[0:00]Hello, အားလုံးပဲမင်္ဂလာပါရှင်။ ဒီနေ့မှာတော့ အားလုံးကတောင်းဆိုထားကြတဲ့ ကြက်သားဒန်ပေါက်ထမင်းချက်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။ ဒီနည်းလေးကဆိုလို့ရှိရင် ကြက်သားဒန်ပေါက်ထမင်းချက်နည်းတွေအများကြီးထဲကမှာ ဖြိုးအမြဲချက်စားဖြစ်တဲ့နည်းလေးပဲဖြစ်ပါတယ်ရှင်။ လွယ်ကူမြန်ဆန်ပြီးတော့ အရမ်းလည်းစားလို့ကောင်းတဲ့နည်းလေးပဲဖြစ်ပါတယ်။ ကြက်သားဒန်ပေါက်ထမင်းချက်ရန်အတွက် ဖြိုးက ကြက်ပေါင်းကြီး ၄ ဖက်ကိုသုံးထားပါတယ်။ အဲ့ဒီ ၄ ဖက်မှာမှ ဖြိုးက ၃ ဖက်ကိုဒီလိုမျိုးပေါ့နော်။ ၂ တုံး၊ ၂ တုံးစာကို တုံးထားပေးတာဖြစ်ပါတယ်ရှင်။ သူ့ထဲကိုဖြိုးက ဆားအနည်းငယ်ထည့်တယ်။ ပြီးတော့ အသားမှုန့်ထည့်တယ်။ ပြီးတော့ ဆနွင်းမှုန့်ရယ် အရောင်တင်မှုန့်လေးအနည်းငယ်ရယ် ပြီးတော့ မဆလာကို ခပ်ဖျဖျလေးအုပ်ထားပေးလိုက်ပါတယ်။ ဒီနေရာမှာ ဒန်ပေါက်မဆလာရှိရင် ဒန်ပေါက်မဆလာပါထည့်ပေးလို့ရတယ်ပေါ့နော်။ ဖြိုးမှာတော့မရှိတာနဲ့ မဆလာကိုပဲ ခပ်ဖျဖျလေးအုပ်ထားပေးလိုက်တယ်။ ပြီးတော့ ဒိန်ချဉ် တစ်ဘူးစာကိုပါ ထည့်ပေးလိုက်ပါတယ်ရှင်။ ဒိန်ချဉ်ကတော့ ဖြိုး original အရသာကိုပဲသုံးထားပါတယ်။ ပြီးတော့ နုနုစဉ်းထားတဲ့ နံနံပင်အနည်းငယ်နဲ့ ပူစိနံအနည်းငယ်ကိုပါထည့်ပေးတာနဲ့ အားလုံးကိုသမသွားအောင် နယ်ထားပေးလိုက်ပါတယ်။ ဒီကြက်သားကိုကျတော့ ရေခဲတိုက်တာရှိတဲ့သူတွေဆိုလို့ရှိရင် တစ်ညလောက်ရသာလေးနဲ့ သေချာလေးနယ်ပြီးတော့ပေါ့နော် တစ်ညလောက်နှပ်ထားပေးမယ်ဆိုလည်းရပါတယ်ရှင်။ ဖြိုးကတော့ဒီမှာ အချိန်သိပ်မရှိတာနဲ့ မိနစ် ၃၀ လောက်ပဲနှပ်ထားပေးလိုက်ပါတယ်။ ဖြိုးကလုပ်စားဖို့စီစဉ်မရှိဘဲနဲ့ပေါ့နော်လုပ်စားဖြစ်တော့ ဒီတိုင်းလေးပဲမိနစ် ၃၀ လောက်နှပ်ထားပေးလိုက်တယ်ပေါ့နော်။ ခဏလောက်နယ်ပြီးတာနဲ့သူ့ထဲကိုဖြိုးက ကြက်သွန်ကြော်လေးကို ရေလက်နှစ်ဆုပ်စာလောက်ပေါ့နော် အခုလိုမျိုးလေးချေပြီးတော့ထည့်ပေးလိုက်တယ်။ ပြီးရင်တော့အားလုံးကိုနှပ်သွားအောင် သေချာလေးပေါ့နော် နာနာလေးနယ်သွားပေးပါ့မယ်နော်။ ဒန်ပေါက်ချက်နည်းတွေကတော့အများကြီးရှိတယ်ပေါ့နော်။ ဒီနည်းလေးကတော့ဖြိုးအိမ်မှာ အလွယ်မြန်ချက်စားဖြစ်တဲ့ နည်းလေးပဲဖြစ်ပါတယ်။ လွယ်ကူမြန်ဆန်ပြီးတော့ အရမ်းလည်းစားလို့ကောင်းပါတယ်ရှင်။ ပြီးတော့ဒန်ပေါက်ထမင်းကိုဆိုတဲ့ဖြိုးကထမင်းပေါင်းအိုးလေးနဲ့ပဲသေချာလေးချက်ပြထားပါတယ်။ ကဲဖြိုးတို့နယ်သွားလိုက်တာ အားလုံးလည်းနှပ်သွားပြီဆိုလို့ရှိရင်တော့ သူ့ကိုအဖုံးလေးအုပ်ပြီးတော့ ဖြိုးတို့အချိန်ရရသလောက်ပေါ့နော် နှပ်ထားပေးလိုက်ပါ့မယ်ရှင်။ ဖြိုးကတော့သူ့ကိုနာရီဝက်လောက်ပဲနှပ်ထားပေးလိုက်ပါတယ်။ ကဲဖြိုးတို့နှပ်သွားလိုက်တာ နာရီဝက်လောက်ရောက်ပြီဆိုလို့ရှိရင်တော့ စပြီးချက်ပေးရန်အတွက်အိုးထဲကိုဆီထည့်မယ်။ ပြီးရင်ဖြိုးက ဒီထောပတ်ခဲကို ထမင်းစားဇွန်းရဲ့တစ်ဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင်။ ဟင်းရည်အနံ့လေးကပိုမွှေးသွားအောင်ပေါ့နော်။ ဒီနေရာမှာထောပတ်ကမရှိရင် မထည့်လည်းရပါတယ်နော်။ ဒီအမွှေးကြိုင်နေရာမှာကျတော့ ဖြိုးက နံနံစေ့ရယ် ဇီရာရယ် သစ်ဂျပိုးခေါက်ရယ် ဖာလာစေ့ရယ် နနတ်ပွင့်ရယ် ပြီးတော့ ကရဝေးရွက်တို့ကိုသုံးထားပါတယ်ရှင်။ ဒီအစိအဆံကတော့ ပုံမှန်ဆိုလို့ရှိရင်ဒီထဲတောင်များတယ်ပေါ့နော်ဒန်ပေါက်မှာထည့်တာ။ ဖြိုးကတော့အဆင်ပြေတဲ့ဟာလေးပဲ ရှာဖွေလို့ရတဲ့ဟာလေးပဲထည့်ထားပါတယ်။ ပြီးရင်တော့သူတို့အားလုံးကိုထည့်ပြီးတော့ အနံ့လေးမွှေးလာတဲ့အထိကြော်သွားပေးပါ့မယ်နော်။ ဖြိုးကအများကြီးတော့မထည့်ရဘူးပေါ့နော်။ နည်းနည်းလေးနည်းနည်းချင်းစီပဲဖြိုးကသုံးထားပါတယ်ရှင်။ အမွှေးကြိုင်တအားများရင်ဟင်းအနံ့ကပြင်းသွားမှာဆိုလို့ပါပဲ။ ဒီညှောင့်သီးနှစ်မှာကကျတော့ ဂျင်း၊ ကြက်သွန်ဖြူ ၃ ွှာ၊ ပြီးတော့ ကြက်သွန်နီအလုံးကြီး ၁ လုံးနဲ့ ငှက်ပျောသီးခြောက်အတောင့် ၂၀ လောက်ကိုရောပြီးတော့ ညှပ်သွားတဲ့အထိပေါ့နော်ထောင်းထားတာလေးပဲဖြစ်ပါတယ်။ သူ့ကိုဖြိုးထည့်ပေးလိုက်တယ်။ ပြီးတော့ဆနွင်းမှုန့်လေးနည်းနည်းငယ်ကိုပါထည့်ပြီးတော့ အနံ့လေးမွှေးလာတဲ့အထိပေါ့နော်ဆီသပ်ပေးသွားလိုက်ပါတယ်ရှင်။ ဒီနေရာမှာဖြိုးတို့အစပ်မစားနိုင်ဘူးဆိုလို့ရှိရင်ပေါ့နော် အစပ်ကိုမကြိုက်ဘူးဆိုလို့ရှိရင်ငှက်ပျောသီးအစိမ်းမှုန့်လေးနဲ့ထည့်မယ်ဆိုလည်းရပါတယ်နော်။ ဖြိုးကတော့ဟင်းချက်တဲ့အချိန်မှာဆိုလို့ရှိရင် ငှက်ပျောသီးခြောက်ကိုသုံးတာပိုကြိုက်တယ်ပေါ့နော်။ ဖြိုးတို့ရဲ့ငှက်ပျောသီးနှစ်လေးကအနံ့လေးမွှေးလာပြီဆိုလို့ရှိရင်တော့ အရသာနဲ့နှပ်ထားတဲ့ဒီကြက်သားကိုထည့်ပြီးလို့ရှိရင်တော့ လုံးထားပေးလိုက်မယ်။ ပြီးရင်တော့ကြက်သားရဲ့အသားလေးတွေတင်းလာတဲ့အထိ ဒီဆီလေးနဲ့ပဲလုံးထားပေးလိုက်ပါ့မယ်ရှင်။ တစ်ဖက်ကအသားလေးတင်းလာပြီဆိုလို့ရှိရင် နောက်တစ်ဖက်ကိုပြန်လည်လှန်လှန်လေးလုပ်ပြီးတော့ ဆီလေးနဲ့ပဲနှပ်ထားပေးလိုက်ပါတယ်။
[3:31]ကဲအခုလိုမျိုးလေးဆီလေးပြန်ပြီးတော့ ကြက်သားရဲ့အသားလေးကတင်းလာပြီဆိုလို့ရှိရင်တော့ ဖြိုးတို့ရေကိုကိုယ်လိုအပ်သလောက်ထည့်ပေးပါ့မယ်နော်။ ဖြိုးကတော့ကြက်သားကသုံးတုံးကနည်းနည်းကြီးတာဖြစ်တဲ့အတွက်ရေကိုနည်းနည်းလေးပိုထည့်ထားပါတယ်။ ဒီရေခန်းသွားတဲ့ထိချက်မှာဖြစ်ပါတယ်။ တစ်ဖက်မှာ ကြက်သားဟင်းလေးချက်ထားရင်းနဲ့ ဒီတစ်ဖက်မှာပေါ့နော် ဒန်ပေါက်ထမင်းတက်ရန်အတွက်ဒန်ပေါက်ဆန်နှုတ်စီပူးနှစ်ပူးစာနဲ့ ရိုးရိုးဆန်နှုတ်စီပူးရဲ့တစ်ဝက်စာကိုရေနဲ့သုံးရေလောက်ပေါ့နော် ဆေးထုတ်ထားပေးလိုက်ပါတယ်။ လုံးဝရေကြည်လာတဲ့အထိဆေးထားပေးလိုက်ပါတယ်ရှင်။
[4:02]ရေဆေးပြီးတာနဲ့သူ့ထဲကိုဖြိုးက ရေပမာဏကို ပုံမှန်ထမင်းတက်နေကျထက်ပေါ့နော် နည်းနည်းလေးပိုပြီးတော့ထည့်ပေးလိုက်ပါတယ်။ တအားကြီးတော့မပိုဘူးပေါ့နော် နည်းနည်းလေးပဲပိုထည့်ထားပေးလိုက်ပါတယ်ရှင်။ ရေကိုကိုယ်လိုအပ်သလောက်ထည့်ပြီးပြီဆိုတာနဲ့ဖြိုးက ဆားထမင်းစားဇွန်းရဲ့ သုံးပုံတစ်ပုံစာလောက်နဲ့ သကြားထမင်းစားဇွန်းနဲ့ တစ်ဇွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်။ ပြီးတော့ဖာလာစေ့ ၃ စေ့၊ ကရဝေးရွက် ၃ ရွက်နဲ့ သစ်ဂျပိုးခေါက် ၂ ခု၊ ပြီးတော့ နနတ်ပွင့် ၂ ပွင့်လောက်ကိုထည့်ပြီးတော့ အားလုံးကိုသမသွားအောင်မွှေထားပေးလိုက်ပါတယ်ရှင်။ ဖြိုးတို့မွှေသွားလိုက်တာ အားလုံးသမာသွားပြီဆိုတာနဲ့သူ့ထဲကိုဖြိုးက ထောပတ်ခဲကို ထမင်းစားဇွန်းနဲ့ ၁ ဇွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်။ ဒီနေရာမှာထောပတ်ကို အရည်လေးဖျော်ပြီးထည့်ပေးမယ်ဆိုလည်းရပါတယ်နော်။ ပြီးရင်တော့ဖြိုးတို့ပုံမှန်ထမင်းတက်နေကျအတိုင်းပဲ ခလုတ်လေးနှိပ်ပြီးတော့ ထမင်းအိုးလေးတက်လာတဲ့အထိတက်သွားပေးလိုက်ပါ့မယ်နော်။ ဒန်ပေါက်ထမင်းကမစားရတာတော်တော်ကြာပြီပေါ့နော်။ ဒီနေ့မှာတော့အဝစားချက်စားဖြစ်ပါတယ်။ အရမ်းလည်းစားကောင်းတယ်ပေါ့နော်။ ထမင်းအိုးခလုတ်လေးကတက်လာပြီဆိုလို့ရှိရင်တော့ ဖြိုးတို့ထမင်းကိုသမာသွားအောင်ပေါ့နော်။ အသာလေးအခုလိုမျိုးလေးရောက်မှလေးနဲ့မွှေထားပေးလိုက်ပါ့မယ်ရှင်။ ပြောရမယ်ဆိုလို့ရှိရင်တော့ ထမင်းလုံးလေးတွေကတစ်လုံးနဲ့တစ်လုံးကွဲသွားအောင်ပေါ့နော်။ သေချာလေးသမာသွားအောင်မွှေထားပေးလိုက်ပါ့မယ်။ မွှေသွားလိုက်တာသမာသွားပြီဆိုတာနဲ့သူ့ထဲကိုဖြိုးက မုံလာဥနီရယ်၊ သီဟိုစေ့ရယ်၊ စပျစ်သီးခြောက်ရယ်၊ ပြီးတော့ကြက်သွန်ကြော်လေးအနည်းငယ်ကိုထည့်ပြီးတော့ ပြန်ပြီးတော့သမာသွားအောင်မွှေထားပေးလိုက်ပါတယ်။ မွှေတဲ့အချိန်မှာဆန်လေးမကျိုးမကျေအောင်ပေါ့နော် သတိထားပြီးတော့မွှေပေးပါလို့အကြံပေးချင်ပါတယ်ရှင်။ ကြည့်ပါဦးဆန်လုံးလေးတွေကဆိုလို့ရှိရင်အရမ်းလှတယ်ပေါ့နော်။ ဒါတောင်မှရိုးရိုးဆန်နဲ့ရောပြီးတော့ချက်တာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘယ်ဆန်လေးရှာဖွေတာမတွေ့တာနဲ့မထည့်တော့ဘူးပေါ့နော်။ ကဲပြီးရင်တော့ဖြိုးတို့ကြက်သားအိုးလေးကိုလာကြည့်ပေးလိုက်မယ်။ ကြက်သားအိုးကိုလည်းဖြိုးတို့ကမကြာခဏကြည့်ပေးရမှာဖြစ်ပါတယ်နော်။ အောက်မှာမကြာခဏမွှေပေးရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ဖြိုးတို့ဒီမှာကြက်သွန်ကြော်ထည့်ထားတော့လေ မဟုတ်ရင်အိုးကပ်တတ်ပါတယ်ရှင်။ မကြာခဏဖြိုးတို့မွှေပြီးတော့အဖုံးလေးအုပ်ပြီးတော့ပေါ့နော်ဒီကြက်သားဟင်းရေလေးခန်းလာတဲ့အထိချက်သွားပေးပါ့မယ်နော်။ ဒီချက်နည်းလေးကဆိုလို့ရှိရင်အရမ်းကိုစားကောင်းပါတယ်။ ချက်ကြည့်ပါနော်။ ဖြိုးကတော့ကြက်သားဟင်းအိုးလေးကိုမကြာခဏအဖုံးလေးဖွင့်ပြီးတော့မတူးရအောင်ပေါ့နော်။ မွှေသွားပေးလိုက်ပါတယ်။ မွှေသွားလိုက် အဖုံးလေးအုပ်ပြီးချက်သွားလိုက်ပေါ့နော်။ အခုလိုမျိုးလေးအရည်လေးလည်းခန်းခန်းနီးပြီဆိုလို့ရှိရင်တော့ ဖြိုးတို့အရသာပေါ်ခံကိုမြည်းကြည့်ပေးပါ့မယ်နော်။ ဒီနေရာမှာကိုယ်လိုအပ်တာထပ်ထည့်နိုင်ပါတယ်နော်။ ဖြိုးကတော့သူ့ထဲကိုဆားအနည်းငယ်နဲ့ အသားမှုန့်လေးအနည်းငယ်ကိုပဲထပ်ထည့်ပေးထားပါတယ်ရှင်။ ကဲအရသာထပ်ပေးလို့ရှိရင်တော့ နည်းနည်းလေးနှပ်သွားအောင်မွှေထားပေးလိုက်မယ်။ မွှေသွားလိုက်တာသမာသွားပြီဆိုလို့ရှိရင်တော့ အရသာကိုနောက်တစ်ခေါက်မြည်းကြည့်ပေးပါ့မယ်နော်။ အရသာလည်းလုံးဝအဆင်ပြေပြီဆိုတာနဲ့ဖြိုးက နောက်ဆုံးကျမှ မဆလာလေးအနည်းငယ်ကိုထပ်အုပ်ပြီးတော့ ရေလေးနည်းနည်းလေးခန်းလာတဲ့အထိပေါ့နော်။ ဒီထဲရေကနည်းနည်းလေးပိုခန်းလာအောင် ခဏလောက်အဖုံးလေးအုပ်ပြီးတော့ချက်သွားပေးလိုက်ပါတယ်ရှင်။ ဒီနေရာမှာအရည်လေးနဲ့ကြိုက်ရင် အရည်လေးနဲ့ချက်မယ်ဆိုလည်းရပါတယ်နော်။ ကဲဒီနည်းကဆိုလို့ရှိရင်တော့ဖြိုးရဲ့ကြက်သားဟင်းလေးကတော့အရည်လေးခန်းပြီးတော့ ဆီလေးပြန်နေပါပြီ။ အခုလိုမျိုးလေးကြက်သားကလည်းလုံးဝနူးပြီးတော့ဟင်းအိုးကလည်းဆီလေးပြန်လာပြီဆိုလို့ရှိရင်တော့သူ့ကိုဖြိုးကမီးလေးပိတ်ပေးလိုက်တယ်။ ပြီးရင်တော့ခဏကဖြိုးတို့တက်ထားတဲ့ဒန်ပေါက်ထမင်းလေးကိုအပေါ်ကတစ်ခါတည်းခင်ပေးလိုက်ပါတယ်ရှင်။ ဖြိုးကဒီကြက်သားဟင်းအိုးနဲ့ပဲတစ်ခါတည်းချက်မှာဖြစ်ပါတယ်။ ရောပြီးတော့ဒီနေရာမှာကြက်သားဟင်းနဲ့မရောချင်ဘူးဆိုလို့ရှိရင်ခွဲပြီးစားမယ်ဆိုလည်းရပါတယ်နော်။ ကဲထမင်းကိုဖြိုးတို့ခင်ပေးလို့ရှိရင်တော့ food color နဲ့ဒီရေနဲ့ကိုရောထားတာလေးကိုပေါ့နော်နည်းနည်းလေးဖြိုးကအခုလိုမျိုးလေးလိုက်ဆန်းပေးလိုက်ပါတယ်။ ဆိုးဆေးကိုကျတော့ဖြိုးက လိမ္မော်ရောင်နဲ့အစိမ်းရောင်လေးကိုသုံးထားပါတယ်ရှင်။ ပြီးရင်တော့မီးအေးအေးလေးနဲ့ပေါ့နော်အဖုံးလေးအုပ်ပြီးတော့ ၁၀ မိနစ်လောက်တက်သွားပေးပါ့မယ်။ လုံးဝထမင်းနဲ့ကြက်သားနဲ့နှပ်သွားတဲ့အထိပေါ့နော်။ ကဲအခုဆိုလို့ရှိရင်တော့ဖြိုးတက်သွားလိုက်တာ ၁၀ မိနစ်လောက်ရပါပြီ။ ကြည့်ပါဦးဆန်လုံးလေးတွေကဆိုလို့ရှိရင်လုံးဝရှည်ရှည်လေးနဲ့ပေါ့နော်အရမ်းကိုစားချင်စရာကောင်းပါတယ်။ အရမ်းလည်းလှပြီးတော့။ ကဲပြီးရင်တော့အရောင်လေးနဲ့လုံးဝသမာသွားအောင်ပေါ့နော် ခဏလောက်မွှေသွားပေးပါ့မယ်။ ကြည့်ပါဦးစားချင်စရာလေးပေါ့နော်။ အနံ့လေးကဆိုလို့ရှိရင်မွှေးနေရောပဲ။ ဒီကြက်သားဟင်းမှာတစ်ချို့တွေကကျတော့နို့တွေဘာတွေထည့်ပြီးတော့ချက်ကြတယ်ပေါ့နော်။ ဖြိုးကတော့ဒီတိမ်ချင်တစ်မျိုးတည်းကိုထည့်တာကိုပဲပိုကြိုက်လို့ တိမ်ချင်တစ်မျိုးတည်းကိုပဲထည့်တာဖြစ်ပါတယ်။ ကဲအခုဆိုလို့ရှိရင်တော့အရမ်းကိုစားလို့ကောင်းတဲ့ဖြိုးတို့ရဲ့ဒန်ပေါက်ထမင်းကြက်သားဟင်းလေးကတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်။ စားလို့လည်းအရမ်းကောင်းပြီးတော့လုပ်နည်းလေးကလည်းလွယ်ကူရိုးရှင်းတာမို့ ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်။ ဒါဆိုဖြိုးရဲ့နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။ အားလုံး bye bye။



