[0:00]သူငယ်ချင်းများအားလုံးမင်္ဂလာပါ။ FoodBkk channel မှာ ပြန်လည်ကြိုဆိုပါတယ်နော်။ ကျွန်တော်တို့ ဒီတစ်ခါမှာတော့ မြန်မာမုန်းတီသုပ်လေး သုပ်စားကြမှာဖြစ်ပါတယ်နော်။ အဲ ကြိုက်ကြတဲ့သူငယ်ချင်းများလည်း လိုက်ပြီးတော့ သုပ်ကြည့်ကြည့်ပါနော်။ ကျွန်တော်ကတော့ အရမ်းကြိုက်ပါတယ်နော်။ ပထမဦးဆုံး ကျွန်တော်တို့ စပြီးတော့ သုပ်ဖို့အတွက် ဒီထဲမှာကျွန်တော် ကြက်သွန်ဖြူပေါ့နော်။ ကြက်သွန်ဖြူကကျွန်တော် ၂လုံးပါမှာဖြစ်ပါတယ်။ သူ့ကို ကျွန်တော်တို့ ပါးပါးလေး လှီးထားပါမယ်နော်။ ဒါကတော့ ကျွန်တော် ဆီ ဆီသတ်ဖို့အတွက်ဖြစ်ပါတယ်နော်။ ဆီချက်အတွက်ပါနော်။ ပြီးရင်ကြက်သွန်နီကျတော့ ကျွန်တော် ၂လုံးထည့်မှာဖြစ်ပါတယ်။ သူ့ကိုလည်း ကျွန်တော်တို့ ပါးပါးလေးပေါ့နော်။ ကျွန်တော်တို့ လှီးဖြတ်ထားပေးပါနော်။
[0:47]ပြီးရင် ကျွန်တော်တို့ သူ့ကို စပြီးတော့ ဆီသတ်ပါမယ်နော်။ ဆီသတ်ဖို့အတွက် ဆီလေးက ကျွန်တော် ခပ်များများထည့်ပါတယ်နော်။ ပြီးရင် ကျွန်တော် ဆနွင်းမုန့်ထည့်ပါတယ်နော်။ ဒါကတော့ အဝါရောင်လေးအတွက်ပါနော်။ အဲ တချို့သူတွေက ဒီလိုမျိုး ဆီနီနီရဲရဲလေး ရချင်တယ်ဆိုလို့ရှိရင် ဆနွင်းမုန့်မထည့်ဘဲနဲ့ ဒီ ငရုတ်သီးအရောင်တင်မုန့်ပေါ့နော်။ ငရုတ်သီးအရောင်တင်မုန့်ကို ထည့်ပါတယ်နော်။ ဒါဆိုလို့ရှိရင် ဆီအနီလေး ရပါတယ်နော်။ ကျွန်တော်က ဒီနေရာမှာ ဆီအဝါလေး ကျွန်တော်လုပ်မှာဖြစ်တဲ့အတွက် ဆနွင်းမုန့်ကျွန်တော် ထည့်ပါတယ်နော်။ ကျွန်တော် ပြီးရင် ကျွန်တော် နည်းနည်းလေး ကျွတ်လာပြီဆိုလို့ဆိုလို့ရှိရင် ကျွန်တော်တို့ သူ့ကို ဆယ်ထားပေးလိုက်ပါနော်။ ပြီးရင် ကျွန်တော် ကြက်သွန်နီလည်း ကျွန်တော် ပြန်ပြီးတော့ ကြွပ်ကြွပ်လေးပေါ့နော်။ ကျွန်တော်ကြော်ပါမယ်နော်။
[1:39]နည်းနည်းလေး ကြွပ်လာပြီဆိုလို့ရှိရင် ရပါပြီနော်။ ပြီးရင် ကျွန်တော် ပုဇွန်ခြောက်မုန့်ကို ကျွန်တော် ကြိတ်ပါမယ်နော်။ ပုဇွန်ခြောက်မုန့်က ကျွန်တော် အကောင်သေးသေးလေးတွေပဲ ကျွန်တော် သုံးထားပါတယ်နော် ဒီနေရာမှာ။
[1:54]ပုဇွန်ခြောက်မုန့်ကို ကြိတ်ချင်ရာဖြစ် အဲ အရမ်းစားလို့ ကောင်းပါတယ်နော်။ ခပ်မှုန့်မှုန့်မွှားမွှားလေးနဲ့ပါနော်။
[2:07]အဲ နည်းနည်းပါးပါးညက်ပြီဆိုလို့ရှိရင် ရပါပြီနော်။
[2:17]ပြီးရင် ကျွန်တော်တို့ စပြီးတော့ သုပ်ဖို့အတွက် ကျွန်တော် မုန့်တီတစ်ချဉ်း ကျွန်တော် သုံးပါမယ်နော်။ မုန့်တီကတော့ ဒီထိုင်းမှာဆိုလို့ရှိရင် ကျွန်တော် ၁၀ဘတ်ဘတ်ပေးရပါတယ်နော်။ ဒီ အကုန်လုံးမှ ၁၀ဘတ်ဘတ်ပေးရပါတယ်နော်။
[2:36]အစောက ကြိတ်ထားတဲ့ ဒီ ပုဇွန်ခြောက်မုန့်တွေထည့်ပါမယ်။ ပြီးရင် မြေပဲ မြေပဲထည့်ပါမယ်နော်။ မြေပဲကတော့ ထောင်းပြီးတော့ ထည့်ပါနော်။ ပြီးရင် ပဲအကျက်မုန့်ထည့်ပါမယ်။
[2:55]ပြီးရင် အဲ ကြက်သွန်နီပေါ့နော်။ ကြက်သွန်နီကျတော့ ကျွန်တော် ရေဆေးပြီးတော့ ထည့်ပါတယ်နော်။ ပြီးရင် ကျွန်တော် ဒီနေရာမှာ အချိုမုန့်အနည်းငယ်ထည့်ပါတယ်။ ပြီးရင် သံပုရာသီး ညှစ်ထည့်ပါနော်။ တကယ်လို့ အချဉ်ကြိုက်တယ်ဆိုရင် ခပ်များများလေးထည့်ပါနော်။
[3:14]ပြီးရင်ငံပြာရည်ထည့်ပါမယ်။
[3:22]အလွယ်တကူလေးနဲ့ပါနော်။ သူငယ်ချင်းတို့ လိုက်ပြီးတော့ သုပ်စားကြည့်ကြည့်ပါနော်။ ပြီးရင် အစောက ကျွန်တော်တို့ ဒီ ကြက်သွန်ဖြူပေါ့နော်။ ကြက်သွန်ဖြူကြော်လေး ကျွန်တော်တို့ ထည့်ပါမယ်။
[3:38]ပြီးရင် ကြက်သွန်နီကြော်လေးထည့်ပါမယ်နော်။
[3:45]ပြီးရင် ဆီကျတော့ ဆီခပ်များများလေးထည့်ပေးပါနော်။
[3:55]ပြီးရင် မာချီး မာချီးရည်ပေါ့နော်။ မာချီး အရည်ထည့်ပါမယ်။ ဒါကတော့ မချီးရည်ကတော့ လုံးဝမပါမဖြစ်ပါပဲနော်။ ပြီးရင် နောက်ဆုံးမှ ကျွန်တော် ဒီနေရာမှာ နံနံပင်ထည့်ပါတယ်နော်။ တကယ်လို့ မကြိုက်လည်း မထည့်ပါနဲ့နော်။ သူ့ကို ကျွန်တော်တို့ နယ်မှာဖြစ်ပါပြီနော်။ ပြီးရင် အရသာတွေ အားလုံးကို အဲ ကျွန်တော်တို့ အားလုံးရောသမားမွှေပြီးတော့ နယ်ပေးပါနော်။ ကျွန်တော်ကတော့ ဒီနေရာမှာ ဒီမုန့်တီတွေ ကြေသွားအောင် ကျွန်တော် နယ်ပါတယ်နော်။ အဲ မကြေ မကြေချင်လို့ရှိလို့ရှိရင်လည်း ကျွန်တော်တို့ ပွပွလေး နယ်ပေးပါနော်။ ရပါတယ်နော်။ ဒါကတော့ ကိုယ်စိတ်ကြိုက်ပါပဲနော်။ ပြီးရင် အရသာကတော့ ကိုယ်လိုသလို မြည်းကြည့်ကြည့်ပါနော်။ တကယ်လို့ အပေါ့အငန်ကတော့ အဲ ချိန်ပြီးတော့ ထည့်ပေးပါနော်။
[4:56]ကျွန်တော့် video လေးကို အဆုံးထိကြည့်ပေးတဲ့သူငယ်ချင်းတစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နော်။ ကျွန်တော် Food Bkk Facebook Page လေးကိုလည်း Like and Follow လေးလေး နှိပ်ထားပေးကြပါဦးနော်။ ကျွန်တော်တို့ နောက်ထပ် Video မှာ ပြန်လည်ဆုံတွေ့ကြပါဦးမယ်နော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။



