Thumbnail for #အရက်ပုလင်းထဲကသရဲ#အရက်နဲ့အမှား by Ghost City Channels (တစ္ဆေမြို့တော်)

#အရက်ပုလင်းထဲကသရဲ#အရက်နဲ့အမှား

Ghost City Channels (တစ္ဆေမြို့တော်)

15m 31s2,216 words~12 min read
Auto-Generated

[0:05]မင်္ဂလာပါရှင် ။ ကိုယ်စီးတီး တစ္ဆေမြို့တော် ချန်နယ် က နေ အားလုံးကို ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီချန်နယ် က နေ ပရိသတ်များအတွက် ခြောက်ခြားဖွယ်ရာ ပရလောက ဇာတ်လမ်းကောင်းတွေကို တင်ဆက်ပေးနေပါတယ်။ ဒီနေ့မှာတော့ စာရေးဆရာ မြို့ကို အလင်္ကာ ရဲ့ အရက်နဲ့ အမှား ဆိုတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပါ။ ဟုတ်ကဲ့ ဇာတ်လမ်းလေး မစတင်ခင် မှာ တော့ ကျွန်မတို့ရဲ့ ချန်နယ်ကို Like ကန် Subscribe လေး လုပ်ပေး ဖို့ တောင်းဆိုချင်ပါတယ်။ ဘေးနား ခေါင်းလောင်းလေး ပါ နှိပ်ပေးခဲ့ ပါဦးနော်။ ကျေးဇူးတင်ပါတယ် ရှင်။ ဇာတ်လမ်းလေး စတင်လိုက်ပါ တော့ မယ် ရှင်။ ကိုအောင်မြတ် ရှင် ဒါ ဘယ်ကို သွား မလိုလဲ ။ ဝတ်ကောင်း စားလှ တွေ ဝတ်ပြီးတော့ ငါ ရွာထဲ ခဏ သွားမလို့ ပါ။ သူငယ်ချင်း တွေ နဲ့ ချိန်းထားတာ လေး ရှိလို့။ အော် တော ကောင်မ ဆီ သွား မယ် ဆို သွား မယ် ပြောစမ်းပါ တော့။ ကျုပ် မသိတာ မှတ်လို့။ ဟာကွာ ဒီမိန်းမ ဘာဖြစ်နေတာလဲ။ ပါးစပ်က တပြစ်တောက်တောက်နဲ့။ အဲ့ဒါကြောင့် ငါ အိမ်မှာ နေရတာ စိတ်ဆင်းရဲတာ။ အော် ရှင်က အခု တော့ ဒီစကား ပြောပြီ ပေါ့ ဟုတ်လား။ ရှင့်ကို ဒီလို အကျင့်ဆိုး တွေ ရှိမယ် မှန်း မသိလို့ ယူခဲ့ မိတာ။ ကျွန်မ မှားတယ်။ မှားတာ မှာ ပြင်လို့ မရအောင် ကို မှားတာ။ ဟာ ပြောလေ ဆူလေ ကွာ။ ဒီမိန်းမ တော့ ငါ လုပ်ရင် သေတော့ မယ်။ အော် တော် က ကျုပ်ကို ရိုက် မလို ပေါ့ ဟုတ်လား။ ရိုက် ရဲ ရိုက်ကြည့်စမ်း။ အသက်ချင်း လဲပစ် လိုက် မယ်။ မိဘက တောင် လက် နဲ့ မရွယ်ဖူးတာ။ တော ကောင်မ လို ငြိမ်ခံနေမယ် မထင် နဲ့။ ဟာကွာ နားညည်းလိုက်တာ။ အဲ့ဒါကြောင့် အိမ် မှာ မနေချင်တာ။ သွား သွား ဘယ်တော့ မှ ပြန် မလာနဲ့။ အဲ့ဒါက တော့ ကိုအောင်မြတ် နဲ့ မသန်းနီ တို့ရဲ့ နေ့စဉ် ဖြစ်ပျက်နေတဲ့ ရန်ပွဲ တစ်ခု ပဲ။ ကိုအောင်မြတ် နဲ့ မသန်းနီ အိမ်ထောင်သက် က ရှစ်နှစ် ခန့် ရှိပြီ။ ပြဿနာ စ ဖြစ်ရတာက ကိုအောင်မြတ် နောက်မယား ငယ် ထားခြင်း က နေ စတယ်လို့ ပြောရ မယ်။ ကိုအောင်မြတ်က အရင်တုန်းက အသောက်အစား ကင်းပြီးတော့ ရိုးသားသူလို့ဆိုပြီးတော့ လယ်စရင်းငှားဝင်း လုပ်တဲ့ လယ်ပိုင်ရှင် မသန်းမိ အဖေကနေ သဘောကျပြီးတော့ ပေးစားခဲ့ခြင်း ဖြစ်တယ်။ ကိုအောင်မြတ်က လည်း ယောက္ခမ ကျေနပ်လောက်အောင် နေထွက်ကနေ နေဝင်အထိ အလုပ်ကြိုးစား လုပ်ကိုင်သူ။ အဲ့ဒီလို နေလာရင်း က နေ လွန်ခဲ့တဲ့ တစ်နှစ် ခန့် က မသန်းနီ ရဲ့ ဖခင်ကြီး ဆုံးပါးသွားပြီး ကိုအောင်မြတ် တစ်ယောက် မသန်းနီ ဖခင် ရှိစဉ် က မြုပ်ကွယ် နေတဲ့ ဇာတိ က ပြလာတော့တယ်။ နေ့တိုင်း အလုပ် ပင်ပန်း တယ် လို့ အကြောင်းပြ ပြီး အရက်သောက်တတ်တယ်။ အဲ့ဒီက နေ တစ်ဆင့် တစ်ဖက် ရွာ က မိန်းမ တစ်ယောက် နဲ့ အောင်မြ ဖြစ်နေကြတယ် ဆိုတဲ့ သတင်း ကို မသန်းနီ ကြားလာရ တော့ တယ်။ အဲ့ဒီ ကိစ္စကြောင့် ပဲ နေ့စဉ် ရန်စ ရန် ဖြစ်နေရ တယ်။ မသန်းနီ က ကွဲကွာ ဖို့ အထိ စဉ်းစား ပေမယ့် ငါးနှစ် အရွယ် လူမမယ် သားလေး မျက်နှာကို ထောက်ပြီး သည်းခံ နေရ တယ်။ အောင်မြ တစ်ယောက် ညနေစောင်း ပါ တော့ တစ်ဖက် ရွာ က သူ နဲ့ တိတ်တိတ် ချိန်းညား နေတဲ့ မုဆိုးမလေး အိမ် ကို ထွက်လာခဲ့ တယ်။ ရွာထိပ် အရက်ဆိုင် မှာ အရက် တစ်ပိုင် လည်း အကုန် အနည်းငယ် လည်း မှောင် တန်းလာတော့ အမှောင် ကို အကာအကွယ် ယူပြီး သူ နဲ့ ဖြစ်နေတဲ့ မုဆိုးမလေး အိမ် ကို သွားလိုက် တော့ တယ်။ သူ့ ကောင်မလေး နဲ့ ပျော်ပါး ပြီး အိမ် ပြန်လာတော့ ည ၁၀ နာရီ ခန့် ရှိနေပြီ။ ရွာလယ် လမ်း မှာ တစ်နေရာ ရောက်တဲ့ အချိန် လူများ စုစုရုံးရုံး ဖြစ်နေတာကြောင့် မရောက် မလည် သွားရောက် စုံစမ်းကြည့်လိုက်တော့ နွားနှစ်ကောင် ဝှေ့ကြ ရင်း တစ်ကောင် က အရှိန်လွန် ပြီးတော့ ရေတွင်း ထဲ ပြုတ်ကျ သေပြီး မပုပ် သိုး မီ ညတွင်းချင်း ခုတ်ထစ် ပိုင်းဖြတ် နေကြခြင်း ဖြစ်တယ်။ အောင်မြ က အဲ့ဒီ မြင်ကွင်း ကို ကြည့်ပြီး အတော် ပျော်သွား တယ်။ သူက အမဲသား အတော် ကြိုက်တဲ့ သူ ဖြစ်တော့ ရွာ မှာ အသားက ကြုံကြိုက် မှ တစ်ခါတစ်လေ စားရတာ။ အားလုံးက လယ်သမား တွေ ဖြစ်တာကြောင့် နွား ကို ကျေးဇူးရှင် အဖြစ် သဘောထားပြီး သတ်သူ မရှိသလောက် ပဲ။ အခုလို မတော်တဆ သေသွား မှ သာ စားသောက်ကြ တာ များတယ်။ အဲ့ဒါကြောင့် အောင်မြ လည်း သူ ကြိုက်တဲ့ အမဲသား မစားရတာ ကြာလို့ အမဲသား နှစ်ပိဿာ ခန့် ဝယ်ယူပြီးတော့ တစ်ဆက် ထဲ မှာ ပဲ အရက် တစ်လုံး ဝယ်ပြီး မော့ သောက် ရင်း နဲ့ အိမ် ရှိရာ ကို လျှောက်လာတော့ တယ်။ ညက တစ်ချမ်းပဲ့ လ လေး အလင်း နဲ့ ပတ်ဝန်းကျင် က တော့ မှောင်ဝါးဝါး နဲ့ ရှိနေတယ်။ ကိုအောင်မြတ် အတွက်က တော့ လ မသာ ရင်တောင် မှ ကိစ္စ မရှိဘူး။ သူက ညအမှောင် အတွင်း မှာ ပဲ ဒီ လမ်း ခရီးကို သွားလာနိုင်သူ။ ဘာလို့ လဲ ဆိုတော့ ဒီ လမ်း ခရီး တွေ က သူ ငယ်စဉ် ကတည်းက သွားလာ နေကြ။ လက်တစ်ဖက် က သွေး တစ်စက်စက် နဲ့ အမဲသားတွဲ ကို ကိုင်ပြီး တခြား လက်တစ်ဖက် က တော့ အရက်ပုလင်း ကို ကိုင်ပြီး အရက် တစ်မော့မော့ လိုက် ခရီး ဆက်လိုက် နဲ့ အောင်မြ တစ်ယောက် အာလေး ရှာလေး နဲ့ သီချင်း တစ်ပုဒ် ကို တီးဆို ပြီး အိမ် ကို ပြန်လာ နေတာ ခရီး တော်တော် တောင် ရောက်လာခဲ့ ပြီ။ ရွာနှစ်ရွာ ကြား မှာ သုဿန်ကုန်း တစ်ခု ရှိပြီး လမ်းက လည်း အဲ့ဒီ သုဿန်ကုန်း ဘေး က နေ ဖောက်လုပ် ထားတယ်။ သုဿန်ကုန်း က မပြေ မဝေတဝါး လရောင်လေး နဲ့ မှတ်တိုင်များ ထိုးထိုးထောင်ထောင် နဲ့ ညဘက် တစ်ယောက်တည်း အဲ့ဒီနေရာ ကို ရောက်လာသူ အဖို့ ကြောက်လန့်ဖွယ်ရာ ပဲ။ အောင်မြ က တော့ သရဲ မကြောက်တတ်သူ တစ်ယောက်။ ညဘက် မှာ လည်း အခု လမ်းက အမြဲတမ်း သွားလာဖူး တာကြောင့် သုဿန်ကုန်း ဘေး ရောက် ပေမယ့် ထူးပြီးတော့ ကြောက်လန့်စိတ် မဖြစ်မိ ဘူး။ အဲ့ဒီ အချိန် မှာ ပဲ ဟင် ဘယ်က လက် လဲ ကွ့ ကဲ ကွာ သူ့ လက်ထဲ မှာ ကိုင်ထားတဲ့ အမဲသားတွဲ တင်းခနဲ ဖြစ်သွားခြင်း နဲ့ အတူ လက်မဲကြီး တစ်ဖက် က အသားတွဲ ကို လာရောက် ဆွဲတာ ကြောင့် အောင်မြ လည်း စိတ်တိုတို နဲ့ လက်က ပုလင်း နဲ့ အဲ့ဒီ လက် ကို ရိုက်ချလိုက် တော့ အဲ့ဒီ လက် လည်း ပြန် ပျောက်သွား တယ်။ ဟင်း အသား ကျွေး ပါ။ အရမ်း စားတယ်။ ဟင် လူမဲကြီး တစ်ယောက် က သုဿန် အထဲ က နေ ညည်းသံပြု ပြီး ထွက်လာ ရင်း အောင်မြ ထံ က နေ အမဲသား တောင်းနေခြင်း ဖြစ်တယ်။ အောင်မြ တစ်ယောက် အဲ့ဒီ လူသရဲ ရုပ် ကို မြင်လိုက်ရတဲ့ အခါ ကြက်သီး မွေးညှင်းများ ထပြီးတော့ အနည်းငယ် ထိတ်လန့် သွား ပေမယ့် လည်း သရဲ တစ္ဆေ မကြောက်လန့် ဖူးပြီး စိတ်တိုသွား မိ တယ်။ ငါ စား ဖို့ ဝယ်လာတာ ဘာလို့ ကျွေးရ မှာ လဲ။ မကျွေးနိုင်ဘူး ကွာ မကျွေးနိုင်ဘူး။ လက် အတွင်း က အမဲသားတွဲ ကို အဲ့ဒီ ကောင်ကြီး က နောက် တစ်ကြိမ် လာလု တာ ကြောင့် အောင်မြ လည်း စိတ်တိုတို နဲ့ အမဲသားတွဲ ကို ဘေး ချလိုက် ရင်း ပါးစပ် က နေ အော်ဟစ် ဆဲ ဆိုပြီး အဲ့ဒီ ကောင်ကြီး ဆီ ပြေးဝင် ထိုးလိုက် တော့ တယ်။ အောင်မြ အနည်းငယ် အံ့ဩသွား တယ်။ သူ့ လက်သီး တွေ က အဲ့ဒီ ကောင်ကြီး ကို ထိုးမိ ရဲ့ အခါ မှာ ဖွဲအိတ် ကို ထိုးနေရ သလို ခံစားမိ တာ ကြောင့် အဲ့ဒီ အချိန် မှာ အဲ့ဒီ ကောင်ကြီး က တစ်ချက် ပြန်ထိုးလိုက်တဲ့အခါ အောင်မြ ရဲ့ နဖူး ကို လက်သီးကျပ် ထိပြီးတော့ အောင်မြ တစ်ယောက် တစ်ကိုယ်လုံး မူးဝေပြီး မြေပြင် ပေါ် ကို ဟန်မဆောင်နိုင် ဘဲ လဲကျသွား တယ်။ မူးဝေ နေတဲ့ ကြား က နေ ပြန်ထဖို့ ကြိုးစား တဲ့ အချိန် မှာ အဲ့ဒီ ကောင်ကြီး က အောင်မြ အနီး ကို ရောက်လာပြီး အောင်မြ ကိုယ်တွင်း ကို အတား အဆီးမဲ့ တိုးဝင်ပြီး ပူးကပ်လိုက် တော့ တယ်။ အောင်မြ တစ်ကိုယ်လုံး ဆပ်ခနဲ တစ်ချက် တုန်ပြီး အသိစိတ် တွေ ကင်းလွတ်သွား တယ်။ အဲ့ဒီ နောက် မှာ တော့ အမဲသားတွဲ ချထားရာ နေရာ ကို တောင့်တောင့်ကြီး လျှောက်သွားပြီး အမဲသား တွေ ကို သွေး တစိမ့်စိမ့် နဲ့ အစိမ်း လိုက် ကိုက်စားလိုက် တော့ တယ်။ အမဲသား နှစ်ပိဿာ က ခဏ အတွင်း ကုန်သွား တယ်။ အောင်မြ ကြောင်စိစိ မျက်ဝန်း တွေ နဲ့ နှုတ်ခမ်း တစ်ဝိုက် ပေကျန် နေတဲ့ သွေး တွေ ကို တစ်ချက် သုတ်ပြီး သူ့ အိမ်ဘက် ကို တောင့်တောင့်ကြီး လျှောက်လာတော့ တယ်။ မသန်းနီ တစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော် နေတာ က နေ သူ့ အိမ်အောက် ကြက်ခြံ ထဲ က နေ ကြက် တွေ တစ်ခုခု ထိတ်လန့်ပြီး အော်ဟစ် နေသံ ကြောင့် သူခိုး ကပ်တာ လား တောကောင် တစ်ကောင်ကောင် ကပ်နေတာ လား ဆိုပြီး စိတ်က ထင်နေမိ တယ်။ ဟင် ကြက်ခြံ ကို သူခိုး ကပ်နေတာ လား မသိဘူး။ အဲ့ဒီ အတွက် ဘေး မှာ အိပ်နေတဲ့ သားငယ် ဖြစ်သူ ကို နိုးသွား မှာ စိုး လို့ ဆီမီးကွက် ကို အသာ ထွန်းပြီး အိပ်ခန်း တောင့် မှာ ထားတဲ့ ဓားရှည် ကို ဆွဲထုတ်ပြီး အောက် ကို ဆင်းလာခဲ့ တယ်။ ဟဲ့ ဘယ်သူ လဲ ကြက်ခြံ ထား ဟင် ကိုအောင်မြတ် အမလေး ရှင် ရှင် ရှင် ကြက်ခြံ ဘေး မှာ လူ တစ်ရိပ် တွေ့တာကြောင့် ဆီမီးရောင် နဲ့ သေချာ ကြည့်လိုက်တော့ သူမ ယောကျ်ား ကိုအောင်မြတ် ဖြစ်နေခြင်း နဲ့ အတူ လက် မှာ ကြက် တစ်ကောင် ကို သွေး တစိမ့်စိမ့် နဲ့ ကိုက်စားပြီး သူမ သံ ကြားတဲ့ အခါ ကြောင်စိစိ မျက်ဝန်းများ နဲ့ ကြည့်နေလို့ မသန်းနီ ထိတ်လန့်သွားတာကြောင့် ကြောက်ရွံ့စွာ လည်း အိမ် ပေါ် ပြေးတက် ဖို့ ပြင်လိုက်တဲ့ အချိန် အမလေး နောက် က နေ မသန်းနီ ရဲ့ ဆံပင် ကို အောင်မြ က ဆပ်ခနဲ ဆွဲလိုက်တာ ကြောင့် မသန်းနီ ကြောက်လန့်ပြီး အော်မိလိုက်တဲ့ အချိန် သူ့ လက် မှာ ကိုင်ထားတဲ့ ဓား ကို အောင်မြ က ဆပ်ခနဲ ဆွဲလု ပြီး လည်ပင်း ကို ဆွဲလှီးလိုက် တော့ တယ်။ အာ မသန်းနီ နာကျင် စွာ အားကနဲ တစ်ချက်သာ အော်နိုင်လိုက်ပြီးတော့ လည်ပင်း က သွေး တွေ ငေါက်ခနဲ ပန်းကျလာပြီး မြေပြင် ပေါ် မှာ ဆပ်ခနဲ ဆပ်ခနဲ အကြောဆွဲ ရင်း ခဏ ကြာ ငြိမ်သက်သွား တော့ တယ်။ အဲ့ဒီ နောက် အောင်မြ က အိမ် ပေါ် ကို သွေးစက်လက် ကျနေတဲ့ ဓား ကို ဆွဲကိုင် တက်သွားပြီး မကြာမီ မှာ တော့ အားကနဲ ကလေးငယ် တစ်ယောက် ရဲ့ နာကျင်စွာ အော်လိုက်တဲ့ အသံ ထွက်ပေါ်လာတော့ တယ်။ အောင်မြ တစ်ယောက် ခေါင်း တစ်ဆစ်ဆစ် ကိုက်ပြီး နိုးလာတဲ့ အချိန် မှာ တော့ သူ့ရဲ့ အိမ်ခန်း အတွင်း ရောက်နေတာ ကို တွေ့လိုက်ရ တယ်။ ည က ဖြစ်တာ တွေ ကို ရုတ်တရက် တွေးမရ သေးပဲ ဟင် သွေး သွေး တွေ ဟာ သား သားလေး အောင်မြ က သူတို့ အိပ်ခန်း က ခြောက်စ ပြုနေပြီ ဖြစ်တဲ့ သွေးကွက် တွေ အပြင် ကို လျှံကျ နေတာကြောင့် စိုးရိမ်တကြီး ပြေးဝင်သွားပြီး ဓား ဒဏ်ရာ နဲ့ သေဆုံးနေတဲ့ သား ဖြစ်သူ ကို တွေ့ရတာ ကြောင့် သား ဖြစ်သူ ရဲ့ အလောင်း ကို ပွေ့ဖက် ပြီး သွေးရူးသွေးတန်း နဲ့ အော်ဟစ် ငိုယို တော့ တယ်။ သန်းနီ သန်းနီ သား သားလေး ဘယ်လို ဖြစ်တာ လဲ။ ငါ့ သားလေး ကို ဘယ်သူ သတ်သွားတာ လဲ။ အောင်မြ က သားဆိုး နဲ့ ဒေါသတကြီး နဲ့ သူ့ မိန်းမ နာမည် ကို အော်ခေါ်ပြီး တစ်အိမ်လုံး ပတ်ရှာ ပေမယ့် လည်း မတွေ့ရတာကြောင့် အောက် ကို ဆင်းလာ တယ်။ ဟင် သန်းနီ သန်းနီ ဒါ ဘယ်လို ဖြစ်တာ လဲ။ နင်တို့ ကို ဘယ်သူ သတ်သွားတာ လဲ။ အောင်မြ တစ်ယောက် သွေးအိုင် ထဲ မှာ လဲကျ ပြီး အသက် ပျောက်နေတဲ့ သူ့ မိန်းမ ကို ကြည့်ပြီး ထိတ်လန့်တကြား ရေရွတ်နေမိ တော့ တယ်။ ဘယ်သူ က များ သူ့ သား နဲ့ မိန်းမကို အငြိုး တကြီး သတ်သွားတာ လဲ။ အောင်မြ တစ်ယောက် မိန်းမ လည်း သေ သား လည်း သေတဲ့ အဖြစ် ကြောင့် သူ့ ခြေထောက် က မဟန်နိုင် စွာ ဒူးညွှတ်ကျသွား တော့ တယ်။ ဒူးထောက် ငိုကျွေး နေရင်း က နေ ည က ဓား တစ်ချောင်း ကိုင်ပြီး မိန်းမ နဲ့ သား ဖြစ်သူ ကို ခုတ်နေတဲ့ သူ့ ရဲ့ ပုံရိပ် ကို ပြန် မြင်ယောင်လာ မိတော့ တယ်။ အစ ပထမ အိမ်မက် လိုလို ဘာလိုလို ဇဝေဇဝါ စိတ်မကွဲပြား ပေမယ့် အခု သေချာ စွာ သိလိုက်ရ တယ်။ အရက် ကြောင့် မထိမဲ မြင် စိတ် နဲ့ ပရလောကသား တွေ ကို မထိမဲ မြင် စိတ်ထား မိရာ က နေ တစ်ဆင့် အကြောင်းမဲ့ မိသားစု ကို သတ်ခဲ့ မိပြီ။ ဓား ဓား ဒါဆိုရင် ငါ့ သား နဲ့ ငါ့ မိန်းမ ကို ငါ သတ်လိုက် ပြီ ပဲ။ ငါ ဘာလို့ သတ်ရတာ လဲ။ ငါ မသတ် ဘူး။ ငါ မသတ် ဘူး။ ငါ သတ်တာ မဟုတ်ဘူး။ အောင်မြ အရူး တစ်ယောက် လို သွေးရူးသွေးတန်း နဲ့ လျှောက်အော် နေပြီး ဆောက်တည်ရာ မရ ဖြစ်နေတော့ တယ်။ အောင်မြ တို့ အိမ် က ရွာ နဲ့ အတန်ငယ် လှမ်းတာ ကြောင့် ည အော်ဟစ်သံ တွေ ကို ရွာသား တွေ မကြားကြခြင်း ဖြစ်တယ်။ နောက် တစ်နေ့ အောင်မြ တို့ အိမ်ရှေ့ က ဖြတ်သွားမိတဲ့ ရွာသား တစ်ယောက် က အမှတ်မထင် ခြံ ကို လှမ်းကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်း ကြောင့် ငယ်သံ ပါအောင် အော်ဟစ်ပြီး ရွာ ကို ပြေးလာ တော့ တယ်။ ရွာ က လူကြီး တွေ က အဲ့ဒီ ရွာသား ရဲ့ ပြောပြချက် ကြောင့် ရွာသား များ စုရုံးပြီး အောင်မြ တို့ နေထိုင်ရာ အိမ် ကို လျှောက်လာတဲ့ အခါ လျှာကြီး က ရင်ဘတ် အထိ ရှည်ကျ နေပြီး မျက်လုံးကြီး နှစ်လုံး ပြူးထွက် မတတ် ကျယ်ပြီးတော့ အိမ်ဘေး သစ်ပင်ကြီး တစ်ပင် မှာ ကြိုးဆွဲချ သေဆုံးနေတဲ့ အောင်မြ ကို တွေ့လိုက်ရခြင်း နဲ့ အတူ သွေး တစိမ့်စိမ့် နဲ့ သေဆုံးနေတဲ့ မသန်းနီ နဲ့ အတူ သူမ ရဲ့ သား ဖြစ်သူ တို့ ကို ပါ တွေ့လိုက်ရ တော့ တယ်။ ရွာသား တွေ လည်း အံ့ဩ မိကြပြီးတော့ ဘယ် အကြောင်းအရာ ကြောင့် အဲ့ဒီ မိသားစု သေဆုံးရတာ ကို တွေးလို့ မရ ဘူး။ ကိုအောင်မြတ် ဘာကြောင့် ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သေသွားတာ လဲ။ မသန်းနီ နဲ့ ကလေး ကို ရက်ရက်စက်စက် သတ်သွားတာ က ဘယ်သူ လဲ။ ဘာအတွက် ကြောင့် လဲ။ အဲ့ဒီ မေးခွန်း ရဲ့ အဖြေ က တော့ နှစ်ကာလ အတန်ကြာတဲ့ အထိ ပေါ်မလာခဲ့ ဘူး။ ရွာသား တွေ က လည်း အစ ပထမ အဲ့ဒီ အကြောင်းအရာ ကို လူတိုင်း ရဲ့ ပါးစပ်ဖျား နေ့စဉ် ပြောဆိုကြ ပေမယ့် လည်း အချိန် တဖြည်းဖြည်း ကြာတော့ ရိုး အီ စွာ နဲ့ မေ့လျော့ သွားကြ တော့ တယ်။ ဒါပေမယ့် အဲ့ဒီ အိမ်ဘက် ကို ရွာသား တွေ နေ့ခင်း နေ့လည် တောင် တစ်ယောက်တည်း မသွားရဲ ကြ ဘူး။ ဘာလို့ လဲ ဆိုတော့ အဲ့ဒီ အိမ် က နောက်ပိုင်း ကိုအောင်မြတ် တို့ မိသားစု သုံးယောက် က မကျွတ် မလွတ် ဘဲ နဲ့ သရဲ ဘဝ နဲ့ ခြောက်လန့် နေကြတယ် လို့ သရဲ ခြောက်ခံရသူ တွေ က ပြောလာ ကြ တယ်။ ည အမှောင် ထု ကို အကာအကွယ် ယူပြီး လူ လေးငါး ဆယ်ယောက် ခန့် ရွာ အပြင် က လမ်း လမ်း မှာ ရှိတဲ့ ကိုအောင်မြတ် မသန်းနီ ပိုင်တဲ့ အိမ် ပေါ် ကို တိတ်ဆိတ်စွာ တက်လာကြ တယ်။ အဲ့ဒီ လူဆိုး က ရွာ မှာ ဖဲ က ရင် ရွာ သူကြီး က ပြင်းထန် တဲ့ အပြစ် ပေးလေ့ ရှိတာ ကြောင့် ဖဲ ကျိတ် ဝိုင်း လုပ်ဖို့ အတွက် လူမနေတဲ့ အခု အိမ် ကို ရွေးချယ်ပြီး ရောက်လာကြ တယ်။ အိမ် ပေါ် ကို ရောက်တဲ့ အခါ အိမ်ခန်း ရဲ့ အလယ် မှာ အောင်လင်း မီးအိမ် နှစ်လုံး ကို ထွန်းပြီးတော့ ဖဲဝိုင်း နှစ်ဝိုင်း ပြုလုပ်ကြ တယ်။ သူတို့ နဲ့ အတူ ယူလာတဲ့ အရက် တွေ ကို သောက်စား ရင်း ဖဲဝိုင်း က ည နက်လာလေ အရှိန် ကောင်းလာ လေ ဖြစ်နေတယ်။ စလိပ် မီးခိုး တွေ က တစ်အိမ်လုံး ဝေ့ဝဲ လိုက် ရှုံးနေသူ တွေ က လည်း ဇောချွေး တွေ ပြန်ပြီးတော့ သူတို့ လက် ထဲ က ဖဲကတ် တွေ ကို လောဘ မျှော်လင့်ချက် ရောစပ်ထား တဲ့ မျက်လုံး တွေ နဲ့ ဂရုတစိုက် ပို့ဆွဲပြီး ပေါ်လာမယ့် အပွင့် တွေ ကို ရင် တစ်ဖိုဖို နဲ့ စိုက် ကြည့်နေကြ တယ်။ ဒီ အိမ် က သရဲ ခြောက်တယ် ကြားထား ပေမယ့် လူများ နေတာ ရယ် ဖဲဝိုင်း မှာ ဇောကပ်နေတာ ရယ် မို့ ကြောက် ဖို့ သတိမရ ကြ ဘူး။ ဖဲဝိုင်း က ထွက်လာတဲ့ စိတ်ပျက် လဲပြန့် ညည်းညူသံ ပျော်ရွှင်စွာ အော်ဟစ်သံ တွေ က ရွာ နဲ့ ဝေးတာ မို့ ကြားရမှန်း ပါ မသိ ပူရ ဘူး။ တကယ်လို့ ဖြတ်သွား ဖြတ်လာ တစ်ယောက် က ဒီ အသံ တွေ ကို ကြား ရင်တောင် သရဲ ခြောက် တယ် ထင်ပြီးတော့ ပြေးကြ မှာ သေချာ တယ်။ အဲ့ဒီ အချိန် မှာ ဟာ ခေါင်မိုး ကို ဘာကျတာ လဲ ကွ့ လေတိုက် လို့ နေ မှာ ပေါ့ ကွာ ရှုံးရတဲ့ အထဲ အိမ်ခေါင်မိုး ပေါ် ကို တစ်ခုခု ကျသံ ကြောင့် အားလုံး တစ်ယောက်တပေါက် အော်ဟစ်ကြပြီး ဝိုင်းဝန်း ပြန်စ နေကြ တယ်။ ဟာ နံလိုက်တဲ့ အပုပ်နံ့ ကွာ ထွေး ဘာကောင် တွေ သေလို့ ဒီလောက် နံ နေရတာ လဲ။ ရုတ်တရက် အပုပ်နံ့ကြီး တစ်ခု မခံရပ်နိုင်အောင် တိုးဝင်လာတာ ကြောင့် ဖဲဝိုင်း က လူ တွေ ပျို့အန် ကုန်ကြ တယ်။ ဟာ သွေး သွေး တွေ အပေါ် က ကျလာတာ ဟာ အမလေး ဗျာ သရဲ ပြေးကြ ဟေ့ ပြေးကြ ပြေးကြ။ ဖဲဝိုင်း က လူ တွေ အပုပ်နံ့ ကြောင့် မခံမရပ်နိုင်စွာ ရှိနေကြတဲ့ အချိန် ဖဲဝိုင်း တစ်ဝိုင်း ရဲ့ အလယ် ကို အပေါ် က နေ သွေး များ တရဟော ကျလာတာ ကြောင့် မော့ ကြည့်လိုက်တော့ ခေါင်းပျက်လုပျက်ခါ အရေပြား တတဲတဲ လေးသာ ကျန်နေတဲ့ မိန်းမ တစ်ယောက် က ဇောက်ထိုး အနေအထား ရှိနေပြီးတော့ ခေါင်း က ပြတ်ကျ တော့ မလို လွှဲရမ်း လိုက်ပြီးတော့ သွေး တွေ က အောက် ကို တရဟော ကျစီး နေတဲ့ အတွက် အားလုံး လန့်ဖျန်ပြီး ဝရုန်းသုန်းကား နဲ့ အိမ် တံခါးဝ ကို သူ့ ထက် က ပြေးလွှား သွားကြ တယ်။ ဟာ ဒီမှာ လည်း ကလေး သရဲ လှေကား က မှာ ပိတ်နေတယ် ဘယ်လို လုပ် မလဲ။ ဟာ နောက် မှာ လည်း သရဲမ ဆင်းလာ ပြီ ဒုက္ခပါပဲ။ ဝရုန်းသုန်းကား နဲ့ အိမ် ပေါက်ဝ ကို ပြေးကြ တော့ ဝမ်းဗိုက် က နေ အူ တွေ ထွက်ပြီး သွေးစက်လက် နဲ့ ရပ်နေတဲ့ ကလေး တစ်ယောက် ရှိနေတာ ကြောင့် နောက်ဘေး တံခါး က နေ ဆင်းဖို့ ပြန်ကြတဲ့ အချိန် ခေါင်းပျက်လုပျက်ခါ သရဲမ က အောက် ရောက်နေပြီး ခေါင်း ရဲ့ နောက် ကို လှန်ကျ ပြီးတော့ လည်ပင်း ပြတ်နေတာ က နေ သွေး များ ပန်းထွက် နေတာ ကို တွေ့လိုက်ရ ပြီးတော့ ဖဲသမား တွေ က ရှေ့တိုး ရခက် နောက်ဆုတ် ရခက် ဖြစ်နေကြ တယ်။ အဲ့ဒီ အချိန် မှာ အားလုံး ကျန်ရရ မရ ဖြစ်နေတဲ့ အချိန် တစ်ယောက် က ပြတင်းပေါက် က နေ အောက် ကို ခုန်ချလိုက်တာ ကြောင့် တခြား သူ တွေ က လည်း ပြတင်းပေါက် က နေ သူ့ ထက် က အလူအယက် တိုးဝှေ့ ကြ တယ်။ လူ ထွက် နေတာ ကြောင့် တစ်ယောက် ကို တစ်ယောက် တွန်းဖယ် ရင်း အလူအယက် ခုန်ချ ကြ တော့ တယ်။ အိမ် က သိပ် မမြင့် လို့ အကျ မနာ ဘူး။ ဒါပေမယ့် တချို့ က တော့ တစ်ယောက် ပေါ် တစ်ယောက် ထပ်ကျ တာ ကြောင့် နာကုန် ကျ ပေမယ့် လည်း နာကျင်မှု ကို ဂရုမပြု ဘဲ ပြေးလွှား ဖို့ သာ စိတ်စောကပ်ပြီးတော့ ခြံ အပြင် ကို ပစိုးမနိုင်း ပေါက်ရမနိုင်း ပြေးထွက်ကြ တော့ တယ်။ ဓား ဓား ကြိုးဆွဲချ သေသွားတဲ့ အောင်မြ ပဲ။ ပြေးကြ ဟေ့ ပြေးကြ ဖဲသမား အုပ်စု ခြံ အပြင် ကို ထွက် ဖို့ ပြေးလွှား သွားတဲ့ အချိန် သူတို့ ဘေး အပင်ကြီး ပေါ် က နေ ဝုန်းခနဲ လူ တစ်ယောက် ပြုတ်ကျလာပြီးတော့ လည်ပင်း ကြိုးတန်းလန်း နဲ့ လေ ပေါ် ကို လွှဲရမ်း နေပြီးတော့ အသက်ရှူ ကျပ်သံ တအိအိ ကို သွေးပျက်ဖွယ်ရာ ကျနေတာ ကြောင့် တစ်ယောက်တပေါက် အော်ဟစ် ပြေးကြ တော့ တယ်။ ဖဲသမား အုပ်စု က လဲသူ လဲ ကွဲသူ ကွဲ နဲ့ ရွာ ထဲ ကို ဖိနပ် နဲ့တင် မပါ တသားတည်း ကျအောင် ပြေးရင်း ပါးစပ် က နေ လည်း ကြောက်လန့် တကြား အော်ဟစ်လာတာ ကြောင့် ခွေး တွေ ဝိုင်းထိုး ဟောင်ပြီး တစ်ရွာလုံး လန့်နိုးကုန်ကြ တော့ တယ်။ အကြောင်းစုံ ကို ရွာလူကြီး သိသွားတော့ ဖဲသမား အုပ်စု ကို သုံးရက် သုံးည ထိပ်တုံး ခတ်ထားလိုက် တော့ တယ်။ နောက်ဆုံး မှာ တော့ ကိုအောင်မြတ် မသန်းနီ တို့ ခြံ မှာ အကြောက်လန့် ကျန်လာတာ ကြောင့် ဆွေမျိုးသားချင်း တွေ နဲ့ ရွာသား တွေ စုပေါင်းပြီးတော့ သူတို့ ခြံ ထဲ မှာ ဘုန်းကြီး ဆွမ်းကပ်ပြီး တရားနာ အမျှဝေ ကြ တော့ တယ်။ ဒါပေမယ့် သွေ့လူဟန် မတူ ဘဲ နဲ့ နှစ် အတော်ကြာတဲ့ အထိ အိမ် ဘေး က ဖြတ်သွားတဲ့ သူ တွေ ကို အကောင်အထည်ပြ ခြောက်လှန့်ခြင်း အပုပ်နံ့ ပေးခြင်း တစ်ခါတစ်ရံ အိမ် အတွင်း က နေ ငိုညည်းသံ အော်ဟစ် ဆဲ ဆိုသံ တွေ ကြားရတာ ကြောင့် ရွာသား တွေ က အခု အချိန်အထိ အဲ့ဒီ အိမ်ရှေ့ ကို ည အချိန် ဘယ်တော့ မှ မသွားလာဝံ့ ပဲ ရှိနေကြ တော့ တယ်။ ဇာတ်လမ်း လေး က တော့ ဒီမှာ ပဲ ပြီးဆုံး သွား ပါ ပြီ။ နားဆင်ပေးခဲ့ တာ အားလုံး ပဲ နှစ်သက် မယ် လို့ မျှော်လင့်မိ ပါ တယ်။ နားဆင်ပေးခဲ့တဲ့ ပရိသတ်များ အားလုံး ကို ကျေးဇူးတင် ပါ တယ် ရှင်။

Need another transcript?

Paste any YouTube URL to get a clean transcript in seconds.

Get a Transcript