နော်။ ကိုယ် က များများ ကြိုက် တယ် ဆိုရင် များများ ထည့် ပေါ့။ ဒါ က တော့ သီဟို စီး ပေါ့။ သီဟို စီး လည်း ကိုယ် များများ ကြိုက် ရင် များများ ထည့် လို့ ရ တယ်။ ဒါ က တော့ ကြက်သွန်နီ ကြော် ပြီးသား ပေါ့။ ကျွန်တော် က တော့ ကြော် ပြီးသား ကို ပဲ သုံးလိုက် တယ်။ တကယ်လို့ ကိုယ် က ကိုယ် အချိန် ရှိ တယ်။ လုပ်ချင် စိတ် ရှိ တယ် ဆိုရင် ကိုယ် က ကိုယ် ကြက်သွန်နီ ကို ဝတ်ပါ လေး လှီး ပြီး တော့ ဒီလို ကျွတ်နေ အောင် ကျော် ရင် ပိုကောင်းတာ ပေါ့နော်။ အိမ် မှာ ကိုယ် က ကိုယ် ကျော် တော့ ပို လတ်ဆတ် တယ်။ ပို မွှေး တာ ပေါ့။ ပြီး ရင် green peace ပဲစိမ်း ထည့် မယ် ပေါ့။ ကျွန်တော် ဝယ် ထား တာ က ပဲစိမ်း နဲ့ carrot နဲ့ မုန်လာဥနီ နဲ့ ရောထား တာ ဆိုတော့ လေ ကျွန်တော် သက်သက် မဖယ်ချင် လို့ ကျွန်တော် မုန်လာဥနီ ပါ တစ်ခါတည်း ထည့်လိုက် တယ်။ ဒါ က food coloring ပေါ့။ အရမ်း စျေး ပေါ တယ် သူ က သူ က တစ်ဘူး ကို မှ ၉၀ ပဲ ပေးရ တယ်။ သူ က နည်းနည်းလေး ပဲ သုံးရ တယ်။ လက်ဖက်ရည် ဇွန်း နဲ့ ဇွန်း တစ်ဝက် လောက် ပဲ သုံးထား တယ်။ ပြီးတော့ ရေ နည်းနည်း ရော ပြီး တော့ ဖျော်လိုက်တာ ပေါ့နော်။ အရောင် က တော်တော် ပြင်း တယ်။ ဒါ က မရှိ လည်း ရတာ ပေါ့နော်။ ခဏ နေ ကြက်သား ဟင်း ထဲ က အရောင် နဲ့ ထမင်း နယ် လိုက် ရင် ထမင်း က အရောင် က လှ သွား မှာ ပဲ။ ဒါပေမယ့် ဒီလို food coloring ထည့်လိုက် တော့ ထမင်း က ပိုပြီးတော့ ဓမ္မပေါက် နဲ့ တူသွားတာ ပေါ့။ အရသာ ကို တော့ ပြောင်းလဲ မသွား ဘူး။ အဓိက က တော့ presentation အတွက် ပေါ့။ အခု ထမင်း ကျက် ပြီ။ ဒီမှာ ဆန် အခြေအနေ ကို ကြည့်လိုက် ပေါ့နော်။ သူ က ကျွန်တော် လိုချင် တဲ့ အတိုင်း ပဲ ဆန် က မာမာ ကော့ကော့ လေး ပေါ့။ undercook rice ပုံစံ မျိုး ပေါ့။ အခု ကျွန်တော် ထမင်း ထဲ ကို အစာအစုံ တွေ ထည့် ပြီး တော့ နယ် မယ်။ အရင်ဆုံး food coloring ကို ထည့်လိုက် မယ်။ အဲ့ဒါ ထည့်လိုက် တော့ ထမင်း ရဲ့ အရောင် က အရမ်း မိုက်သွား တယ်။ တစ်ခုချင်း စီ ထည့်သွားလိုက် ပေါ့နော်။ ကြက်သွန်နီကြော် တို့ green piece တို့ ပဲစိမ်း တို့ သီဟိုစီး တို့ စပျစ်သီးခြောက် တို့ ထည့် ပြီး တော့ သမ အောင် မွှေ လိုက် ပေါ့။ အမှန်တော့ ကျွန်တော် ဒီ ထမင်း ကို နယ် တဲ့ အခါ မှာ ဇလုံ အကြီး ရှိ ရင် ထမင်း တွေ ကို ဇလုံ အကြီး ထဲ သွန် ပြီး တော့ မွှေ လိုက် ရင် ပိုပြီး တော့ လွယ်တာ ပေါ့။ ကျွန်တော့် ဆီ မှာ အဲ့လို နယ်စရာ ထည့်စရာ ဇလုံ အကြီး မရှိ လို့ ဒီ ထမင်း အိုး ထဲ မှာ ပဲ ကျက်ကျက် တဲတဲ နဲ့ မွှေနေ ရတာ ပေါ့။ တကယ်လို့ ကိုယ် က ထမင်း သက်သက် ကြက်သား ဟင်း သက်သက် ချက်ချင် တယ် ဆိုရင် အခု လို အစာအစုံ တွေ ထည့် ပြီး တော့ ထမင်း အိုး ကို ဆယ် မိနစ် ဆယ့်ငါး မိနစ် လောက် ပြန် ပြီး တော့ ချက် လိုက် ရင် ဒါ ဓမ္မပေါက် က ကျက် ပြီ။ ဒါပေမယ့် ကျွန်တော် က ကြက်သား တွေ ကို ဒီ ထမင်း အိုး ထဲ ပေါင်း ပြီး တော့ ချက် မာ ဆိုတော့ ဒီ ထမင်း အိုး ထဲ ကို ခုန ချက်ထား တဲ့ ကြက်သား တွေ ကို ထည့်ရ မှာ ပေါ့။ ကြက်သား တွေ ကို ထမင်း ထဲ ရော မထည့်ခင် ကျွန်တော် ထမင်း အိုး ရဲ့ အပေါ် ရန် က ဆန် တွေ ကို ကျွန်တော် ပန်းကန် တစ်လုံး စာ လောက် ဖယ် ထုတ်လိုက် တယ်။ ပြီး ရင် ကြက်သား လောင်း ထည့် မယ် ပေါ့။ အဲ့ဒီ ကြက်သား လောင်း ထည့် ပြီး သွား မှ အဲ့ဒီ ဖယ်ထား တဲ့ ထမင်း ကို အပေါ် က နေ အုပ် လိုက် မှာ ပေါ့။ အဲ့တော့ ကြက်သား တွေ က နည်းနည်းလေး ပြန့်သွား တာ ပေါ့နော်။ တကယ်လို့ ကြက်သား တွေ ကို အပေါ် က နေ အုပ် ပြီး တော့ ထည့်လိုက် ပြီ ဆိုရင် အဲ့ဒီ အနှစ် တွေ က အပေါ် ရန် မှာ ပဲ များနေ ပြီး တော့ အောက် မှာ ကျ နည်းနည်းလေး အရသာ သိပ် မရောက် မှာ စိုး လို့ ပေါ့နော်။
[10:57]ကြက်သား ထည့် ပြီး သွား ပြီ ဆိုရင် ခုန အပေါ်ရံ ဖယ် ထား တဲ့ ထမင်း တွေ ကို ကျွန်တော် ကြက်သား ပေါ် မှာ ပြန် ပြီး တော့ အုပ်လိုက် တယ်။ ပြီး ရင် ကျွန်တော် အဖုံးအုပ် ပြီး တော့ ပုံမှန် ထမင်း ချက် သလို ပဲ အစာအဆုံး တော့ မဟုတ် ဘူး ပေါ့။ ဆယ် မိနစ် လောက် ထပ် ပြီး တော့ ချက်လိုက် တယ်။
[11:29]အခု ထမင်း ကို ဆယ် မိနစ် လောက် ချက် ပြီး သွား ပြီ ဆိုတော့ ဒါ ဓမ္မပေါက် က ကျက် ပြီ။ အဲ့တော့ ကျွန်တော် အဖုံး ဖွင့် ပြီး တော့ ထမင်း ကို အပေါ် အောက် လှန် ပေးလိုက် တယ်။ အထဲအိုးကြီး ရှိရင် တော့ အထဲ အိုး ထဲ ကို သွန် ပြီး တော့ မွှေ လိုက် ရင် တစ်ခါတည်း ပြီး တာ ပေါ့နော်။ အခု လို အိုး ထဲ မှာ ကျွန်တော် ဇွန်း နဲ့ မွှေနေ တာ က တကယ်လို့ ကိုယ့် ထမင်း က ပျော့နေ တယ် ဆိုရင် တော့ ဒါ ထမင်း တွေ ကြိုးကျေ ကုန် မှာ ပေါ့။ ကျွန်တော့် ဆန် က တော့ ချက်ထား တာ ကွက်တိ ပဲ မို့ လို့ ပေါ့နော်။ အဲ့လောက် တော့ ကြိုးကျေ တာ မလွယ် ဘူး။ ဒါပေမယ့် ကျွန်တော် အတတ်နိုင်ဆုံး ဇွန်း နဲ့ ညင်ညင်သာသာလေး မွှေနေတာ ပေါ့။ သမာ အောင် မွှေ ပြီး သွား တော့ အရသာ လည်း မီးချစ် လိုက်တာ အရသာ ရော အရောင် အဆင်း ရော တကယ့် မြန်မာပြည် က ဓမ္မပေါက် စား နေရ သလို ပဲ လုံးဝ အဆင်ပြေ တယ်။ ဒါဆိုရင် ကျွန်တော် စား ဖို့ တစ်ပွဲ ပြင်လိုက် မယ်။ ဓမ္မပေါက် စား ရင် ကျွန်တော် အခု လို အသီးအရွက် နဲ့ လုပ်ထား တဲ့ အချဉ် ရယ် ပုဇွန်ခြောက်ကြော် လေး နဲ့ စား မှ ပြည့်စုံ တယ် လို့ ထင် တယ်။ ဒါ တောင် ကျွန်တော် ဟင်းရည် ချက်ချင် သေး တာ။ ဒါပေမယ့် စိတ် မရှိ ရော လို့ မချက် တော့ တာ ။ အမှန် ဟင်းရည်လေး နဲ့ ဆိုရင် တော့ ပိုကောင်းတာ ပေါ့။ ပြီးတော့ မြန်မာပြည် မှာ ဆိုရင် ဘာ တွေ လည်း ထည့်စားသေး လဲ ဆိုတော့ သရက်သီးသနပ် နဲ့ စား တာ။ ကျွန်တော် သရက်သီးသနပ် ကျ အဲ့လောက် ကြီး မကြိုက် ဘူး။ နောက် ပြီး တော့ ပူစိန နာ အရွက် တွေ နဲ့ ငရုတ်သီး စိမ်း တွေ နဲ့ ကိုက် ပြီး တော့ စားကြတာ ပေါ့နော်။ အဲ့ဒါ တွေ တော့ မရှိ တဲ့ အတွက် ကျွန်တော် မထည့် တော့ ဘူး။ ဒါပေမယ့် ဒီလောက် ထည့်နိုင် ရင် ကို ဒါ တော်တော်လေး ပြည့်စုံ နေ ပါ ပြီ။ ပုဇွန်ခြောက်ကြော် အနေနဲ့ ကျွန်တော် ဒီ ဘူး ကို သုံး တယ်။ သူ က မလေးရှား က လာ တာ။ Crispy anchovy chilli။ ပုဇွန်ခြောက် တော့ မဟုတ် ဘူး။ သူ က ငါးနီဒူး ပေါ့။ ဒါပေမယ့် အရသာ က တကယ့် ပုဇွန်ခြောက်ကြော် စား နေရ သလို ပဲ။ ပြီး တော့ ဓမ္မပေါက် နဲ့ လည်း အရမ်း လိုက် ဖက် တယ်။ ဒါ ကို အေးရှား grocery ဆိုင် တော်တော်များများ မှာ ဝယ် လို့ ရ တယ်။ ကနေဒါ မှာ ဆိုရင် တော့ DNT မှာ ဝယ် လို့ ရတာ ပေါ့။ ဟုတ်ကဲ့ ဒါ က တော့ ကျွန်တော် အလုပ် ကို ယူ မသွားခင် အိမ် မှာ တစ်ပွဲ ပြင် ပြီး တော့ စားခဲ့ တဲ့ ဓမ္မပေါက် ပါ။ ကြက်သား က လည်း ချက်ထား တာ မွှေး ပြီး တော့ နူးညံ့ နေတာ။ ပြီးတော့ ထမင်း က လည်း ကြက်သား အနှစ် တွေ နဲ့ အရမ်း ကို rich ဖြစ်တာ ပေါ့။ ပြီး တော့ အချဉ် နဲ့ ပုဇွန်ခြောက်ကြော် နဲ့ ထမင်း နဲ့ အသား နဲ့ တော်တော်လေး ပြည့်စုံ တယ်။ ဟင်းရည်လေး သာ ပါလာ ရင် တော့ လုံးဝ ရှဲ ပဲ ပေါ့။



