Thumbnail for ကြက်ဥဂျုံခေါက်ဆွဲကြော် အလွယ်ကြော်နည်းလေး…👩🏻‍🍳😋 by AYE MYAT PHYO

ကြက်ဥဂျုံခေါက်ဆွဲကြော် အလွယ်ကြော်နည်းလေး…👩🏻‍🍳😋

AYE MYAT PHYO

3m 59s152 words~1 min read
YouTube auto captions
Transcript source

YouTube auto captions

This transcript was extracted from YouTube's auto-generated caption track. The transcript below is server-rendered so it can be read, searched, cited, and shared without opening the original YouTube player.

Timestamped outline
[0:00]Section 1

Hello အားလုံးပဲမင်္ဂလာပါရှင် ဒီနေ့မှာကတော့ သားမပါလည်းအရမ်းစားလို့ကောင်းတဲ့ ကြက်ဥကြုံခေါက်ဆွဲကြော်နည်းလေးကို လာမျှဝေပေးတာဖြစ်ပါတယ်။ ကြော်န...

[1:13]Section 2

အသားနဲ့ကြော်တဲ့ခေါက်ဆွဲကြော်ပဲ စားနေရတာရိုးနေပြီဆိုလို့ရှိရင် အခုလိုလေး ကြော်စားကြည့်ပါရှင်။ ဒီနည်းလေးကလည်းအရမ်းစားကောင်းပါတယ်နော်။ ခေါက်...

[2:24]Section 3

အနံ့လေးမွှေးလာပြီဆိုတာနဲ့ ဖြူက ဒီအသီးအရွက်လေးတွေကိုထည့်ပြီးတော့ သမသွားအောင် မွှေထားပေးလိုက်ပါတယ်ရှင်။ အသီးအရွက်လေးတွေလည်းနွမ်းလာတဲ့အထိပေါ...

[3:32]Section 4

အပေါ့အငံကိုတော့ ကိုယ့်စိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်။ ဖြူကတော့ အရသာလုံးဝအဆင်ပြေတာနဲ့ ဘာမှတော့ထပ်ပြီးတော့မထည့်တော့ဘူးပေါ့နော်။ ကဲအရသာလည်းအ...

Pull quotes
[1:02]ပြုတ်ထားတဲ့ခေါက်ဆွဲလည်းကျက်သွားပြီဆိုလို့ရှိရင်တော့ သူ့ကိုရေအေးလေးနဲ့ နှစ်ရေသုံးရေလောက်ပေါ့နော် ဆေးချထားပေးလိုက်ပါမယ်နော်။
[3:17]ဖြူတို့မွှေသွားလိုက်တာ အားလုံးလည်းသမသွားပြီဆိုလို့ရှိရင်တော့ ဒီနေရာမှာ အရသာအပေါ့အငံကိုမြည်းပေးနိုင်ပါတယ်နော်။ ဖြူကတော့ ခေါက်ဆွဲအသားကို ခက်မမဲလေးနဲ့ ချိုချိုငံငံအရသာလေးကြော်ထားဖြစ်ပါတယ်။
Use this transcript
Related transcript hubs

[0:00]Hello အားလုံးပဲမင်္ဂလာပါရှင် ဒီနေ့မှာကတော့ သားမပါလည်းအရမ်းစားလို့ကောင်းတဲ့ ကြက်ဥကြုံခေါက်ဆွဲကြော်နည်းလေးကို လာမျှဝေပေးတာဖြစ်ပါတယ်။ ကြော်နည်းလေးကဆိုလို့ရှိရင်လည်း လွယ်ကူမြန်ဆန်ပြီးတော့ စားလို့လည်းအရမ်းကောင်းပါတယ်ရှင်။ ကဲဒါဆို လုပ်နည်းလေးကိုသိရအောင် အဖြူရဲ့ဗီဒီယိုလေးကို အဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်။ ဒါလေးတွေကတော့ ခေါက်ဆွဲကြော်မှာ ပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ အရွက်နေရာမှာကတော့ ဖြူက မုန်ညှင်းအရွက်လေးနည်းငယ်နဲ့ မုန်လာဥနီလေးနည်းငယ်ကို သုံးထားပါတယ်။ ဒီအသီးအရွက်နေရာမှာကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့အသီးအရွက်ကို ထည့်သုံးနိုင်ပါတယ်နော်။ ပြီးတော့ အသင့်လှီးထားတဲ့ ကြက်သွန်နီတစ်လုံးစားနဲ့ ဒါဗျက်ရိုက်ပြီးတော့ နှုတ်နှုတ်စဉ်ထားတဲ့ ကြက်သွန်ဖြူသုံးမွှာစားလုံးနဲ့ ကြက်ဥလေးလုံးပဲဖြစ်ပါတယ်ရှင်။ ခေါက်ဆွဲကိုတော့ ဖြူက ဒီဂျုံခေါက်ဆွဲအပြားလေးကိုသုံးထားပါတယ်။ တစ်ထုပ်စာပေါ့နော်။ ကဲပါဝင်ပစ္စည်းလည်းအဆင်သင့်ဖြစ်နေပြီဆိုလို့ရှိရင်တော့ ဖြူတို့စပြီးတော့ ခေါက်ဆွဲလေးကြော်ပေးရန်အတွက် ပွက်ပွက်ဆူတဲ့ရေနွေးအိုးထဲကို ဆားလေးနည်းနည်းကိုထည့်ပေးလိုက်တယ်။ ပြီးတာနဲ့ ဒီခေါက်ဆွဲခြောက်ကိုထည့်ပြီးတော့ ပြုတ်ထားပေးလိုက်ပါတယ်ရှင်။ ခေါက်ဆွဲကိုတော့ ဖြူက သုံးလေးမိနစ်လောက် ပြုတ်ထားပေးလိုက်ပါတယ်။

[1:02]ပြုတ်ထားတဲ့ခေါက်ဆွဲလည်းကျက်သွားပြီဆိုလို့ရှိရင်တော့ သူ့ကိုရေအေးလေးနဲ့ နှစ်ရေသုံးရေလောက်ပေါ့နော် ဆေးချထားပေးလိုက်ပါမယ်နော်။

[1:13]အသားနဲ့ကြော်တဲ့ခေါက်ဆွဲကြော်ပဲ စားနေရတာရိုးနေပြီဆိုလို့ရှိရင် အခုလိုလေး ကြော်စားကြည့်ပါရှင်။ ဒီနည်းလေးကလည်းအရမ်းစားကောင်းပါတယ်နော်။ ခေါက်ဆွဲကိုရေဆေးပြီးတာနဲ့ ရေစစ်ထားလိုက်ပါတယ်။ ရေခြောက်ပြီဆိုတာနဲ့ သူ့ထဲကိုဖြူက အသားမှုန့်နည်းနည်းရယ် ပြီးတော့ အရောင်လေးလှစေရန်အတွက် ပဲငံပြာရည်အနောက်လေးနည်းနည်းကိုထည့်ပေးတာနဲ့ ဆီနည်းနည်းကိုထည့်ပြီးတော့ သမသွားအောင် နယ်ထားပေးလိုက်ပါတယ်ရှင်။ ဖြူတို့အခုလိုမျိုးလေးနယ်ထားပေးရင်တော့ ခေါက်ဆွဲလည်းမကပ်တော့ဘူးပေါ့နော်။

[1:47]ပြီးရင်တော့ စပြီးတော့ကြော်ပေးရန်အတွက် အိုးထဲကိုဆီထည့်မယ်။ ဆီပူလာတာနဲ့ ဖြူက ကြက်ဥကိုအရင် ထပ်ကြော်ပေးထားလိုက်ပါတယ်။ ဒီကြော်မှာဖြူက အသားမသုံးထားတာဖြစ်တဲ့အတွက် ကြက်ဥကိုကျတော့ ပုံမှန်ထက်ပိုပြီးတော့ထပ်သုံးထားတယ်ပေါ့နော်။ ကြက်ဥကိုတော့ ဖြူက ၈၀% လောက်ကျက်သွားတဲ့အထိ ကြော်ထားပေးလိုက်ပါတယ်ရှင်။ ကဲအခုလိုမျိုးလေး နည်းနည်းလေးကျက်လာပြီဆိုလို့ရှိရင်တော့ ဖြူတို့ဒီကြက်ဥကိုဖယ်ထုတ်ပေးလိုက်မယ်။ ပြီးတော့ အဲ့ဒီအိုးထဲကိုပဲ ဆီလေးနည်းနည်းကိုထည့်ပြီးတာနဲ့ ကြက်သွန်ဖြူနဲ့ကြက်သွန်နီကိုထည့်ပြီးတော့ အနံ့လေးမွှေးလာတဲ့အထိ ဆီပတ်ပေးလိုက်ပါတယ်။

[2:24]အနံ့လေးမွှေးလာပြီဆိုတာနဲ့ ဖြူက ဒီအသီးအရွက်လေးတွေကိုထည့်ပြီးတော့ သမသွားအောင် မွှေထားပေးလိုက်ပါတယ်ရှင်။ အသီးအရွက်လေးတွေလည်းနွမ်းလာတဲ့အထိပေါ့နော် ခဏလောက်ကြော်သွားပေးလိုက်ပါတယ်။ ကဲဖြူတို့ကြော်သွားပေးလိုက်တာ အသီးအရွက်လေးတွေလည်းနွမ်းလာပြီဆိုလို့ရှိရင်တော့ ခဏကပြုတ်ထားတဲ့ခေါက်ဆွဲနဲ့ ကြော်ထားတဲ့ကြက်ဥကိုထည့်ပေးလိုက်ပါမယ်။ ပြီးရင်တော့ သမသွားအောင်ပြန်ပြီးတော့မွှေထားပေးလိုက်မယ်ပေါ့နော်။ ဒီကြော်လေးကတော့ လုံးဝချိုချိုငယ်ငယ်လေးကြော်ထားတယ်ပေါ့နော်။ အရမ်းမမဲလေးနဲ့ ချိုချိုငယ်ငယ်လေးကြော်ထားဖြစ်ပါတယ်ရှင်။ မွှေသွားလိုက်တာ သမသွားပြီဆိုတာနဲ့ သူ့ထဲကိုဖြူက ပဲငံပြာရည်အချိုရယ် ပြီးတော့ ပဲငံပြာရည်အနံ့နည်းနည်းရယ် အရသာမှုန့်ရယ်၊ ပဲငံပြာရည်အကြီးရယ်၊ ပြီးတော့ဆားလေးနည်းနည်းကိုထည့်ပေးလိုက်ပါတယ်ရှင်။ ကဲပြီးရင်တော့ အားလုံးကိုသမသွားအောင်မွှေထားပေးလိုက်ပါမယ်နော်။

[3:17]ဖြူတို့မွှေသွားလိုက်တာ အားလုံးလည်းသမသွားပြီဆိုလို့ရှိရင်တော့ ဒီနေရာမှာ အရသာအပေါ့အငံကိုမြည်းပေးနိုင်ပါတယ်နော်။ ဖြူကတော့ ခေါက်ဆွဲအသားကို ခက်မမဲလေးနဲ့ ချိုချိုငံငံအရသာလေးကြော်ထားဖြစ်ပါတယ်။

[3:32]အပေါ့အငံကိုတော့ ကိုယ့်စိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်။ ဖြူကတော့ အရသာလုံးဝအဆင်ပြေတာနဲ့ ဘာမှတော့ထပ်ပြီးတော့မထည့်တော့ဘူးပေါ့နော်။ ကဲအရသာလည်းအဆင်ပြေပြီဆိုလို့ရှိရင်တော့ ရပါပြီရှင်။ ဒီအထားဆိုလို့ရှိရင်တော့ ဖြူတို့ရဲ့ကြက်ဥကြုံခေါက်ဆွဲကြော်ကြော်လေးကတော့ စားလို့ရပါပြီနော်။ စားလို့လည်းကောင်းပြီးတော့ လုပ်နည်းလေးကလည်းလွယ်ကူတာမို့ ဒီဗီဒီယိုလေးက အားလုံးအတွက် အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ ဒီလောက်ပါပဲနော်။ ဒါဆိုဖြူနဲ့ဗီဒီယိုအသစ်တွေမှာ ပြန်ဆုံကြမယ်နော်။ အားလုံးပဲ Bye Bye။

Need another transcript?

Paste any YouTube URL to get a clean transcript in seconds.

Get a Transcript