[0:02]ဒီတစ်ခေါက် ကျွန်တော် ကြာဇံကြော် ပါ မယ် ကျွန်တော် ဒီ ဝေဝေ ဆိုတဲ့ ဘီဟွန်းကြာဇံ ကို သုံး ပါ မယ်။ ဒီ ကြာဇံခေါက်ဆွဲ က မြင်မြင်ပါးပါးလေး ရယ်။ အဲ့ဒါကြောင့် မို့ လို့ မကြော်ခင် ရိုးရိုးရေအေး နဲ့ ၁၀ မိနစ် လောက် စိမ်ထားလိုက် ရင် ကို သူ က ပျော့သွား တယ် ဒါ က တော့ ကြာဇံ နဲ့ တွဲကြော် ဖို့ ကိုယ့် စိတ်ကြိုက် အသီးအရွက် တွေ ပေါ့။ ဒီ တစ် ခေါက် ကျွန်တော် မရုတ်ပွ ထည့် မယ်။ မုန်လာဥနီ ထည့် မယ် ဒါ က တော့ ဂေါ်ဖီထုပ် လှီးထားတာ ပါ ဒါ ကြက်ဥ ခလောက် ထားတာ ဒါ က တော့ ကြက်သွန်ဖြူ နှုတ်နှုတ်ဆင်းထားတာ ပါ မကြော်ခင် အရင်ဆုံး ကြာဇံ ကို အရသာ နယ် ပါ မယ်။ အဲ့တော့ ခဏ နေ ကျ ရင် ဒယ်အိုး ထဲ မှာ အရမ်းကြီး မွှေစရာ မလို တော့ ဘူး ပေါ့ ပဲငံပြာရည် အပျစ် ၊ ပဲငံပြာရည် အကျဲ နဲ့ ခရုဆီ ထည့် ပြီး တော့ နယ်ထား လိုက် ပါ မယ်။
[0:57]ကျွန်တော် အရင် ကြက်ဥ တွေ ကို ကြော် ပြီး တော့ ဆယ်ထား လိုက် ပါ မယ်
[1:10]ပြီး ရင် ကျွန်တော် အရွက် တွေ ကြော် မယ်။ ကြက်သွန်ဖြူ ကို အရင် ကြော် လိုက် မယ်။ ပြီး ရင် အရွက် တွေ ထပ် ကြော် မယ်။
[1:23]ဒါ က တော့ ငရုတ်ကောင်းမှုန့် ပါ။ ပြီး တော့ ကျွန်တော် ခရုဆီ အနည်းငယ် ထပ် ကြော် ပါ မယ်။
[1:47]အရွက် တွေ နည်းနည်း ကျက်သွား ပြီ ဆိုရင် ခုန က အရသာ နယ်ထား တဲ့ ကြာဇံ တွေ ကို ထည့် ကြော် ပါ မယ်။ ကြာဇံ တွေ က ဒီလို ကပ်ကြေး နဲ့ ညှပ် မပေး ဘူး ဆိုရင် မွှေ ရတာ တော်တော် ခက် ပါ တယ်။ ပြီး တော့ စား ရင် လည်း ကြာဇံ အမျှင် တွေ အရှည်ကြီး ဖြစ်နေတတ် တယ် ပေါ့။ အဲ့ဒါကြောင့် မို့ လို့ ကျွန်တော် ကြာဇံ တွေ ကို မွှေ ရ လွယ်အောင် စား ရ လွယ်အောင် အခု လို ကပ်ကြေး လေး နဲ့ ညှပ်ပေး လိုက် ပါ တယ်
[2:14]ဒီ ကြာဇံ အမျိုးအစား က မြင်မြင်လေး မို့ လို့ ခဏ ပဲ ကြော်ရ ပါ တယ်။ ကြာဇံ တွေ ကျက်သွား ပြီ ဆိုရင် ခုန က ကြော်ထားတဲ့ ကြက်ဥ တွေ ရောထည့် ပြီး တော့ အားလုံး သမ အောင် မွှေပေး လိုက် ပြီ ဆိုရင် တော့ ရိုးရိုးရှင်းရှင်း နဲ့ အရမ်း စား လို့ ကောင်း တဲ့ ကြာဇံကြော် ကို ရပါပြီ
[2:50]ကျွန်တော် ကြာဇံကြော် ကို အခု လို စီရွချား ဆော့စ် နဲ့ ငရုတ်သီးကြော် ထည့် ပြီး တော့ နယ်စား လေ့ ရှိ တယ် အဲ့လို နယ်လိုက် တော့ အရသာ က ချဉ်ငံစပ် လေး ဖြစ်သွား တော့ တော် တော် လေး စား လို့ ကောင်း မှာ ပါ



