[0:00]အားလုံးပဲ မင်္ဂလာပါရှင်။ ဒီနေ့ ရန်ကုန်ခေါက်ဆွဲသုတ်လေး လုပ်စား ဖြစ်တာနဲ့ လုပ်နည်းလေး လာမျှဝေပေးတာဖြစ်ပါတယ်ရှင်။ ခေါက်ဆွဲသုတ် ရဲ့ အဓိက အသက်ဖြစ်တဲ့ မကျည်းဆော့စ်လေးနဲ့ ဆီချက်လေး ကြိုလုပ်ထားရုံနဲ့ ကို အချိန်မရွေး အလွယ်တကူ သုတ်စားလို့ ရတယ်နော်။ ကဲ မနက်စာ ခေါက်ဆွဲသုတ်ကောင်းကောင်းလေး လိုက်လုပ်စားကြရအောင်နော်။ အရင်ဆုံး ခေါက်ဆွဲသုတ် ထဲ ထည့်ဖို့ အတွက် လိုအပ်တဲ့ တိုဦးလေး ကို ကိုယ်တိုင်ကြိုလိုက်ပါမယ်နော်။ ပိုး က တော့ ဒီမွှေးယားထပ်တဲ့ ပဲအစိမ်းမှုန့် တစ်ထုပ်ကို သုံးထားပါတယ်ရှင်။ အရင်ဆုံး အမှုန့်လေး တွေ ကို ဇကာနဲ့ ဆစ်ချလိုက်ပါမယ်။ ပြီးရင် အရသာ အတွက် ဆား အနည်းငယ် ထည့်ပါမယ်။ အရောင်လေး လှအောင် လို့ ဆနွင်းမှုန့်လေးပါ အနည်းငယ် ထည့်လိုက်ပါမယ်ရှင်။ ပြီးရင်တော့ ရေ ၃၀၀ မဲ ထည့်ပြီးတော့ မွှေထားလိုက်ပါမယ်နော်။ ပဲမှုန့်လေးတွေ အားလုံးပျော်တဲ့ အထိ မွှေထားပေးရပါမယ်ရှင်။ တိုဦးစကြိုဖို့ အတွက် ရေနွေးလေး တည်လိုက်ပါမယ်။ ရေကိုတော့ ၄၅၀ မဲ လောက် ထည့်လိုက်ပါမယ်နော်။ ရေ ပွက်ပွက်ဆူခါနီး ဘူပေါင်းလေး တွေ ထလာပြီ ဆိုရင် ခုနက ဖျော်ထားတဲ့ ပဲအစိမ်းမှုန့်ကို ဇကာလေးနဲ့ ဆစ်ပြီး ထည့်လိုက်ပါမယ်ရှင်။ ပြီးရင်တော့ မီးအလယ်အလတ်လေးနဲ့ပဲ ဇာတ်တိုက်မွှေထားပေးလိုက်ပါမယ်။
[1:35]တိုဦးကြိုတဲ့ အခါ နာနာမွှေလေ ပိုကောင်းလေပါပဲရှင်။ ကဲ ဒီလို အနေအထားလေး ရပြီ ဆိုရင်တော့ အအေးခံမယ့် ပန်းကန် ထဲကို ဆီလေး အနည်းငယ် သုတ်ပြီး ပဲအနှစ်လေး တွေ လောင်းထည့်လိုက်ပါမယ်။
[1:56]ပြီးရင်တော့ တစ်နာရီခွဲ နှစ်နာရီ လောက် အအေးခံထားလိုက်ပါမယ်နော်။ ခေါက်ဆွဲသုတ်ထဲ ထည့်ဖို့ အတွက် ဆီချက်ဆီဝါလေး လုပ်ပါမယ်။ အိုး ထဲမှာ ဆီပူလာပြီ ဆိုရင် ပန်းပန်းလှီးထားတဲ့ ကြက်သွန်ဖြူလေး တွေ အရင်ထည့်ကြော်လိုက်ပါမယ်။ မီးအလယ်အလတ်လေး သုံးပြီး ပဲ ကြော်ထားလိုက်မယ်နော်။ ကြော်လာလိုက်တာ ကြက်သွန်လေး တွေ က အဝါရောင် ပြောင်းလာပြီ ဆိုရင် ဆနွင်းလေး အနည်းငယ် ထည့်လိုက်ပါမယ်ရှင်။
[2:27]ဒီလို အနေအထားလေး ရပြီ ဆိုရင်တော့ ဆယ်ထုတ်လိုက်ပါမယ်နော်။ ကြော်ပြီးသား ကြက်သွန် တွေ က ဆီဘူး ထဲမှာ ရောထည့်လိုက်ရင် ပျော့သွားတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကြက်သွန်ကြော် သက်သက် အအေးခံပြီး မှ ဆီထဲ ပြန်ထည့်ပေးလိုက်ပါမယ်နော်။ ကဲ ခေါက်ဆွဲသုတ် ရဲ့ အသက်ဖြစ်တဲ့ မကျည်းဆော့စ်လေး ချက်ပါမယ်။ ရေဆေးထားတဲ့ မကျည်းမဲ တစ်ဆယ်သား ထည့်လိုက်ပါမယ်ရှင်။ ချိုချဉ် အရသာလေး ဖြစ်အောင် လို့ ထန်းညက် ကို ၇ ကျပ်သားလောက် ထည့်လိုက်ပါမယ်နော်။ ပြီးရင်တော့ ရေ ၅၀၀ မဲ ထည့်ပြီး တည်ထားလိုက်ပါမယ်ရှင်။ ထန်းညက်နဲ့ မကျည်းသီးလေးတွေ အားလုံးပျော်သွားပြီဆိုရင် ဇကာလေးနဲ့ ပြန်ဆစ်ထားလိုက်ပါမယ်။ ပြီးရင်တော့ ခပ်ပြစ်ပြစ်လေး ဖြစ်အောင် လို့ ပြန်တည်ထားလိုက်မယ်နော်။ ငရုတ်ဆီ ကို ဟင်းခတ် ဇွန်းနဲ့ ၂ ဇွန်း ထည့်ပါမယ်။ ဆားလေး အနည်းငယ် ပါ ထည့်ထားလိုက်ပါမယ်။ ကျိုလာလိုက်တာ ခပ်ပြစ်ပြစ်လေး ဖြစ်လာပြီဆိုရင်တော့ ဆော့စ်လေး လည်း ရပါပြီရှင်။ ဒီဆော့စ်လေး က ၁၀ ပွဲ ၁၂ ပွဲစာလောက်တော့ ရပါတယ်နော်။ ကို က တစ်ရက်တည်းနဲ့ စားလို့ မကုန်ဘူး ဆိုရင် ရေခဲသေတ္တာ ထဲထည့်ပြီး သိမ်းထားလို့ လည်း ရပါတယ်ရှင်။ အသုတ် ထဲ ထည့်ဖို့ အတွက် ပဲပင်ပေါက်လေးတွေ ကို ၁၅ စက္ကန့် လောက် ရေနွေးဖျော်လိုက်ပါမယ်။ ပြီးရင်တော့ ရေပြန်စစ်ထားလိုက်မယ်နော်။ အာလူးလေး တွေ ကို လည်း အကျက်မြန်အောင် လို့ ၄ စိတ် စိတ်ပြီး ပြုလိုက်ပါမယ်ရှင်။ အိမ်မှာ ပဲပြားလေးတွေ လည်း ရှိနေတာနဲ့ ပဲပြားလေးတွေ လည်း ထည့်ကြော်လိုက်ပါမယ်။ ပဲပြားကြော်ထားတာလေး တွေ လည်း ကျက်ပြီ ဆိုရင် ပြန်ဆယ်ထုတ်ထားလိုက်ပါမယ်နော်။ အခု ဆိုရင် အအေးခံထားတဲ့ တိုဦးလေးတွေ လည်း ရနေပါပြီနော်။
[4:28]အသုတ် ထဲ ထည့်ဖို့ အတွက် ခပ်သေးသေး တွေ လှီးလိုက်ပါမယ်ရှင်။ ဒီ တိုဦးလေး တွေ က တိုဦးသုတ် သုတ်စားရင် လည်း ကောင်းပါတယ်နော်။
[4:43]ဒါကတော့ ပြန်ရောထားတဲ့ ဆီချက်ဆီဝါလေးပါ။ လိုအပ်တဲ့ တိုဦး၊ ပဲပြား၊ ဂေါ်ဖီ၊ သခွားသီး၊ ရှောက်ရွက်၊ အာလူး၊ အချဉ်ရည်နဲ့ ပဲပင်ပေါက်တို့ ကို အဆင်သင့် ပြင်ထားလိုက်မယ်နော်။ ခေါက်ဆွဲကတော့ ဒီခေါက်ဆွဲလေးကို သုံးထားပါတယ်ရှင်။ အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် စသုတ်ကြပါမယ်နော်။ သုတ်မယ့် ခေါက်ဆွဲလေး ကို အရင် ထည့်လိုက်ပါမယ်။ ပါဝင်ပစ္စည်းလေးတွေ ဖြစ်တဲ့ ပဲပြား၊ တိုဖူး၊ ဂေါ်ဖီ၊ သခွားသီး၊ အာလူး၊ ရှောက်ရွက် တို့ကို ထည့်ပါမယ်။ ပဲ အကျပ်မှုန့်၊ ငရုတ်သီး အကျပ်မှုန့် နဲ့ ဟင်းချိုမှုန့် အနည်းငယ် လည်း ထည့်လိုက်ပါမယ်ရှင်။ အငန် အရသာ အတွက် ကီမှုန့်ငန်ပြာရည်လေး လည်း ထည့်ပါမယ်။ သက်သက်လွတ် သုတ် မယ် ဆိုရင် ကင်းမှုန့်ငါးပြာရည် အစား ဆားထည့်လို့ ရပါတယ်ရှင်။ ချက်ထားတဲ့ ဆီချက်ဆီလေး လည်း ထည့်ပါမယ်။ ပြီးရင်တော့ ဆော့စ်လေး ကို ၃ ဇွန်း လောက် ထည့်လိုက်ပါမယ်နော်။ အသုတ် ကို ခပ်ရွှဲရွှဲလေး စားချင်တယ် ဆိုရင်တော့ ဆော့စ်ပို ထည့်လို့ ရပါတယ်ရှင်။ ကဲ အားလုံး ထည့်ပြီးပြီ ဆိုရင် နယ်အောင်နယ်ထားလိုက်ပါမယ်ရှင်။
[5:55]ကဲ အခုဆိုရင်တော့ ချဉ်ငံစပ် ရန်ကုန် ခေါက်ဆွဲသုတ်လေး ရပါပြီရှင်။ ဒီခေါက်ဆွဲသုတ်လေးနဲ့ တွဲစားဖို့ ဘူးဒီဟင်းချိုလေး လည်း ချက်ထားပါနော်။ ပိုးတဲ့ ဆော့စ်လေးနဲ့ ဆီချက်ဆီလေး လည်း ရှိပြီဆိုရင်တော့ နောက်ရက်တွေမှာ မနက်စာ ခေါက်ဆွဲသုတ်လေး အလွယ်တကူ သုတ်စားလို့ ရပါပြီရှင်။ ဒီနေ့ ဗီဒီယိုလေးကတော့ ဒီလောက်ပါပဲရှင်။ ခုလိုမျိုး ဟင်းချက်နည်းလေး တွေ ရော မုန့်လုပ်နည်းလေး တွေပါ အမြဲတင်ပေးမှာ ဖြစ်လို့ ပိုးရဲ့ ချန်နယ်လေးကို လည်း Subscribe လုပ်ပေးသွားပါဦးနော်။ အားလုံးပဲ နောက်ဗီဒီယို ကျရင် ပြန်တွေ့ပါမယ်ရှင်။



