Thumbnail for ကြက်သားသုပ် စပ်စပ်လေး သုပ်နည်း by AYE MYAT PHYO

ကြက်သားသုပ် စပ်စပ်လေး သုပ်နည်း

AYE MYAT PHYO

3m 10s247 words~2 min read
YouTube auto captions
Transcript source

YouTube auto captions

This transcript was extracted from YouTube's auto-generated caption track. The transcript below is server-rendered so it can be read, searched, cited, and shared without opening the original YouTube player.

Timestamped outline
[0:00]Section 1

အားလုံးပဲ မင်္ဂလာပါရှင်။ ဒီနေ့တော့ ဖြူ က အိမ်မှာ ကြက်သားသုတ်လေး သုတ်စား ဖြစ် လို့ လာမျှဝေပေးတာ ဖြစ်ပါတယ်ရှင်။ ထမင်းပူပူလေးနဲ့ အတူတူစားရင်...

[0:16]Section 2

ဖြူက ကြက်သားသုတ်ဖို့အတွက် ကြက်ရင်အုံသား တစ်ခြမ်းကို သုံးထားပါတယ် ရင်ဦးဆုံး ရေဆေးသန့်စင်ပြီးသား ကြက်ရင်အုံသား တစ်ခြမ်းကို အိုးထဲထည့်ထားပေး...

[1:45]Section 3

အိုကေ ဖြူတို့ ကြက်သား ဆိတ်ဆွပြီးလို့ရှိရင်တော့ ဖြူတို့ စပြီးတော့ သုတ်ပေးလိုက်ပါမယ်ရှင်။ လှီးထားတဲ့ ယိုတ်တွေကို ဖြူတို့ သုံးမယ့် ပန်းကန်ထဲ...

[2:21]Section 4

သမသွားပြီဆိုလို့ရှိရင်တော့ အရသာမြည်းကြည့်ပြီးတော့ ကိုယ်စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်နော်။ အရသာကကျတော့ ကိုယ်စိတ်ကြိုက် ပေါ့နော်။ ဖြူကြတော့...

[2:44]Section 5

အိုကေ အရသာမြည်းကြည့်ပြီး စိတ်ကြိုက်ပြီဆိုလို့ရှိရင်တော့ စားပွဲပန်းကန်ထဲကို ထည့်မယ်။ ပြီးရင်တော့ သေချာလေး ပြင်ဆင်ပြီးရင်တော့ စားရုံပါပဲရှင...

Use this transcript
Related transcript hubs

[0:00]အားလုံးပဲ မင်္ဂလာပါရှင်။ ဒီနေ့တော့ ဖြူ က အိမ်မှာ ကြက်သားသုတ်လေး သုတ်စား ဖြစ် လို့ လာမျှဝေပေးတာ ဖြစ်ပါတယ်ရှင်။ ထမင်းပူပူလေးနဲ့ အတူတူစားရင် အရမ်းလိုက်ဖက်ပြီးတော့ အရမ်းလည်း စားလို့ကောင်းပါတယ်နော်။ ကဲ အဲ့ဆို မလုပ်စဖူးတဲ့သူတွေ လုပ်စားရအောင် ဖြူ့ဗီဒီယိုလေးကို ဆက်လက်ကြည့်ပေးကြပါဦးရှင်။

[0:16]ဖြူက ကြက်သားသုတ်ဖို့အတွက် ကြက်ရင်အုံသား တစ်ခြမ်းကို သုံးထားပါတယ် ရင်ဦးဆုံး ရေဆေးသန့်စင်ပြီးသား ကြက်ရင်အုံသား တစ်ခြမ်းကို အိုးထဲထည့်ထားပေးလိုက်ပါမယ်။ ပြီးတော့ ထုထားတဲ့ ဇာဘလွန် နှစ်ချောင်းကို ထည့်ပေးလိုက်ပါမယ်ရှင်။ ပြီးတော့ ရေကို ကြက်သားမြှုပ်တဲ့အထိ ထည့်ပြီးတော့ ကြက်သားအနံ့လေး ပျောက်အောင် ပေါ့နော်။ ဆားနည်းနည်းမုန့်ညှင်းနည်းနည်းထည့်ပြီးတော့ ဖြူတို့ ကြက်သွားတဲ့အထိ ပြုတ်ထားပေးလိုက်ပါမယ်နော်။ ပြီးရင်တော့ ဖြူတို့ ခရမ်းချဉ်သီးကို လာလှီးပစ်ထားလိုက်ပါမယ်နော်။ ပါးပါးလေးတွေ။ ခရမ်းချဉ်သီးကတော့ ကိုယ်ကြိုက်သလောက် ထည့်နိုင်ပါတယ်ရှင်။ ဖြူကြတော့ အစိမ်းလေးတွေရော အမှည့်တွေရော ထည့်ထားပါတယ်။ ပြီးတော့ ဂေါ်ဖီနည်းနည်းကိုလည်း ပါးပါးလေးတွေ လှီးထားပေးလိုက်ပါတယ်ရှင်။ မကြိုက်ရင် မထည့်လိုက်ရတယ် ပေါ့နော်။ ဒါက ဖြူကြိုက်လို့ ဖြူထည့်တာပါ။ ပြီးတော့ ကြက်သွန်နီ တစ်လုံးကိုလည်း ပါးပါးလေးတွေ လှီးထားပေးလိုက်ပါမယ်။ ဒီအသုတ်လေးကဆိုရင်တော့ တော်တော်လေးကို ထမင်းမြိန်ပါတယ်ရှင်။ လုပ်စားကြည့်ပါနော်။ ပြီးတော့ ညှုပ်သီးစိမ်းလေးကိုလည်း ဖြူတို့ လှီးထားပေးလိုက်ပါမယ်နော်။ ကိုယ်အစပ်စားနိုင်သလောက်။ ပြီးတော့ အနံ့လေး မွှေးစေဖို့အတွက် နံနံပင်နည်းနည်းကိုလည်း ပါးပါးလေးတွေ လှီးထည့်ပေးလိုက်ပါမယ်။ သံပုရာသီးကိုလည်း ဖြူတို့ အစိတ်သပ် လှီးထားပေးလိုက်ပါမယ်ရှင်။ တကယ်လို့ ဒီနေရာမှာ သံပုရာသီး မသုံးချင်ရင် မကျီးအနှစ်ရေကိုလည်း သုံးလို့ရပါတယ်နော်။ ကဲ ကြက်သားက တစ်ဖက်က ကျက်ပြီဆိုလို့ရှိရင်တော့ နောက်တစ်ဖက်လှည့်ပြီးတော့ ထပ်ပြီးတော့ ပြုတ်ထားပေးလိုက်ပါမယ်။ စုစုပေါင်း ကြာချိန်ဖြူ ပြုတ်ထားပေးလိုက်တာ မိနစ် ၃၀ လောက် ရှိပါတယ်ရှင်။ ပြုတ်ထားတဲ့ ကြက်သားတွေ ကျက်သွားပြီဆိုလို့ရှိရင်တော့ ဖြူတို့ ခဏလောက် အအေးခံပေးလိုက်ပါမယ်။ အေးသွားပြီဆိုလို့ရှိရင်တော့ ဖြူတို့ သေချာလေး ဆိတ်ဆွပေးထားလိုက်ပါမယ်ရှင်။ ကြက်သားလေးတွေကို။ ဒါက ဒီ မီနူးလေးက ဆိုလို့ရှိရင် အိမ်မှာ ဘာချက်ရမှန်း မသိရင် လွယ်လွယ်ကူကူ လုပ်စားလို့ရတဲ့ မီနူးလေး ပေါ့နော်။

[1:45]အိုကေ ဖြူတို့ ကြက်သား ဆိတ်ဆွပြီးလို့ရှိရင်တော့ ဖြူတို့ စပြီးတော့ သုတ်ပေးလိုက်ပါမယ်ရှင်။ လှီးထားတဲ့ ယိုတ်တွေကို ဖြူတို့ သုံးမယ့် ပန်းကန်ထဲကို ထည့်ပေးလိုက်ပါမယ်။ ပြီးတော့ ဆိတ်ဆွထားတဲ့ ကြက်သားပြုတ်ကိုလည်း ထည့်ပေးလိုက်ပါမယ်ရှင်။ ပြီးတော့ ဒီမှာ ကြက်သွန်ဖြူဆီချက်လေး နည်းနည်းထည့်ပေးထားပါတယ် အနံ့လေးမွှေးရအောင် ပေါ့နော်။ ပြီးတော့ ငါးပြာရည်နည်းနည်း၊ အချိုမှုန့်လေး နည်းနည်း၊ ပြီးတော့ ပယ်ချဉ်မှုန့်နည်းနည်း၊ ငရုတ်သီးမှုန့်ကို ကိုယ်စားနိုင်သလောက် ထည့်ပေးလိုက်ပါမယ်။ ပြီးတော့ မြို့ဆီနည်းနည်းကိုလည်း ထည့်ပေးလိုက်ပါမယ်ရှင်။ ပြီးရင်တော့ ဖြူတို့ လှီးထားတဲ့ သံပုရာသီးကို ညှစ်ထည့်ပေးလိုက်ပါမယ်နော်။ သံပုရာသီး မကြိုက်ရင် မကျီးအနှစ်ရေကိုလည်း သုံးနိုင်ပါတယ်နော်။ ပြီးရင်တော့ အကုန်လုံးကို သမတအောင် နယ်ပေးလိုက်ပါမယ်ရှင်။

[2:21]သမသွားပြီဆိုလို့ရှိရင်တော့ အရသာမြည်းကြည့်ပြီးတော့ ကိုယ်စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်နော်။ အရသာကကျတော့ ကိုယ်စိတ်ကြိုက် ပေါ့နော်။ ဖြူကြတော့ ဒီမှာ ငရုတ်သီးချဉ်မှုန့်လေး နည်းနည်းထပ်ထည့်ထားလိုက်ပါတယ်ရှင်။ ပြီးရင်တော့ အကုန်လုံးကို သမတအောင် နယ်ထည့်ထားလိုက်ပါမယ်နော်။ နယ်ရင်းနဲ့ ချဉ်ချဉ်လေးနဲ့ တော်တော်လေးကို မွှေးပါတယ်။

[2:44]အိုကေ အရသာမြည်းကြည့်ပြီး စိတ်ကြိုက်ပြီဆိုလို့ရှိရင်တော့ စားပွဲပန်းကန်ထဲကို ထည့်မယ်။ ပြီးရင်တော့ သေချာလေး ပြင်ဆင်ပြီးရင်တော့ စားရုံပါပဲရှင်။ ကဲ အခုဆိုလို့ရှိရင်တော့ အရမ်းလည်း လွယ်ကူရိုးရှင်းပြီးတော့ ထမင်းမြိန်စေမယ့် ဖြူတို့ရဲ့ ကြက်သားသုတ် မွှေးလေး က စားဖို့စစ်သဖြင့်နေပါပြီရှင်။ လုပ်နည်းလေးကလည်း အရမ်းလွယ်ကူပြီးတော့ စားလို့လည်း အရမ်းကောင်းတာမို့ ဒီဗီဒီယိုလေးက အားလုံးအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ရှင်။ ဖြူ့ရဲ့ ဗီဒီယိုလေးကို ဆုံးထဲတိုင်ကြည့်ပေးကြတဲ့ အားလုံး ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဖြူ့နဲ့ ဗီဒီယိုသစ်တွေမှာ ပြန်ဆုံကြပါဦးလို့ ပြောချင်ပါတယ်ရှင်။ ကဲ အဲ့ဆို ဖြူ့နဲ့ ဗီဒီယိုသစ်တွေမှာ ပြန်ဆုံကြမယ်နော်။ အားလုံးပဲ ဘိုင်ဘိုင်။

Need another transcript?

Paste any YouTube URL to get a clean transcript in seconds.

Get a Transcript