[0:00]ဝက်သားသုပ်ကြိုက်တဲ့သူတွေရှိလားမသိဘူး။ ဒီနေ့တော့အိမ်မှာ ဝက်သားသုပ်လေးသုပ်စားဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါ Vlog by Kyaw and Wah Channel ကနေကြိုဆိုလိုက်ပါတယ်။ ဒီနေ့တော့အိမ်မှာဝက်သားသုပ်သုပ်စားဖြစ်တာမို့လို့ ကျွန်တော်တို့ရဲ့သုပ်နည်းလေးကို ဝက်သားသုပ်ကြိုက်တဲ့သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဗီဒီယိုလေးကို ဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာ။
[0:21]ဝက်သားသုပ်သုပ်ဖို့အတွက်က ဝက်သုံးနပ်သားတပ်မျှကိုအသုံးပြုပါမယ်။ ပထမဦးဆုံးဝက်သားကိုရေနဲ့တန်အောင်လို့ နှစ်ခေါက်သုံးခေါက်လောက်ဆေးပေးလိုက်ပါမယ်။
[0:32]ရေဆေးပြီးသွားရင်တော့ ဝက်သားပြုတ်ဖို့အတွက် သုံးပိုင်းလောက်ပိုင်းလိုက်ပါမယ်။ ပိုင်းပြီးသွားပြီဆိုရင်တော့ အရသာနယ်ပါမယ်။ ချင်းမှုန့်ထည့်ပါမယ်။ ဟင်းရွက်မှုန့်နှစ်ဇွန်းလောက်ထည့်ပါမယ်။
[0:46]ဆားတစ်ဇွန်းထည့်ပါမယ်။ ပဲငံပြာရည်အကြည်ထည့်ပါမယ်။
[0:53]ပဲငံပြာရည်အနောက်ကိုတော့အရောင်ရင့်သွားမှာစိုးလို့နည်းနည်းပဲထည့်ပါမယ်။ ပြီးသွားရင်ဝက်သားထဲကိုအရသာဝင်သွားအောင်လို့သေချာလေးနယ်ပေးလိုက်ပါမယ်။
[1:08]နယ်ပြီးသွားပြီဆိုရင်တော့ပြုတ်ပါမယ်။ ပြုတ်ဖို့အတွက် ဝက်သားတွေကိုပြုတ်မယ့်အိုးထဲကိုထည့်လိုက်ပါမယ်။
[1:17]ပြီးသွားရင် ဝက်သားမြုပ်ရုံရေထည့်လိုက်ပါမယ်။
[1:22]ရေထည့်ပြီးသွားရင်တော့အဖုံးအုပ်ပြီးတော့ပြုတ်ထားလိုက်ပါမယ်။ ဝက်သားပြုတ်တာမိနစ်၂၀လောက်ရှိပြီဆိုရင်တော့အဖုံးဖွင့်လိုက်ပြီးတော့ဝက်သားတွေကိုဟိုဘက်ဒီဘက်လှန်ပေးလိုက်ပါမယ်။ တည်နီးနဲ့ရေကခမ်းလာတာဖြစ်တဲ့အတွက်ရေနည်းနည်းထပ်ထည့်လိုက်ပါမယ်။ ပြီးသွားရင်အဖုံးပြန်အုပ်ပြီးတော့ဝက်သားနူးတဲ့အထိဆက်ပြုတ်ထားလိုက်ပါမယ်။ ခန့်မှန်းမိနစ် ၄၀လောက်ပြုတ်ပြီးသွားတဲ့အချိန်မှာတော့ ဝက်သားနူးလောက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်ဒီကြာချိန်ကတော့ကိုယ့်ရဲ့ဝက်သားအနုအရင့်ပေါ်မူတည်ပါသေးတယ်။ နူးမနူးသိချာအောင်လို့ခရင်းလေးနဲ့ထိုးပြီးတော့ဆန်းကြည့်လိုက်ပါမယ်။ ခရင်းနဲ့ဆန်းလိုက်တာဝက်သားနူးနေပြီမို့လို့ ဝက်သားပြုတ်တာတော့ရပါပြီ။ ဒါဆိုအသုပ်ထဲကိုထည့်ဖို့အတွက်ကြက်သွန်ဖြူဆီချက်ချက်ပါမယ်။ ကြက်သွန်ဖြူဥအကြီးတစ်လုံးကိုအခွန်ခွာပြီးတော့ပါးပါးလေးလှီးထားလိုက်ပါမယ်။ ဒီတစ်ခါတော့ဆီချက်ကိုမိုက်ခရိုဝေ့နဲ့အလွယ်ချက်မှာပဲဖြစ်ပါတယ်။ လှီးပြီးသွားပြီဆိုရင်တော့ကြက်သွန်ဖြူတွေကိုဆီချက်ချက်မယ့်ပန်းကန်ထဲကိုထည့်လိုက်ပါမယ်။ ပြီးသွားရင် ဆီရယ်ဆနွင်းရယ်ထည့်ပါမယ်။ ဒီနေရာမှာတစ်ခုအကြံပေးလိုတာကတော့မိုက်ခရိုဝေ့နဲ့ဆီချက်ချက်မယ်ဆိုရင်တော့ပန်းကန်ပြားကြီးကြီးနဲ့ချက်တာပိုကောင်းပါတယ်။ မိုက်ခရိုဝေ့ထဲမှာ မီးအလယ်အလတ်နဲ့ခြောက်မိနစ်လောက်ချက်ပေးလိုက်ပြီဆိုရင်တော့ဆီချက်ကရပါပြီ။ အသုပ်ထဲကိုထည့်ဖို့အတွက်ဂေါ်ဖီကိုခပ်ပါးပါးလေးလှီးထားလိုက်မယ်။ လှီးပြီးသွားရင်တော့ရေနဲ့နှစ်ခေါက်သုံးခေါက်လောက်ဆေးပေးပြီးတော့ရေစစ်ထားလိုက်ပါမယ်။ ရေဆေးပြီးသွားပြီဆိုရင်တော့ဂေါ်ဖီကိုအသုပ်သုပ်မယ့်ပန်းကန်ထဲကိုထည့်လိုက်ပါမယ်။ ခရမ်းချဉ်သီးတစ်လုံးကိုလည်းရေသေချာဆေးပြီးတော့တစ်ခြမ်းခြမ်းပြီးအစေ့ထုတ်ထားလိုက်ပါမယ်။ ပြီးသွားရင် ဓားနဲ့ခပ်ပါးပါးလေးလှီးထားလိုက်ပါမယ်။ ခရမ်းချဉ်သီးလည်းရပါပြီ။ သခွားသီးကိုလည်းရေဆေးပြီးတော့ခပ်ပါးပါးလှီးထားလိုက်ပါမယ်။
[2:54]ပြီးသွားရင်သုပ်မယ့်ပန်းကန်ထဲကိုတစ်ခါတည်းထည့်ထားလိုက်ပါမယ်။ ဝက်သားသုပ်ထဲကိုကြက်သွန်နီလေးထည့်သုပ်မှာဖြစ်တဲ့အတွက်ကြက်သွန်နီတစ်ဥကိုအခွန်ခွာရေဆေးပြီးတော့ခပ်ပါးပါးလှီးထားလိုက်ပါမယ်။ ကြက်သွန်ကိုအသုပ်ထဲထည့်သုပ်ဖို့လှီးတဲ့အခါမှာတော့မလှီးခင်ဥတိုင်တွေကိုအရင်ဖယ်လိုက်ပါ။ ပြီးတော့မှပါးပါးလေးလှီးထားလိုက်ပါမယ်။
[3:12]ဝက်သားသုပ်သုပ်တဲ့အခါမှာငရုတ်ဆီနဲ့သုပ်ကြတာလည်းရှိပါတယ်။ ကျွန်တော်တို့ကတော့မကျည်းတွေနဲ့သုပ်မှာဖြစ်တဲ့အတွက်မကျည်းသီးကိုရေနွေးစိမ်ထားလိုက်တယ်။ အသုပ်ထဲကိုထည့်ဖို့အတွက်လိုအပ်တာတွေလည်းပြင်ဆင်ပြီးသွားပြီ။ ဝက်သားလည်းအေးသွားပြီဖြစ်တဲ့အတွက်ဝက်သားကိုအတုံးလေးတွေလှီးထားလိုက်ပါမယ်။
[3:31]ဒါဆိုဝက်သားလည်းလှီးပြီးပြီဆိုတော့အသုပ်စသုပ်လို့ရပါပြီ။ အစပ်အရသာအတွက်ငရုတ်သီးမှုန့်ထည့်ပါမယ်။ ငရုတ်သီးစိမ်းကြိုက်တယ်ဆိုရင်ငရုတ်သီးစိမ်းထည့်လို့ရပါတယ်။ သုပ်သုပ်တဲ့အခါမှာဆီဆီလေးဖြစ်နေအောင်လို့ပဲချက်မှုန့်ထည့်ပါမယ်။ ဟင်းရွက်မှုန့်ထည့်ပါမယ်။ ငံပြာရည်အနည်းငယ်ထည့်ပါမယ်။ မကျည်းသီးရေနွေးစိမ်ထားတာကိုပျော်သွားအောင်ဖျော်လိုက်ပြီးတော့မကျည်းရည်ရလာပြီဆိုရင်မကျည်းရည်ထည့်လိုက်ပါမယ်။ မကျည်းရည်ကတော့ကိုယ့်အချဉ်ကြိုက်တဲ့ပမာဏပေါ်မူတည်ပြီးတော့ချိန်ဆပြီးတော့ထည့်ပါခင်ဗျာ။ ဒီနေရာမှာမကျည်းသီးအချဉ်အပြင်သံပရာသီးရှိတယ်ဆိုရင်လည်းညှစ်ထည့်ပေးလို့ရပါတယ်။ ကြက်သွန်ဖြူဆီချက်ကိုတော့အဖတ်ကောဆီကောဆမ်းပေးလိုက်ပါမယ်။ လိုအပ်တာတွေထည့်ပြီးသွားပြီဆိုရင်တော့အရသာအကုန်လုံးနှံ့သွားအောင်လို့သေသေချာချာလေးနယ်ပေးလိုက်ပါမယ်။ ဝက်သားသုပ်ဆိုတာကတော့အိမ်မှာလွယ်လွယ်ကူကူလိုက်လုပ်စားလို့ရပြီးတော့အချိ်န်အများကြီးလည်းမပေးရပဲနဲ့တစ်ပွဲတည်းနဲ့ထမင်းမြိန်စေတဲ့ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်။ အိမ်မှာဟင်းချက်ဖို့အချိန်မရတာပဲဖြစ်ဖြစ် ဆီပြန်ဟင်းတွေစားရတာရိုးနေပြီပဲဖြစ်ဖြစ် ဒီဝက်သားသုပ်လေးက လုပ်တာလည်းမြန်ပြီးတော့ချဉ်ချဉ်စပ်စပ်နဲ့တကယ်ကိုစားကောင်းစေတဲ့ဟင်းတစ်ခွက်ပါပဲ။ အခုနယ်တာလည်းနှံ့သွားပြီဆိုတော့အရသာပေါ့ငံလေးတစ်ချက်မြည်းကြည့်ပါမယ်။ အရသာအဆင်ပြေသွားပြီဆိုရင်တော့ဝက်သားသုပ်လေးကစားဖို့အတွက်အဆင်သင့်ဖြစ်ပါပြီ။ ဒီအသုပ်သုပ်နည်းတွေကတော့ပုံစံအတူတူပဲဖြစ်တာမို့လို့ဝက်သားမစားဘူးဆိုရင်ဝက်သားနေရာမှာကြက်သားကိုအစားထိုးပြီးတော့သုပ်လို့ရပါတယ်။ ဒါဆိုရင်တော့ဒီနေ့သုပ်ပြသွားတဲ့ဝက်သားသုပ်နည်းလေးကအားလုံးရဲ့အကြိုက်နဲ့ထပ်တူကျမယ်လို့ယူဆပါတယ်ခင်ဗျာ။ ဗီဒီယိုလေးကို ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုမျိုးအရသာရှိတဲ့ဟင်းချက်နည်းမုန့်လုပ်နည်းတွေကို အပတ်စဉ်တနင်္လာဗုဒ္ဓဟူးနဲ့စနေနေ့ညနေ၅နာရီခွဲမှာတင်ဆက်ပေးသွားမှာမို့လို့Channelလေးကိုsubscribeလုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်။ နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် Bye Bye



