Thumbnail for စင်္ကာပူကြက်ဆီထမင်း အလွယ်ချက်နည်း | စင်္ကာပူကြက်ဆီထမင်း | ကြက်ဆီထမင်း | Singaporean chicken rice by Cooking Together with Poe

စင်္ကာပူကြက်ဆီထမင်း အလွယ်ချက်နည်း | စင်္ကာပူကြက်ဆီထမင်း | ကြက်ဆီထမင်း | Singaporean chicken rice

Cooking Together with Poe

8m 23s367 words~2 min read
YouTube auto captions
Transcript source

YouTube auto captions

This transcript was extracted from YouTube's auto-generated caption track. The transcript below is server-rendered so it can be read, searched, cited, and shared without opening the original YouTube player.

Timestamped outline
[0:00]Section 1

အားလုံးပဲ မင်္ဂလာပါရှင်။ ဒီနေ့ ဆိုင်မှာ ဝယ်စားရင် ဈေးကြီးပေးရတဲ့ စင်္ကာပူ ကြက်ဆီထမင်းကို လူတိုင်းလိုက်ချက်နိုင်အောင် ပြပြပေးမှာ ဖြစ်ပါတယ်...

[1:15]Section 2

ကြက်ပြုတ်ရည်ကို အနံ့လေး ပိုမွှေးသွားအောင်လို့ ဒါးပြားရိုက်ထားတဲ့ ဂျင်း၊ ကြက်သွန်ဖြူနဲနဲနဲ့ ကြက်သွန်မြိတ်အပင်လိုက်လေး ထည့်လိုက်ပါမယ်ရှင်။...

[2:45]Section 3

ကြက်သွန်ဖြူနဲ့ ဂျင်းအနံ့လေးလည်း မွှေးလာပြီဆိုရင်တော့ ရေဆေးပြီး ရေစစ်ထားတဲ့ ဆန်လေးတွေကို ထည့်ပါမယ်။ ဆန်ကတော့ ဆန်ချိန်ခွက်နဲ့ဆိုရင် ခြောက်ခ...

[4:39]Section 4

ပြီးရင်တော့ အပေါ်ရည် မခြောက်အောင်လို့ နှမ်းဆီလေးနဲ့ သုတ်ထားလိုက်ပါမယ်။ ဒါဆိုရင်တော့ ဒီကြက်ဆီထမင်းရဲ့ အဓိက အသက်ဖြစ်တဲ့ နူးညံ့အိစက်နေတဲ့ ကြ...

[6:36]Section 5

သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပါမယ်။ အားလုံးရောမွှေလိုက်ပြီဆိုရင်တော့ ငရုတ်သီးဆော့စ်လေးလည်း ရပါပြီရှင်။

[7:46]Section 6

ပူနေတဲ့ ကြက်ပြုတ်ရည်လေးကိုတော့ ပိုးက မုန်လာဥဖြူလေးရယ်၊ ငရုတ်ကောင်းလေးရယ်၊ ကြက်သွန်မြိတ်လေးရယ် ဖြူးပြီး အရည်သောက်လေး လုပ်ထားပါတယ်ရှင်။ ဒီန...

Pull quotes
[0:53]ကြက်အဆီခွန်နဲနဲကိုလည်း ဆီသတ်ဖို့အတွက် ကြိုလှီးထုတ်ထားလိုက်ပါမယ်။ ကြက်အဆီခွန်ကို ဆီသတ်ပြီးမှ ချက်တဲ့ ကြက်ဆီထမင်းက အရမ်းကို မွှေးပါတယ်ရှင်။
[1:15]ကြက်ပြုတ်ရည်ကို အနံ့လေး ပိုမွှေးသွားအောင်လို့ ဒါးပြားရိုက်ထားတဲ့ ဂျင်း၊ ကြက်သွန်ဖြူနဲနဲနဲ့ ကြက်သွန်မြိတ်အပင်လိုက်လေး ထည့်လိုက်ပါမယ်ရှင်။ ပိုမွှေးအောင်လို့ ဆုံးမွှေးရွက်ရှိရင် ဆုံးမွှေးရွက်လေးထည့်လို့ရပါတယ်နော်။
[1:30]ပြီးရင်တော့ ရေစထည့်ပါမယ်။ ကြက်ဆီထမင်းကို ကြက်ပြုတ်ရည်နဲ့ ချက်မှာဖြစ်လို့ ရေများများထည့်ပြီး တည်ထားလိုက်မယ်နော်။
[2:08]ပြီးရင်တော့ ဒီလို တစ်ပွက်နှစ်ပွက်ဆူရုံအပူချိန်လေးနဲ့ပဲ အဖုံးလေးအုပ်ပြီး မိနစ် ၄၀ လောက် တည်ထားလိုက်ပါမယ်ရှင်။
Use this transcript
Related transcript hubs

[0:00]အားလုံးပဲ မင်္ဂလာပါရှင်။ ဒီနေ့ ဆိုင်မှာ ဝယ်စားရင် ဈေးကြီးပေးရတဲ့ စင်္ကာပူ ကြက်ဆီထမင်းကို လူတိုင်းလိုက်ချက်နိုင်အောင် ပြပြပေးမှာ ဖြစ်ပါတယ်။ ဒီကြက်ဆီထမင်းရဲ့ စားကောင်းစေတဲ့ လျှို့ဝှက်ချက်လေးတွေကိုလည်း ချက်နည်းရင်းနဲ့ ပြပြပေးသွားမယ်နော်။ ကြက်ဆီထမင်းကောင်းကောင်းလေးကြိုက်တယ်ဆိုရင် ဒါမျိုးလေးလည်း ချက်စားကြည့်ကြရအောင်နော်။

[0:22]ကြက်ဆီထမင်းချက်ဖို့အတွက် ပိုးကတော့ ကြက်ပေါင်သုံးပေါင်သုံးထားပါတယ်ရှင်။ ကြက်ပေါင်အစား ကြက်ကို အကောင်လိုက်သုံးလည်းရပါတယ်နော်။ စင်္ကာပူ ကြက်ဆီထမင်းရဲ့ အသက်ကတော့ နူးညံ့အိစက်နေတဲ့ ကြက်သားလေးတွေပဲ ဖြစ်ပါတယ်ရှင်။ ကြက်သားလေးတွေကို သန့်စင်သွားအောင်လို့ ဆားနဲ့ပွတ်ပြီး ဆေးထားလိုက်ပါမယ်။ ဆားနဲ့ပွတ်တာက ကြက်သားမျက်နှာပြင်ကိုလည်း ချောမွတ်စေပါတယ်ရှင်။

[0:46]ပြီးရင်တော့ ရေစင်အောင် ဆေးထားလိုက်ပါမယ်။

[0:53]ကြက်အဆီခွန်နဲနဲကိုလည်း ဆီသတ်ဖို့အတွက် ကြိုလှီးထုတ်ထားလိုက်ပါမယ်။ ကြက်အဆီခွန်ကို ဆီသတ်ပြီးမှ ချက်တဲ့ ကြက်ဆီထမင်းက အရမ်းကို မွှေးပါတယ်ရှင်။

[1:05]ရပြီဆိုရင် စချက်ကြမယ်နော်။ ပြုတ်မယ့်အိုးထဲကို ကြက်သားလေးတွေ ထည့်ပါမယ်။

[1:15]ကြက်ပြုတ်ရည်ကို အနံ့လေး ပိုမွှေးသွားအောင်လို့ ဒါးပြားရိုက်ထားတဲ့ ဂျင်း၊ ကြက်သွန်ဖြူနဲနဲနဲ့ ကြက်သွန်မြိတ်အပင်လိုက်လေး ထည့်လိုက်ပါမယ်ရှင်။ ပိုမွှေးအောင်လို့ ဆုံးမွှေးရွက်ရှိရင် ဆုံးမွှေးရွက်လေးထည့်လို့ရပါတယ်နော်။

[1:30]ပြီးရင်တော့ ရေစထည့်ပါမယ်။ ကြက်ဆီထမင်းကို ကြက်ပြုတ်ရည်နဲ့ ချက်မှာဖြစ်လို့ ရေများများထည့်ပြီး တည်ထားလိုက်မယ်နော်။

[1:41]အရသာအတွက်ကိုတော့ ဆားလေး အနည်းငယ်ပဲ ထည့်ထားပါတယ်ရှင်။ ဒီကြက်ဆီထမင်းက ခပ်ပွက်ပွက်ပဲ ချက်ရတာဖြစ်လို့ ကြက်ပြုတ်ရေထဲကို ဆားလေးနဲနဲထည့်ပေးရင် ရပါပြီနော်။ ပွက်ပွက်ဆူလာပြီဆိုရင် မီးကိုစလျှော့လိုက်ပါမယ်။ ဟင်းရည်တစ်ပွက် နှစ်ပွက်ဆူရုံအနေအထားထိ လျှော့ချလိုက်ပါမယ်နော်။ အမြုပ်လေးတွေရှိရင်လည်း ခပ်ထုတ်ထားလိုက်ပါမယ်။

[2:08]ပြီးရင်တော့ ဒီလို တစ်ပွက်နှစ်ပွက်ဆူရုံအပူချိန်လေးနဲ့ပဲ အဖုံးလေးအုပ်ပြီး မိနစ် ၄၀ လောက် တည်ထားလိုက်ပါမယ်ရှင်။

[2:19]ကြက်သားပြုတ်ထားတဲ့ အချိန်မှာတော့ ကြက်ဆီထမင်းချက်ဖို့အတွက် ပြင်ဆင်ထားပါမယ်။ ဆီလေးအနည်းငယ်ထည့်ပြီးတော့ ခုနက ဖယ်ထားတဲ့ ကြက်အဆီခွန်လေးကို ထည့်ကြော်လိုက်ပါမယ်။ ကြက်အဆီခွန်နဲ့ ချက်တဲ့ ကြက်ဆီထမင်းက အရမ်းကိုမွှေးပါတယ်ရှင်။ ဒီကြက်အဆီခွန်ကတော့ လုံးဝကြော်တဲ့အထိ ကြော်စရာမလိုပါဘူးရှင်။ အနံ့လေးမွှေးလာပြီဆိုရင် နှုတ်ဆင်ထားတဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းကို ထည့်ပြီးဆီသတ်လိုက်ပါမယ်။

[2:45]ကြက်သွန်ဖြူနဲ့ ဂျင်းအနံ့လေးလည်း မွှေးလာပြီဆိုရင်တော့ ရေဆေးပြီး ရေစစ်ထားတဲ့ ဆန်လေးတွေကို ထည့်ပါမယ်။ ဆန်ကတော့ ဆန်ချိန်ခွက်နဲ့ဆိုရင် ခြောက်ခွက်ရှိပါတယ်ရှင်။ နို့ဆီဘူးနဲ့ သုံးဘူးချက်ထားပါတယ်။ အရသာအတွက် ဆားလေး အနည်းငယ်ထည့်ပါမယ်။

[3:04]ဆန်ကို အနံ့ပိုမွှေးသွားအောင်လို့ သုံးမိနစ်လောက် မွှေးချက်ထားလိုက်ပါမယ်။ ဒါဆိုရင်တော့ ကြက်ဆီထမင်းချက်ဖို့အတွက် ဆန်ကတော့ အဆင်သင့်ဖြစ်ပါပြီ။ ကြက်သားပြုတ်ထားတာ မိနစ် ၄၀ လောက်ရှိပြီဆိုရင် ကြက်သားလေးတွေက ကျက်ပါပြီ။ ကြက်ပေါင်လေးတွေကို ဆယ်ပြီးတော့ ရေခဲရေထဲမှာ ၁၀ မိနစ်လောက် စိမ်ထားလိုက်ပါမယ်။

[3:33]ကြက်သားစိမ်ထားတုန်းမှာ ခုနက ဆီသတ်ထားတဲ့ ဆန်လေးတွေကို အိုးထဲပြောင်းထည့်လိုက်ပါမယ်။

[3:43]ရေအစား ကြက်ပြုတ်ရေလေးထည့်ပြီး ချက်ကြမယ်နော်။ ကြက်ပြုတ်ရေပမာဏကတော့ ကိုယ်ထမင်းချက်နေကြ ရေပမာဏအတိုင်းပဲ ထည့်ပေးရပါမယ်ရှင်။ ပြီးရင်တော့ အပေါ်အောက် နှံ့သွားအောင် မွှေထားလိုက်ပါမယ်။ ပေါင်းအိုးထဲထည့်ပြီး ထမင်းချက်နေကြအတိုင်း ချက်ထားလိုက်ပါမယ်ရှင်။

[4:07]ကြက်သားစိမ်ထားတာလည်း ၁၀ မိနစ်လောက်ရှိပြီဆိုရင် ဆယ်ထုတ်ပြီး ရေစစ်ထားလိုက်ပါမယ်။ ကြက်သားကို ပြုတ်ပြီးတာနဲ့ ရေခဲရေထဲ သန်းစင်ရင် အသားက ခြောက်ခြောက်ကြီးမဖြစ်ဘဲ စိုစိုအိအိလေး ဖြစ်ပါတယ်ရှင်။ ကြက်ဆီထမင်းနဲ့ တွဲစားဖို့အတွက် ကြက်သားကို အရိုးထုတ်ထားလိုက်မယ်နော်။ မိနစ် ၄၀ လောက် တစ်ပွက်နှစ်ပွက်ဆူရုံလေး ပြုတ်ထားတာမို့လို့ ပေါင်းထားသလိုမျိုး နူးညံ့အိစက်ပြီးတော့ စားလို့အရမ်းကောင်းပါတယ်။

[4:39]ပြီးရင်တော့ အပေါ်ရည် မခြောက်အောင်လို့ နှမ်းဆီလေးနဲ့ သုတ်ထားလိုက်ပါမယ်။ ဒါဆိုရင်တော့ ဒီကြက်ဆီထမင်းရဲ့ အဓိက အသက်ဖြစ်တဲ့ နူးညံ့အိစက်နေတဲ့ ကြက်သားလေးရပါပြီရှင်။

[4:55]ပြီးရင်တော့ ကြက်ဆီထမင်းနဲ့ တွဲစားဖို့အတွက် အရေးကြီးတဲ့ ဆော့စ် သုံးမျိုးကို လုပ်ပါမယ်။ ငရုတ်သီး အနီမဲလေးတွေကိုတော့ ကြိတ်စက်နဲ့ ကြိတ်ထားပါတယ်ရှင်။ နှုတ်နှုတ်ဆင်ထားတဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းလေးလည်း လိုအပ်ပါတယ်ရှင်။ နှုတ်နှုတ်မဆင်ဘဲ ကြိတ်စက်နဲ့ကြိတ်လည်း ရပါတယ်နော်။ ကြက်သွန်မြိတ်လေးတွေကိုလည်း ခပ်သေးသေးလေးတွေ လှီးထားပါတယ်။ ပဲငံပြာရည်ကတော့ ဒီတံဆိပ်လေးသုံးထားပါတယ်ရှင်။ အရင်ဆုံး ကြက်သွန်ဖြူဂျင်းမွှေးဆော့စ်လေး စလုပ်ပါမယ်။

[5:22]နှုတ်နှုတ်ဆင်ထားတဲ့ ဂျင်းကို ထမင်းစားဇွန်းနဲ့ နှစ်ဇွန်းထည့်ပါမယ်။ ကြက်သွန်ဖြူကိုလည်း ထမင်းစားဇွန်းနဲ့ နှစ်ဇွန်းထည့်ပါမယ်ရှင်။

[5:32]ဆား လက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက်ထည့်ပါမယ်။ သူ့အပေါ်ကနေ ပူနေအောင်တည်ထားတဲ့ ဆီကို လောင်းချလိုက်ပါမယ်။ ပြီးရင်တော့ နှံ့သွားအောင် မွှေးထားလိုက်မယ်နော်။ ကြက်သွန်မြိတ်လေးပါ ဖြူးပေးပြီဆိုရင်တော့ ကြက်သွန်ဖြူဂျင်းမွှေးဆော့စ်လေး ရပါပြီရှင်။

[5:51]ဒုတိယတစ်မျိုးကတော့ ပဲငံပြာရည်ဆော့စ်လေး လုပ်ကြမယ်နော်။ ပဲငံပြာရည်ကို ထမင်းစားဇွန်းနဲ့ လေးဇွန်းထည့်ပါမယ်။ ကြက်ပြုတ်ရည်ကိုလည်း ထမင်းစားဇွန်းနဲ့ လေးဇွန်းထည့်ပါမယ်။ သကြားကိုတော့ လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထည့်ထားပါမယ်ရှင်။ နှမ်းဆီနံ့လေးမွှေးနေအောင်လို့ နှမ်းဆီကို ထမင်းစားဇွန်းနဲ့ တစ်ဇွန်းထည့်လိုက်ပါမယ်။ ကြက်သွန်မြိတ်လေးအနည်းငယ် ဖြူးပေးပြီဆိုရင်တော့ ပဲငံပြာရည်ဆော့စ်လေးလည်း ရပါပြီရှင်။ နောက်ဆုံးတစ်ခုဖြစ်တဲ့ ကြက်ဆီထမင်းနဲ့ အရမ်းလိုက်ဖက်တဲ့ ငရုတ်သီးဆော့စ်လေး လုပ်ပါမယ်။ ငရုတ်သီးအနီမဲလေးတွေကို ကိုယ်စားနိုင်တဲ့ ပမာဏထည့်လို့ရပါတယ်ရှင်။ နှုတ်နှုတ်ဆင်ထားတဲ့ ကြက်သွန်ဖြူကို ထမင်းစားဇွန်းနဲ့ တစ်ဇွန်းထည့်လိုက်ပါမယ်။ ရှာလကာရည်ကို ထမင်းစားဇွန်းနဲ့ နှစ်ဇွန်းထည့်ပါမယ်။

[6:36]သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပါမယ်။ အားလုံးရောမွှေလိုက်ပြီဆိုရင်တော့ ငရုတ်သီးဆော့စ်လေးလည်း ရပါပြီရှင်။

[6:50]ကဲ ကြက်ဆီထမင်းချက်ထားတာလေးလည်း ရနေပါပြီနော်။ အပေါ်အောက်နှံ့သွားအောင်လို့ ထမင်းခပ်ဇွန်းလေးနဲ့ပဲ ဖွဖွလေးမွှေထားလိုက်ပါမယ်။

[7:03]ပြီးရင်တော့ ပွဲပြင်ဖို့အတွက် ပန်းကန်လုံးလေးထဲ ထည့်ထားလိုက်ပါမယ်။

[7:11]အားလုံးအဆင်ပြေပြီဆိုရင်တော့ ပွဲပြင်လို့ရပါပြီရှင်။

[7:18]နှမ်းဆီ အနံ့မွှေးမွှေးလေးနဲ့ နူးညံ့အိစက်နေတဲ့ ကြက်သားလေးတွေ ထည့်ပါမယ်။ ငရုတ်သီးဆော့စ်၊ ကြက်သွန်ဖြူဂျင်းမွှေးဆော့စ်နဲ့ ပဲငံပြာရည်ဆော့စ်လေးလည်း ထည့်ပါမယ်။ ကြက်ဆီထမင်းနဲ့ တွဲစားဖို့အတွက် နံနံပင်နဲ့ သခွားသီးလေးလည်း ထည့်ထားပါပြီရှင်။ ကြက်သားလေးကို အရသာပိုရှိသွားအောင်လို့ ပဲငံပြာရည်ဆော့စ်လေး ဆမ်းထားလိုက်ပါမယ်။

[7:46]ပူနေတဲ့ ကြက်ပြုတ်ရည်လေးကိုတော့ ပိုးက မုန်လာဥဖြူလေးရယ်၊ ငရုတ်ကောင်းလေးရယ်၊ ကြက်သွန်မြိတ်လေးရယ် ဖြူးပြီး အရည်သောက်လေး လုပ်ထားပါတယ်ရှင်။ ဒီနည်းလေးအတိုင်း စင်္ကာပူ ကြက်ဆီထမင်းကို အိမ်မှာလုပ်စားလို့ ရပါပြီရှင်။ မိသားစုနဲ့ အိမ်မှာ တစ်ဝကြီးလုပ်စားလို့ရတော့ ပိုပြီးအဆင်ပြေတာပေါ့နော်။ ဒီကြက်ဆီထမင်းလေးက အရမ်းကိုစားလို့ကောင်းပြီး တစ်ခါစားပြီးရင် ထပ်စားချင်နေမှာမို့လို့ လိုက်လုပ်စားကြည့်ကြပါဦးနော်။ ဒီနေ့ ဗီဒီယိုလေးကတော့ ဒီလောက်ပါပဲရှင်။ အခုလိုမျိုး ဟင်းချက်နည်းလေးတွေရော မုန့်လုပ်နည်းလေးတွေပါ အမြဲတင်ပေးသွားမှာ ဖြစ်လို့ ပိုးရဲ့ Channel လေးကိုလည်း Subscribe လုပ်ပေးသွားပါဦးနော်။ အားလုံးပဲ နောက်ဗီဒီယိုကျရင် ပြန်တွေ့ပါမယ်ရှင်။

Need another transcript?

Paste any YouTube URL to get a clean transcript in seconds.

Get a Transcript