[0:00]ဟယ်လို အားလုံးပဲ မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ဖြိုး က ဟို တစ်ခေါက်က သုတ်စားဖြစ်တဲ့ တိုဟူးသုတ်နီလေးကို လာမျှဝေပေးတာဖြစ်ပါတယ်။ ပထမ ဗီဒီယိုမှာတော့ ဖြိုးက တိုဟူးကြိုနည်းလေးရော တိုဟူးကြော်စားတဲ့ နည်းလေးရောပါ တင်ပြပေးပြီးလို့ ဒီ ကျန်နေတဲ့ တစ်ဝက်ကိုပေါ့နော် ပြန်ပြီးတော့ သုတ်စားဖြစ်တာလေးပဲ ဖြစ်ပါတယ်ရှင်။ ကဲ ဒါဆို လုပ်နည်းလေးကို သိရအောင် ဖြိုးရဲ့ ဗီဒီယိုလေးကို အဆုံးထိ လိုက်ကြည့်ပေးကြပါဦးရှင်။ တိုဟူးသုတ်မှာကတော့ ဖြိုးပစ္စည်းတွေ အများကြီး မထည့်ထားဘူးပေါ့နော် ဒီနေ့တော့။ ပထမဆုံး ကြက်သွန်နီ တစ်လုံးစာကို ခပ်ပါးပါးလေးတွေ လှီးထားပေးလိုက်ပါ။ ဒီတိုဟူးသုတ် ဗီဒီယိုလေးကတော့ နည်းနည်းလေးတော့ ကြာနေပြီပေါ့နော်။ ဟိုတစ်ခေါက်က ဖြိုး တိုဟူးကို ကိုယ်တိုင်ကြိုပြီးတော့ တိုဟူးကြော်တဲ့ နည်းလေး တင်ပေးပြီးတော့ပေါ့နော်။ နောက်နေ့မှာပဲ သုတ်စားဖြစ်တာလေးပဲ ဖြစ်ပါတယ်ရှင်။ ဗီဒီယိုပဲ မတင်ဖြစ်တာပေါ့နော်။ ပြီးရင်တော့ ဖြိုးတို့ ဂေါ်ဖီအနည်းငယ်ကိုလည်း ခပ်ပါးပါးလေးတွေ လှီးထားပေးလိုက်ပါမယ်ရှင်။ ဂေါ်ဖီကို လှီးပြီးတာနဲ့ ဖြိုး က ဒီရှောက်ရွက်အနည်းငယ်ကိုလည်း ခပ်ပါးပါးလေးတွေ လှီးထားပေးလိုက်ပါတယ်။ ဒီနေရာမှာ ကိုယ်က ရှောက်ရွက်နံ့ကို မကြိုက်ဘူးဆိုလို့ရှိရင် နံနံပင်ကို စားထိုးသုံးမယ်ဆိုလည်း ရပါတယ်ရှင်။ ဒီတိုဟူးသုတ်ထဲမှာကတော့ ဖြူ က ခရမ်းချဉ်သီးတို့ ဘာတို့ ထည့်ချင်လည်း ထည့်ရတယ်ပေါ့နော်။ ဖြိုး က ဒီတစ်ခေါက်မှာတော့ ဒီ ကြက်သွန်နဲ့ ဂေါ်ဖီ ပြီးတော့ ဒီ ရှောက်ရွက်ပဲ သုံးထားတယ်ပေါ့နော်။ ကဲ ပြီးရင်တော့ ဖြိုးတို့ ဟိုနေ့က ကျန်တဲ့ ဒီ တိုဟူး တစ်ဝက်စာကိုပေါ့နော်။ ဖြိုးတို့ ကိုယ်နှစ်သက်ရာ အတုံးလေးတွေ တုံးထားပေးလိုက်ပါမယ်ရှင်။ ဒီမှာဆိုလို့ရှိရင်တော့ တိုဟူးတုံးလေးက ဖြိုးရေခဲသေတ္တာထဲမှာ ထည့်ထားတော့ နည်းနည်းလေးတော့ ခဲခဲလေး ဖြစ်နေတယ်ပေါ့နော်။ ဒီဗီဒီယိုကဆိုလို့ရှိရင် တိုဟူးကြိုပြီးတဲ့နောက်ပေါ့နော်။ တစ်ဝက်ကို ဖြိုး သိမ်းထားပြီးတော့ နောက်နေ့မှာပဲ သုတ်စားဖြစ်တာလေးပဲ ဖြစ်ပါတယ်။ ဖြိုးကတော့ အခုလိုမျိုးလေး ခပ်သေးသေးလေးတွေ လှီးထားပေးလိုက်ပါတယ်။ ဒီတိုဟူးသုတ်လေးကလည်း ထမင်းပူပူလေးနဲ့ တွဲစားရင်လည်း အများကြီး လိုက်ဖက်တယ်ပေါ့နော်။
[1:39]ကဲ ဖြိုးတို့ တိုဟူးကို ကိုယ်လိုအပ်သလိုလေး လှီးပြီးပြီဆိုလို့ရှိရင်တော့ စပြီးတော့ သုတ်ပေးရန်အတွက် ဒီ လှီးဖြတ်ထားတဲ့ အသီးအရွက်လေးတွေကို ထည့်ပေးလိုက်ပါမယ်။ အရသာအတွက်ကတော့ အသားမှုန့်အနည်းငယ် ပြီးတော့ ပဲအစိမ်းမှုန့်ကို ဖြိုးတို့ ကိုယ်လိုအပ်သလောက် ထည့်ပေးလိုက်မယ်။ ပြီးတော့ ငရုတ်သီးအကြမ်းမှုန့်ရယ် ငါးပြာရည် ပြီးတော့ မန်ကျည်းမှည့်ရည်လေး အနည်းငယ်ကို ထည့်ပြီးတော့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီဆီချက်လေးကိုပါ ဖြိုးတို့ ကိုယ်လိုအပ်သလောက် ထည့်ပေးလိုက်ပါမယ်ရှင်။ ကဲ ပြီးရင်တော့ အားလုံးကို သမသွားအောင်ပေါ့နော်။ ဖြိုးတို့ နယ်သွားပေးလိုက်ပါမယ်။ ခပ်ဖွဖွလေးပေါ့နော်။ အားလုံးကို နယ်သွားအောင် သုတ်သွားပေးလိုက်ပါမယ်ရှင်။ ဒီမှာဆိုလို့ရှိရင် ဖြိုးကြိုတာ ပဲအစိမ်းမှုန့် နှစ်ထုပ်စာပေါ့နော်။ ဒီ နှစ်ထုပ်စာဆိုလို့ရှိရင် အများကြီး ရပါတယ်။ တစ်ဝက်ကို ကျတော့ ဖြိုးကြော်စားပြီးတော့ ဒီတစ်ဝက်ကို ကျတော့ သုတ်စားတာပေါ့နော်။ ဒီသုတ်တာဆိုလို့ရှိရင်လည်း အများကြီး ရပါတယ်။
[2:30]ကဲ ဖြိုးသုတ်သွားပေးတာ သမသွားပြီးဆိုလို့ရှိရင်တော့ အရသာ ပေါ့ငံကို မြည်းပေးလိုက်ပါမယ်နော်။ ဖြိုးကတော့ သူ့ထဲကို ငါးပြာရည်အနည်းငယ်နဲ့ ဒီ မန်ကျည်းမှဲ့ရည်လေး အနည်းငယ်ကို ထပ်ထည့်ပေးထားပါတယ်ရှင်။ ပြီးရင်တော့ အားလုံးကို သမသွားအောင် ပြန်ပြီးတော့ သုတ်သွားပေးလိုက်မယ်ပေါ့နော်။ ကဲ အားလုံးလည်း သမပြီးတော့ အရသာလည်း လုံးဝ အဆင်ပြေပြီဆိုလို့ရှိရင်တော့ ရပါပြီနော်။ ဒီနေ့ဟာဆိုလို့ရှိရင်တော့ ဖြိုးတို့ရဲ့ တိုဟူးသုတ်မှုန့်လေးကတော့ စားလို့ရပါပြီရှင်။ စားတော့မယ်ဆိုလို့ရှိရင်တော့ ဖြိုးတို့ စားမယ့်ပန်းကန်ထဲကို ထည့်မယ်။ ပြီးရင်တော့ ဒီအတိုင်းလေးပဲ စားစား ထမင်းပူပူလေးနဲ့ ပဲ တွဲစားစား စားလို့ရပါပြီနော်။ ကဲ အခုဆိုလို့ရှိရင်တော့ လွယ်ကူ မြန်ဆန်ပြီးတော့ စားလို့ကောင်းတဲ့ ဖြိုးတို့ရဲ့ တိုဟူးသုတ်လေးကတော့ စားဖို့ အသင့်ဖြစ်နေပါပြီရှင်။ လုပ်လို့လည်း ကောင်းပြီးတော့ လုပ်နည်းလေးကလည်း လွယ်ကူတာမို့ ဒီဗီဒီယိုလေးက အားလုံးအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကဲ ဒီနေ့ရဲ့ ဗီဒီယိုလေးကတော့ ဒီလောက်ပါပဲနော်။ ဒါဆို ဖြိုးရဲ့ နောက် ဗီဒီယိုသစ်တွေမှာ ပြန်ဆုံကြမယ်နော်။ အားလုံးပဲ ဘိုင်ဘိုင်



