Thumbnail for ဒီမိန့်ခွန်းကြောင့် သင့်ဘဝတစ်ရက်ထဲမှာ အပြီးပြောင်းလဲသွားပါလိမ့်မယ် - Jim Rohn 1981 Best Speech by The WillPower Myanmar

ဒီမိန့်ခွန်းကြောင့် သင့်ဘဝတစ်ရက်ထဲမှာ အပြီးပြောင်းလဲသွားပါလိမ့်မယ် - Jim Rohn 1981 Best Speech

The WillPower Myanmar

33m 23s3,546 words~18 min read
Auto-Generated

[0:00]လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော် YouTube ကြည့်ရင်းကနေ စကားစုတစ်ခုခု ကြားလိုက်ရတယ်။ Here is the big challenge of life. You can have more than you've got because you can become more than you are. If somebody hands you a million dollars, best you become a millionaire quickly, so you get to keep the money. Otherwise sure enough it will disappear. တန်ဖိုးရှိတဲ့ အရာတွေ ပိုင်ဆိုင်ချင်ရင် အရင်ဆုံး ကိုယ်တိုင်က ပိုပြီးတော့မှ တန်ဖိုးရှိတဲ့ သူ ဖြစ်လာအောင် လုပ်ရမယ်။ ဒါက ကမ္ဘာကျော် ဟောပြောသူ တရားကျွတ်ဆရာကြီး Jim Rohn ရဲ့ မိန့်ခွန်းထဲက စာသားလေး လေးချောင်းပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အဲ့ဒါကို ကြားပြီးတာနဲ့ ကျွန်တော့်မှာ ကြက်သီးတွေ တောင်မှ ထသွားရပါတယ်။ ဒါ ၁၉၈၁ ခုနှစ်က လုပ်ခဲ့တဲ့ အခကြေးငွေပေး တက်ရတဲ့ ဟောပြောပွဲ တစ်ခုဖြစ်ပြီးတော့ အခု YouTube ပေါ်မှာ အဲ့ဒီ ဗီဒီယို အတိုလေးတွေက တော်တော်လေး ပျံ့နှံ့နေတာပါ။ ဗီဒီယို တိုင်းမှာ ကြည့်ရှုသူ သန်းနဲ့ချီ ရှိပါတယ်။ ကျွန်တော် တော်တော်လေး ရှာဖွေပြီးတဲ့ နောက်မှာတော့ Channel တစ်ခုမှာ ၂နာရီခွဲ ကြာတဲ့ ဟောပြောပွဲ အပြည့်အစုံကို တွေ့ခဲ့ပါတယ်။ ကျွန်တော် တခြား ဘာမှ မကြည့်ဘဲနဲ့ နားထောင်ခဲ့ပါတယ်။ အခု ကျွန်တော် ယုံကြည်ချက်ရှိရှိ ပြောနိုင်တာကတော့ ကျွန်တော် ကြည့်ဖူးသမျှ ဟောပြောပွဲတွေ မိန့်ခွန်းတွေ ထဲမှာ Jim Rohn ရဲ့ ဒီမိန့်ခွန်းက အကောင်းဆုံးနဲ့ အစွမ်းတက်ဆုံး တစ်ခုပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ ပြောပြသွားတဲ့ နည်းဟာမ ၇ ခု က လူတစ်ယောက်ရဲ့ ဘဝကို အမှန်တကယ်ပဲ ပြောင်းလဲပေးနိုင်လို့ပါ။ ဒါကြောင့် မို့လို့ ဒီတန်ဖိုးရှိပြီးတော့ အစွမ်းထက်တဲ့ စကားလုံးတွေကို သင့်ဆီ မြန်မာလို ပြန်လည် မျှဝေပေးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တာပါ။ မိနစ် ၃၀ လောက် အချိန်ပေးပြီးတော့မှ နားစိုက်ပြီး အာရုံစိုက် နားထောင်ပေးပါ။ မှတ်စုလေးတွေကိုလည်း လိုက်မှတ်ထားဖို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သာမန် စိတ်ဓာတ် မြင့်တင်ရေး free motivation မဟုတ်ဘဲနဲ့ အဖိုးတန်တဲ့ ဘဝပညာပေး Premium Life Education ဖြစ်နေလို့ပါ။ ကဲ စလိုက်ရအောင်။ နံပါတ် ၁။ တန်ဖိုး value ဘဝရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်က ဘာလဲသိသလဲ။ သင့်မှာ အခု ရှိနေတာထက် ပိုပြီးတော့မှ လုပ်နိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ သင်ဟာ အခုထက် ပိုပြီးတော့မှ တော်တဲ့သူ တန်ဖိုးရှိတဲ့သူ ဖြစ်လာနိုင်လို့ပါ။ ဒါ လျှို့ဝှက်ချက်ပါပဲ။ ဒီအချက်ရဲ့ နောက်ထပ် တစ်ပတ်ချမ်းကတော့ တကယ်၍ သင်ဟာ ဒီနေ့ အတိုင်းသာ ဆက်ရှိနေမယ်ဆိုရင်တော့ သင့်ဆီမှာ အခုရှိနေတဲ့ အတိုင်းအတာထက် ဘယ်တော့မှ ပိုလာမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံအရရော တခြား ထောင်ပေါင်း များစွာသော လူတွေရဲ့ ဘဝကို ကြည့်ပြီးတော့မှ သိလိုက်ရတဲ့ အချက်တစ်ချက်ကတော့ ဝင်ငွေဆိုတာ သင်ကိုယ်တိုင်ရဲ့ အရည်အချင်းထက် ဘယ်တော့မှ ပိုမများနိုင်ဘူးဆိုတာပါပဲ။ တစ်ခါတလေ ကံကောင်းလို့ ငွေတွေ အများကြီး ရုတ်တရက် ရလာနိုင်တယ်။ ရုတ်တရက် သန်းကြွယ် သူဌေး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ မှတ်ထားပါ။ အကယ်၍ သင့်ရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းက အဲ့ဒီငွေ ပမာဏနဲ့ ထိုက်တန်တဲ့ အဆင့်မှာ မရှိဘူးဆိုရင် အဲ့ဒီ ငွေတွေက သင့်ဆီမှာ ကြာကြာ မခံပါဘူး။ သူက ထွက်သွားဖို့ လမ်းကြောင်း တစ်ခုခု ရှာမှာပါပဲ။ ပြီးရင် တဖြည်းဖြည်းနဲ့ ပြန်ကုန်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပိုက်ဆံဆိုတာက သင်ထက် ဘယ်တော့မှ ပိုပြီး အစွမ်းမထက်လို့ပါ။ သင့်ဆီမှာ ရှိတဲ့ ပိုက်ဆံ ပမာဏက သင့်ရဲ့ အရည်အချင်း အဆင့်အတန်းနဲ့ အမြဲတမ်း တိုက်ရိုက် အချိုးကျပါတယ်။ ဥပမာ ကမ္ဘာပေါ်က ပိုက်ဆံ အားလုံးကို သင်ယူပြီးတော့ လူတိုင်းကို အညီအမျှ မျှဝေပေးလိုက်တယ်ပဲ ထားဦး မကြာခင် အချိန် တိုတွင်းမှာ အဲ့ဒီ ပိုက်ဆံတွေက အခု လက်ရှိ ချမ်းသာနေတဲ့ သူတွေ ဆီကိုပဲ ပြန်ရောက်သွားမှာပါ။ အံ့ဩစရာ ကောင်းတယ် မလား။ ဒီအရာတွေက ဆွဲဆောင်မှု ရှိတဲ့သူ attractive people တွေ ဆီကိုပဲ အလိုလို ရောက်လာတတ်တာပါ။ အောင်မြင်မှု ဆိုတာက ဆွဲဆောင်ယူရတာပါ။ နောက်ကနေ လိုက်ဖမ်းရတာ မဟုတ်ပါဘူး။ အကယ်၍ သင်က သင့်ရဲ့ ဘဏ်စာရင်း ဒါမှမဟုတ် ဝင်ငွေပေါ်မှာ မကျေနပ်ဘူးဆိုရင် ပြဿနာက ကံကြမ္မာ ကြောင့် မဟုတ်ပါဘူး။ သင် မကြိုးစား အားမထုတ်လို့လည်း မဟုတ်ပါဘူး။ ပြဿနာက တခြားတစ်နေရာမှာပါ။ ကျွန်တော့် ဘဝမှာ တစ်ချိန်က အရမ်း စဉ်းစား အခက်အခဲတဲ့ အချက် တစ်ခု ရှိတယ်။ လူနှစ်ယောက် Company တစ်ခုထဲမှာ အလုပ်လုပ်နေတယ်။ အသက်လည်း တူတူပဲ။ ကျောင်းလည်း တူတူပဲ။ မြို့လည်း တူတူပဲ။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကလည်း တူတူပဲ။ ဒါပေမဲ့ ဘာလို့ တစ်ယောက်က တစ်လကို ဒေါ်လာ ၁၀၀၀ ရပြီးတော့မှ နောက်တစ်ယောက်က ဒေါ်လာ ၂၀၀၀ ရနေသလဲ။ အရာအားလုံးက တူနေပါလျက်နဲ့ ဘာလို့ ဝင်ငွေက နှစ်ဆ ကွာနေရသလဲ။ ပထမတော့ အချိန်ပေးတာခြင်း ကွာလို့ နေမှာပါလို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါပေမဲ့ နောက်မှာ သိလိုက်ရတာက အချိန်ဆိုတာ လူတိုင်းအတွက် တူတူပါပဲ။ လူတိုင်းအတွက် တစ်ရက်မှာ ၂၄ နာရီပဲ ရှိတာပါ။ အချိန်လေး နည်းနည်းလောက် ပိုရရင် ကောင်းမှာပဲလို့ ပြောတတ်ကြပေမဲ့ အပိုအချိန်ဆိုတာ ဘယ်မှာမှ ရှာမရပါဘူး။ အချိန်ကို တိုးလို့ မရဘူးဆိုရင် ဘဝ တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ တိုးလို့ ရတဲ့ အရာက ဘာလဲ။ ဒါဆိုရင် အခု ကျွန်တော် ပြောမဲ့ စကားလုံးက အရေးကြီးဆုံးပါပဲ။ အဲ့ဒါကတော့ တန်ဖိုး Value ပါ။ ရလဒ်တွေ ကွာခြားသွားရတာက တန်ဖိုးကြောင့်ပါ။ တန်ဖိုးကပဲ လူတစ်ယောက်ဟာ သာမန်လူ အဖြစ် ကျန်ခဲ့မလား။ ဒါမှမဟုတ် ရှေ့ကို အပြတ်အသတ် ထွက်သွားမလားဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ဒါကို သေချာ အာရုံစိုက်ပြီး နားထောင်ပါ။ အောင်မြင်မှု ဆိုတာ လိုက်ဖမ်းလို့ ရတဲ့ အရာဝတ္ထု တစ်ခု မဟုတ်ပါဘူး။ အောင်မြင်မှုဟာ ဆွဲဆောင်မှု ရှိတဲ့ သူတွေ ဆီကို အလိုလို ဆက်စပ် မြဲမြံ ရောက်လာတာပါ။ ဆွဲဆောင်မှု ရှိတဲ့သူ ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ။ မိမိကိုယ်ကိုယ် ပြုပြင် တည်ဆောက်ပါ။ ကိုယ့်ကိုယ်ကိုယ် ပြုပြင် တည်ဆောက်ဖို့ သင်ယူပါ။ ဘာလို့လဲဆိုတော့ အလုပ်အပေါ်မှာ ကြိုးစား အားထုတ်မှုက သင့်ကို အသက်ရှင် ရပ်တည်စေပေးမယ်လို့ မိမိကိုယ်ကိုယ် တိုးတက်အောင် ကြိုးစား အားထုတ်မှုကတော့ သင့်ဘဝကို ထူးပြဲသာလွန်အောင် ဖန်တီးပေးလို့ ဖြစ်ပါတယ်။ ကျွန်တော် အလုပ်အပေါ်မှာပဲ အာရုံစိုက် ကြိုးစားနေတုန်းက ဘာမှ ထူးမလာခဲ့ပါဘူး။ ဝင်ငွေလည်း မတိုးဘူး။ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးလည်း မကောင်းဘူး။ ဘာမှ အဆင်မပြေခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် မိမိကိုယ်ကိုယ် ပြုပြင် တည်ဆောက်ဖို့ အာရုံစိုက်လိုက်တဲ့ အခါမှာတော့ အရာအားလုံးက စတင် ပြောင်းလဲလာပါတယ်။ အကယ်၍ သင်ဟာ အလုပ်တစ်ခုခု လုပ်နေတယ်ဆိုရင် ငါ ဒီမှာ လစာ ဘယ်လောက် ရလဲ ဆိုတာကိုပဲ မစဉ်းစားပါနဲ့။ တကယ့် မေးခွန်းက ငါ ဒီအလုပ်ကို လုပ်ရင်းနဲ့ ဘယ်လို လူစားမျိုး ဖြစ်လာနေသလဲ ဆိုတာပဲ ဖြစ်သင့်ပါတယ်။ ဒီမှာ ငါ ဘယ်လောက် ရလဲ ဆိုတာထက် ဒီမှာ ငါ ဘာတွေ တိုးတက်လာသလဲ ဆိုတာက ပိုပြီး အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ တကယ့် ရတနာက သင် ဘယ်လို လူမျိုး ဖြစ်လာသလဲ ဆိုတဲ့ အထဲမှာပဲ ထွက်ထားလို့ပါ။ သင့်မှာ ရှိတဲ့ အချိန်ကို တိုးအောင် မလုပ်နိုင်ပေမဲ့ သင့်ရဲ့ တန်ဖိုးကိုတော့ တိုးအောင် လုပ်နိုင်ပါတယ်။ လူတိုင်း ပိုက်ဆံကို စပြီး ကိုင်တွယ်ရတဲ့ အချိန် ကတည်းက သိထားသင့်တဲ့ အချက်ကတော့ ဈေးကွက်ထဲကို သင် ယူဆောင်လာတဲ့ တန်ဖိုး value အတွက် ပဲ သင့်ကို အခကြေးငွေ ပေးတာ ဖြစ်တယ် ဆိုတာပါပဲ။ သင့်ရဲ့ အချိန်အတွက် ပိုက်ဆံ ပေးတာ မဟုတ်ပါဘူး။ လူ အတော်များများက ငါ ဒီမှာ ၈ နာရီ၊ ၁၀ နာရီ အလုပ်လုပ်တာပဲ။ ငါ့ အချိန် အတွက် ပိုက်ဆံ ရတာ မဟုတ်ဘူးလို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ဒါ အမှန်တရား မဟုတ်ပါဘူး။ သင် လုပ်နေတဲ့ အလုပ်မှာ တန်ဖိုး တစ်ခုခု ဖြစ်လာဖို့ အချိန် ပေးရတာ မှန်ပေမဲ့လို့ ပိုက်ဆံကတော့ အဲ့ဒီ တန်ဖိုး အပေါ်မှာပဲ မူတည်ပြီးတော့မှ ရတာပါ။ ဒါဆိုရင် သင်ဟာ အခုထက် နှစ်ဆ ပိုပြီးတော့မှ တန်ဖိုး ရှိတဲ့ သူ ဖြစ်လာရင် အချိန် တူတူပေးရုံနဲ့ ဝင်ငွေ နှစ်ဆ ပိုရနိုင်မလား။ ၃ဆ ပို တန်ဖိုးရှိတဲ့သူ ဖြစ်လာရင် အချိန် ပိုပေးစရာ မလိုဘဲနဲ့ ဝင်ငွေ ၃ဆ ရနိုင်မလား။ အဖြေကတော့ ရနိုင်ပါတယ်။ မှတ်ထားရမှာက ဝင်ငွေ အများကြီး ရတာ လစာ မြင့်တာဆိုတာက အလုပ်ကြိုးစားမှု သက်သက် အတွက် ပေးတဲ့ ဆု မဟုတ်ပါဘူး။ အဲ့ဒီလူရဲ့ အရည်အချင်း အတွက် ပေးတဲ့ ဆုပါ။ သင်ဟာ မိမိကိုယ်ကိုယ် အရင်ဆုံး ပြုပြင် တည်ဆောက် မှသာ ဈေးကွက်ထဲမှာ ပိုပြီးတော့မှ တန်ဖိုးရှိတဲ့သူ ဖြစ်လာမှာပါ။ ဒါပေမဲ့ ပြဿနာက လူ အတော်များများဟာ အောင်မြင်ချင်ကြပေမဲ့ အခြေခံ အကျဆုံး အရာတွေကိုတောင် ပြုပြင်ဖို့ စိတ်မဝင်စားကြဘူး။ လက်ဆွဲ နှုတ်ဆက်တဲ့ ပုံစံ handshake တောင်မှ ကောင်းအောင် မလုပ်ကြဘူး။ စဉ်းစားကြည့်ပါ။ ဒီလို အသေးအမွှားလေးတွေ ကနေ စတင်နိုင်တာကိုတောင် လူတွေက လစ်လျူရှုထားကြတယ်။ လွတ်လွတ်လပ်လပ် ရွှင်ရွှင်နေတာ သာမန်လူထက် ပိုပြီး တက်ကြွတာ တစ်ဘက် လူအပေါ် စေတနာ စိတ်ဝင်တစား ရှိတာ အောင်နိုင်လို စိတ်ပြင်းပြတာ ဒီအရာလေးတွေက အရာအားလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါပေမဲ့ လူ အတော်များများက ဒီ အသေးအမွှားလေးတွေက ဘာထူးမှာလဲလို့ ထင်နေကြတုန်းပဲ။ ဘဝမှာ စိတ်ပျက်စရာ အကောင်းဆုံး အတွေ့အကြုံက ဘာလဲသိသလား။ ကိုယ်တိုင်ကတော့ သာမန်အတိုင်းပဲ နေပြီး ဘဝဆီကနေ ထူးခဲ့တဲ့ ရလဒ်တွေ special result ကို မျှော်လင့်နေတာပါ။ ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်တင်မှု မလုပ်ဘဲနဲ့ ပိုကောင်းတဲ့ အလုပ်၊ ပိုကောင်းတဲ့ လစာ၊ လေးစားမှုနဲ့ သာသာယာယာ ရှိတဲ့ ဘဝကို လိုချင်နေကြတယ်။ အဲ့ဒါတွေ မရတဲ့ အခါကျတော့မှ ငါ့ကံမကောင်းတာ၊ စနစ်က ဘယ်မကောင်းတာ၊ အခွင့်အရေးတွေ မရှိတာလို့ အပြစ်တင်ကြတယ်။ ဒါဟာ သင့်တို့ထဲက လူ အတော်များများ ခံစားဖူးမဲ့ အကြီးမားဆုံး စိတ်ပျက်စရာကြီးပါပဲ။ ဒါကြောင့် မှတ်ထားပါ။ လောကကြီးက သင့်ကို သင်ဖြစ်နေတဲ့ အဆင့်အတန်းနဲ့ ထိုက်တန်သလောက်ပဲ ပေးပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ဆရာက ကျွန်တော့်ကို အကြီးမားဆုံး သင်ခန်းစာ တစ်ခု ပေးခဲ့ဖူးတယ်။ Jim မင်း တစ်ဘဝလုံး ချမ်းသာပြီး ပျော်ပျော်ရွှင်ရွှင် နေချင်တယ်ဆိုရင် တစ်ခုထဲကိုပဲ သင်ယူပါ။ အဲ့ဒါကတော့ မင်းရဲ့ အလုပ်ထက် မင်းကိုယ်မင်း ပိုပြီး ပြုပြင် ဆောက်တည်ဖို့ပဲ တဲ့။ အရာရာကို ပြောင်းလဲချင်ရင် အရင်ဆုံး သင်ကိုယ်တိုင် ပြောင်းလဲရပါမယ်။ ဒါဟာ သင့်တို့လည်း ကျွန်တော့်လိုပဲ မကြားချင်တဲ့ အဖြေမျိုး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါ ကျွန်တော့် ဘဝကို ပြောင်းလဲပေးခဲ့တဲ့ အစွမ်းတက်ဆုံး အဖြေပါပဲ။ သင့်တို့ရဲ့ ဘဝကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။ နံပါတ် ၂ စကြာဝဠာရဲ့ နီယာမ Laws Of The Universe လောကကြီးနဲ့ စကြာဝဠာ တစ်ခုလုံးက ဒီရီယာမ စည်းမျဉ်းတွေနဲ့ လည်ပတ်နေတာပါ။ အရာရာမှာ သူ့ စည်းမျဉ်းနဲ့သူ ရှိပါတယ်။ ကျွန်တော်တို့ ဒီ ကမ္ဘာပေါ်မှာ လူလာ ဖြစ်ပြီ ဆိုရင် အရေးကြီးဆုံးက ဒီ ဘဝရဲ့ စည်းမျဉ်းတွေကို နားလည်ဖို့ပါပဲ။ ဒီ စည်းမျဉ်းတွေကို ကျွန်တော်တို့က ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သိသိသာသာ ဖြစ်စေ၊ မသိမသာ ဖြစ်စေ။ ဒီ စည်းမျဉ်းတွေ အတိုင်းပဲ ကျွန်တော်တို့ ရှင်သန်နေကြရတာပါ။ ဒီ အကြောင်းတွေကို သင် ဘာလို့ သိထားသင့်သလဲ ဆိုရင် ပထမအချက်က ဆုံးရှုံးမှုတွေကနေ ကာကွယ်နိုင်ဖို့ပါပဲ။ ဒီစည်းမျဉ်းတွေကို မသိခဲ့ရင် သင် ဘဝမှာ ငွေကြေး ချို့တဲ့တာ၊ နေထိုင် စိတ်ဆင်းရဲရတာ၊ နာကျင်ရတာမျိုးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဥပမာ အထပ် ၁၀ ထပ်ရှိတဲ့ အဆောက်အအုံ ပေါ်ကနေ ခုန်ချတာ မကောင်းဘူး ဆိုတာ သင် သိထားဖို့ လိုတယ်။ တကယ်လို့ တစ်ယောက်က သူက မသိလို့ ခုန်ချမိတာပါလို့ ပြောရင်တောင် လောကကြီးကတော့ ငါ စိတ်မဝင်စားဘူး။ လူ ဒါကို သိထားသင့်တယ်လို့ပဲ ပြောမှာပါ။ ဒါကြောင့် ဒီ ကမ္ဘာမှာ မသိလို့ပါ ဆိုတာက ဆင်ခြေပေးလို့ မရဘူး။ ဒုတိယ အချက်ကတော့ ဘဝရဲ့ အံ့ဩစရာကောင်းတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ဖို့ပါ။ ပထမဆုံး နည်းယာမကတော့ အသုံးပြုခြင်း နည်းယာမ Law Of Use ပါပဲ။ ဒါ အခြေခံကျဆုံး နည်းယာမ တစ်ခုဖြစ်ပြီးတော့ အသုံးမပြုတဲ့ အရာ မှန်သမျှက ဆုံးရှုံးပျက်စီးသွားလိမ့်မယ်လို့ ဆိုလိုတာပါ။ ဥပမာ သင့်လက်ကို သင့်ကိုယ်မှာ သေချာချည်ထားပြီးတော့ အကြာကြီး အသုံးမပြုဘဲ ထားလိုက်မယ်ဆိုရင် အဲ့ဒီလက်က သေသွားပါလိမ့်မယ်။ လက်ကတော့ ရှိနေဦးမှာပါ။ ဒါပေမဲ့ ဘာမှ လုပ်လို့ မရတော့ဘူး။ ဒီစည်းမျဉ်းက ခန္ဓာကိုယ် အတွက်တင် မဟုတ်ပါဘူး။ နေရာတိုင်းမှာ ရှိပါတယ်။ ကိုယ့်မှာရှိတဲ့ ပါရမီ talent ကို အသုံးမချရင် တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမယ်။ စိတ်ခံစားချက်တွေကို အသုံးမချရင် တဖြည်းဖြည်းနဲ့ သေဆုံးသွားမယ်။ စွမ်းအင် energy ကို အသုံးမချရင် ကုန်ဆုံးသွားမယ်။ ဒီနေ့ကို အသုံးမချရင် ဒီနေ့က ဆုံးရှုံးသွားပြီ။ မနက်ဖြန်ကို အသုံးမချရင်လည်း မနက်ဖြန်က ဆုံးရှုံးဦးမှာပဲ။ ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ရှေးကျပြီးတော့ အင်မတန် အစွမ်းထက်တဲ့ ပုံပြင်လေး တစ်ပုဒ် ရှိပါတယ်။ တစ်ခါက ရွှေပြားတွေ အများကြီး ပိုင်ဆိုင်တဲ့ အရှင်သခင် တစ်ယောက် ရှိတယ်။ တစ်နေ့မှာ သူက သူ့ရဲ့ အစေခံ ၃ယောက်ကို ခေါ်ပြီးတော့မှ ပြောတယ်။ ငါ ခရီး ခဏ သွားစရာ ရှိတယ်။ ဒါကြောင့် မင်းတို့ ၃ယောက်ကို ရွှေပြားတွေ ခွဲပေးခဲ့မယ်။ ငါ ပြန်လာတဲ့ အခါကျရင် မင်းတို့ အဲ့ဒီ ရွှေပြားတွေကို ဘာလုပ်ထားသလဲ ဆိုတာ ကြည့်ကြတာပေါ့ တဲ့။ ပထမ အစေခံကို ရွှေပြား ၅ပြား ပေးတယ်။ ဒုတိယ အစေခံကို ၂ပြား ပေးတယ်။ တတိယ အစေခံကိုလည်း ၂ပြား ပေးခဲ့တယ်။ အဲ့ဒီနောက်မှာ အရှင်သခင်က ထွက်သွားပါတယ်။ ပထမ အစေခံကတော့ ရွှေပြား ၅ပြားကို အသုံးချခဲ့တယ်။ သူက စွန့်စားခဲ့တယ်။ အလုပ်ထဲမှာ ရင်းနှီး မြှုပ်နှံခဲ့တယ်။ ရှုံးနိမ့်ပြီး ပြန်သင်ယူတယ်။ စတုတ္ထတယ်။ အချိန် ကြာလာတာနဲ့အမျှ အဲ့ဒီ ၅ပြားက ၆ပြား၊ ၈ပြားကနေ ၁၀ပြား ဖြစ်လာခဲ့တယ်။ အရှင်သခင် ပြန်လာတော့ သူက ပြောတယ်။ အရှင် ကျွန်တော့်ကို ပေးခဲ့တဲ့ ၅ပြားကို ကျွန်တော် အသုံးချခဲ့လို့ အခုဆိုရင် ၂ဆ ဖြစ်နေပြီ တဲ့။ အရှင်သခင်က သဘောကျပြီးတော့ အရမ်းတော်တယ်လို့ ချီးကျူးတာပေါ့။ ဒုတိယ အစေခံ မှာလည်း ၂ပြားရှိတယ်။ သူလည်း အလားတူပဲ လုပ်ခဲ့လို့ ၂ပြားကနေ ၄ပြား ဖြစ်လာခဲ့တယ်။ အရှင်သခင်က သူ့ကိုလည်း ချီးကျူးတာပေါ့။ အခု တတိယ အစေခံ အလှည့် ရောက်တော့ သူ့မှာလည်း ၂ပြား ရှိပေမဲ့ သူ ခေါင်းထဲမှာ အတွေးတွေ များနေခဲ့တယ်။ သူက ငါသာ ရွှေပြားတွေ ဆုံးရှုံးသွားရင် ဘယ်လို လုပ်မလဲ။ ရှုံးနိမ့်သွားရင် ငါ့မှာ ဘာမှ မကျန်ပါ မဟုတ်ဘူး။ စွန့်စားရတာ မထိုက်တန်ပါဘူးလို့ တွေးပြီးတော့ အဲ့ဒီ ရွှေပြားတွေကို အဝတ်နဲ့ထုတ် မြေကြီးထဲမှာ ဂျင်တူးပြီး မြှုပ်ထားလိုက်တယ်။ ဒါမှ လုံခြုံမယ်၊ ပျောက်မသွားဘူးပေါ့။ အရှင်သခင် ပြန်လာတဲ့ အခါ သူက ပြောတယ်။ အရှင် ကျွန်တော့်ကို ပေးခဲ့တဲ့ ၂ပြားကို ကျွန်တော် သေချာ သိမ်းထားပါတယ်။ ဒီမှာကြည့်ပါ။ ပေးခဲ့တဲ့ အတိုင်း ပြန်ယူလာခဲ့တယ်။ ဘာမှ မဆုံးရှုံးခဲ့ပါဘူးတဲ့။ အဲ့ဒီအခါမှာ အရှင်သခင်က မင်း ဘာမှ မဆုံးရှုံးခဲ့တာ မှန်ပေမဲ့ ဘာမှလည်း အသစ် ဖြစ်အောင် မလုပ်ခဲ့ဘူးတဲ့။ အဲ့ဒီလူဆီက ၂ပြားကို ပြန်ယူပြီး ၁၀ပြားရှိတဲ့ သူဆီကို ပေးလိုက်ပါတယ်။ တချို့က ပြောကြလိမ့်မယ်။ ဒါ မတရားဘူး။ ဟိုလူမှာ ၁၀ပြားတောင် ရှိနေတာပဲပေါ့။ ဒါပေမဲ့ မှတ်ထားပါ။ ဘဝဆိုတာက ဒီအတိုင်းပဲ လည်ပတ်နေတာပါ။ အသုံးမချတဲ့ အရာ မှန်သမျှက သင့်ဆီကနေ တဖြည်းဖြည်း ပြန်လည် ရုပ်သိမ်းခြင်း ခံရမှာပါ။ ဒါကြောင့် ဒီနေ့ပဲ ပြန် စစ်ဆေးကြည့်ပါ။ သင့်ရဲ့ ပါရမီတွေကို အသုံးချနေရဲ့လား။ သင့်ရဲ့ အရည်အချင်းတွေကို အသုံးချနေရဲ့လား။ အသုံးမချဘဲ ထားတဲ့ အရာ မှန်သမျှကို သင်ဟာ လက်လွတ် ဆုံးရှုံးနေရတာပါ။ အခု သင့်မှာ ရှိနေတဲ့ အရာက နည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ အသုံးချလိုက်ပါ။ နှစ်ဆ၊ ၁၀ဆ၊ အဆ ၁၀၀ ဖြစ်လာအောင် လုပ်ပါ။ မဟုတ်ရင်တော့ မနက်ဖြန်မှာ အဲ့ဒါတွေက ရှိတော့မှာ မဟုတ်ပါဘူး။ ဒုတိယ နည်းယာမ မျိုးစေ့ချခြင်းနဲ့ ရိတ်သိမ်းခြင်း နည်းယာမ Law Of Sowing And Reaping ဒီ နည်းယာမကို ကျွန်တော်တို့ ငယ်ငယ် ကတည်းက ကြားဖူးပါတယ်။ ကိုယ်စိုက်တဲ့ အတိုင်း ရိတ်သိမ်းရမယ်ဆိုတာလေး။ အရမ်း ရိုးရှင်းပြီး ရှင်းတယ် မလား။ ဒါကို ကျွန်တော် သိခဲ့ပေမဲ့ ကျွန်တော့် ဘဝမှာ ဘာမှ မပြောင်းလဲခဲ့ပါဘူး။ အဲ့ဒီနောက်မှာ ကျွန်တော့်ရဲ့ ဆရာက စကား တစ်ခွန်း ပြောလိုက်တဲ့ အခါမှာတော့ အရာအားလုံး ရှင်းသွားပါတယ်။ သူက ဒီ နီယာမကို ပြောင်းပြန် ဖတ်ကြည့်စမ်း။ ဆိုလိုတာက အခု သင် ရိတ်သိမ်း နေရတဲ့ ရလဒ်တွေ က သင် အရင်က စိုက်ခဲ့တဲ့ မျိုးစေ့တွေပဲ ဆိုတာပါပဲ။ အဲ့ဒီမှာတင် ကျွန်တော့် မျက်စိတွေက ပွင့်သွားခဲ့တယ်။ ဘဝမှာ သင့်အတွက် ရုန်းကန် လှုပ်ရှားမှုတွေချည်းပဲ ရှိနေတာ မဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးမှု ဆိုတာ လူတစ်ယောက် အတွက် သတ်မှတ်ထားတဲ့ အဆင့်အတန်း မဟုတ်ပါဘူး။ လောကကြီးမှာ ကျွန်တော်တို့ကို ပေးစရာ အံ့ဩစရာ ကောင်းတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဒီ ကမ္ဘာမှာ ပိုက်ဆံ အများကြီး ရှာနိုင်ဖို့၊ ဘဝကို အကောင်းဆုံး ခံစားနိုင်ဖို့ ဆိုတာ ဖြစ်နိုင်ပါတယ်။ မေးခွန်းက ဖြစ်နိုင်သလား ဆိုတာ မဟုတ်ကပဲနဲ့ သင် ရွေးချယ်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဆို သင်က မေးလိမ့်မယ်။ လူအများစုက ဘာလို့ မချမ်းသာကြတာလဲ ပေါ့။ အဖြေမှန်ကတော့ လူတွေဟာ အခြေခံ စည်းမျဉ်းတွေကို နားမလည်ချင်ကြလို့ပါ။ လူတွေက မျိုးစေ့မစိုက်ဘဲနဲ့ ရိတ်သိမ်းချင်ကြတယ်။ ပိုက်ဆံတွေက ဝင်မလာဘူး။ ဘဝက မတရားဘူး။ ပြဿနာတွေ များလိုက်တာလို့ ညည်းတွားကြပေမဲ့ သူတို့ နေ့တိုင်း ဘာမျိုးစေ့တွေ စိုက်နေသလဲ ဆိုတာကိုတော့ ပြန်မကြည့်ကြဘူး။ ဒီနေ့ခေတ်မှာ ပြဿနာက အချိန် မရှိတာ မဟုတ်ပါဘူး။ ပြဿနာက အချိန်တွေကို TV ကြည့်ရင်းနဲ့ တခြား အာရုံပြန့်လွင့်စရာတွေ ထဲမှာ ကုန်ဆုံးနေတာပါ။ အဲ့ဒီ နာရီတွေကို အသုံးချရင် အသိဉာဏ်တွေ ရနိုင်တယ်။ ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်နိုင်တယ်။ ဝင်ငွေတွေ ဖန်တီးနိုင်ပြီး အနာဂတ်ကို တည်ဆောက်နိုင်တယ်။ ဒေါ်လာ ထောင်ပေါင်း များစွာ ရှာနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ အချိန်တွေကို TV က နှုတ်ယူပစ်လိုက်တာပါ။ အလကား ရတယ်လို့ ထင်တဲ့ အရာတွေဟာ တကယ်တော့ ဈေးကြီးဆုံးပါပဲ။ နံပါတ် ၃ ရည်မှန်းချက် သတ်မှတ်ခြင်း Goal Setting အခု ကျွန်တော် အကြိုက်ဆုံး အကြောင်းအရာ ဖြစ်တဲ့ Goal Setting အကြောင်းကို ပြောပြပါမယ်။ ကျွန်တော် အသက် ၂၅ နှစ်အရွယ်မှာ လူ တစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက ကျွန်တော့်ကို ရည်မှန်းချက် သတ်မှတ်တဲ့ နည်းလမ်းကောင်း တစ်ခု သင်ပေးခဲ့ပြီးတော့ အဲ့ဒါ ကျွန်တော့် ဘဝရဲ့ အကြီးမားဆုံး အချိုးအကွေ့ ဖြစ်လာခဲ့ပါတယ်။ လူ အတော်များများက တစ်ဘဝလုံး အလုပ်တွေ ရှုပ်ကြတယ်။ ကြိုးစားနေကြတယ်။ ဒါပေမဲ့ ဘယ် Goal မှ မရောက်ကြဘူး။ ကျွန်တော် ကံကောင်းတာကတော့ အသက် ၂၅ နှစ်မှာပဲ ကျွန်တော့် ဘဝကို ပြောင်းလဲပေးမဲ့ ဒီ ပညာကို သင်ပေးခဲ့တဲ့ လူနဲ့ ဆုံခဲ့တာပါ။ မနက်စာ စားနေတဲ့ အချိန် တစ်ခုမှာ သူက ကျွန်တော့်ကို မေးတယ်။ Jim မင်းရဲ့ လက်ရှိ ရည်မှန်းချက် စာရင်း Goal List ကို ပြပါဦးတဲ့။ ကျွန်တော်က ဆရာ ကျွန်တော့်မှာ အဲ့ဒီလို စာရင်းမျိုး မရှိပါဘူးလို့ ပြန်တော့ အဲ့ဒီမှာတင် ဆရာက ပြောတယ်။ ဒီမှာတင် ပြဿနာက စတာပဲတဲ့။ ပြီးတော့ ကျွန်တော့်ကို ဒေါင်းလို့ သွားမဲ့ စကား တစ်ခွန်း သူ ပြောလိုက်တယ်။ မင်းမှာသာ ရည်မှန်းချက် စာရင်း Goal List မရှိဘူးဆိုရင် မင်းရဲ့ ဘဏ်စာရင်း ထဲမှာ ပိုက်ဆံ ဘယ်လောက် ရှိသလဲဆိုတာ ငါ အသာလေး ခန့်မှန်းလို့ ရတယ်တဲ့။ တကယ်လည်း သူ ခန့်မှန်းတာ တန်းတိုးတာပဲ။ ကျွန်တော်လည်း ချက်ချင်း ပြန်မေးတယ်။ ဆရာ ရည်မှန်းချက်တွေ ချရေးလိုက်ရုံနဲ့တင် ကျွန်တော့် ဘဏ်စာရင်းက ပြောင်းလဲသွားမှာလားပေါ့။ သူက ၁၀၀ ရာခိုင်နှုန်း ပြောင်းလဲမှာပေါ့တဲ့ ပြန်ဖြေတယ်။ အဲ့ဒီနေ့က စပြီး သူပြောတဲ့ အတိုင်းပဲ ကျွန်တော် လုပ်ခဲ့တယ်။ ရလဒ်ကလည်း သူပြောသလိုပဲ ဖြစ်လာခဲ့ပါတယ်။ စီးပွားရေး လူမှုရေး တစ်ကိုယ်ရေ တိုးတက်မှု အစရှိတဲ့ အဆင့်အတန်း အားလုံးမှာ ကျွန်တော့် ဘဝက ၁၈၀ ဒီဂရီ လုံးဝကို ပြောင်းလဲသွားခဲ့တာပါ။ ဒါကြောင့် ဒီနေ့ ဒီအချက်ကို သင့်တို့ ကိုလည်း ကျွန်တော် သင်ပေးပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ အချက် တစ်ချက်တည်းနဲ့တင် သင့် ဘဝကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်လို့ပါ။ ဒါကို အပိုင်း နှစ်ပိုင်းနဲ့ ခွဲခြားထားပါတယ်။ နံပါတ် (၁) အကြောင်းပြချက် Reason နဲ့ နံပါတ် (၂) Goal ရည်မှန်းချက် ဘယ်လို သတ်မှတ်မလဲ။ နံပါတ် ၁ ဆရာက ကျွန်တော့်ကို ပြောတယ်။ Jim မင်းမှာသာ ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခု ရှိမယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာတွေကိုတောင်မှ မင်း လုပ်နိုင်လိမ့်မယ်တဲ့။ အဲ့ဒီ စကားတစ်ခွန်းက ကျွန်တော့်အတွက်တော့ ပွဲသိမ်း စကားပါ။ မင်းမှာ ဉာဏ်ရည် ဉာဏ်သွေးရှိတယ်။ မင်း ကြိုးစားနိုင်တယ်။ အရည်အချင်းရှိတယ်။ အရင်းအမြစ်တွေလည်း ရှိတယ်။ အားလုံး ရှိတယ်။ ပြဿနာက အဲ့ဒါတွေ မရှိတာ မဟုတ်ဘူး။ ပြဿနာက မင်းမှာ ခိုင်မာတဲ့ အကြောင်းပြချက် strong reason မရှိတာပဲ။ မှတ်ထားပါ။ သင့်ရဲ့ ဘဏ်စာရင်းက သင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို တိုင်းတာတဲ့ စံနှုန်း အဆင့်အမှန် မဟုတ်ပါဘူး။ သင်ဟာ သင့် ဘဏ်စာရင်း ထဲက ပိုက်ဆံထက် အများကြီး ပိုပြီး တော်တဲ့သူပါ။ ဒါဆို ဘာလို့ ပိုက်ဆံတွေ အများကြီး မရှိသေးတာလဲလို့ မေးစရာ ရှိလာမယ်။ အဖြေကတော့ အကြောင်းပြချက်က မကြီးမားသေးလို့ပါပဲ။ အကြောင်းပြချက် ခိုင်မာမှု မရှိသရွေ့ ဘဝက သင့်ကို လမ်းပြပေးမှာ မဟုတ်ဘူး။ ခိုင်မာတဲ့ အကြောင်းပြချက်တွေ ယူဆောင်လာတဲ့သူကိုပဲ လောကကြီးက လမ်းပြပေးတာပါ။ ဒါဆိုရင် သင်က ဘယ်လို အရာတွေကို အကြောင်းပြချက် reason အနေနဲ့ သတ်မှတ်နိုင်မလဲ ဆိုတာကို ကြည့်ရအောင်။ နံပါတ် ၁ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များ Personal Reasons တချို့ လူတွေက အသိအမှတ်ပြု ခံရဖို့ ကြိုးစားကြတယ်။ တချို့က လေးစားမှု ရဖို့ ကြိုးစားကြတယ်။ တချို့ကျတော့လည်း ငါက အောင်နိုင်သူ တစ်ယောက်ပဲ ဆိုတဲ့ ခံစားချက်လေးတွေ အတွက် ကြိုးစားကြတယ်။ ဒါတွေ အားလုံးက အကြောင်းပြချက် ကောင်းတွေပဲ။ ကျွန်တော့်မှာ သန်းကြွယ် သူဌေး သူငယ်ချင်း တချို့ ရှိပါတယ်။ သူတို့က အခု ဒီတစ်နေ့ကို ၈ နာရီ၊ ၁၀ နာရီ၊ ၁၂ နာရီ အလုပ်လုပ်နေကြတုန်းပဲ။ သူတို့က ပိုက်ဆံ ထပ် လိုချင်လို့ မဟုတ်ဘူး။ အနိုင်ရတဲ့ အရသာကို လိုချင်လို့ ဒါကလည်း အကြောင်းပြချက် တစ်ခု ဖြစ်နိုင်ပါတယ်။ နံပါတ် ၂ မိသားစု ဆိုင်ရာ အကြောင်းပြချက်များ Family Reasons ကျွန်တော်တို့ လူသားတွေက တစ်ယောက်နဲ့တစ်ယောက် အလွန်အမင်း နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေကြပါတယ်။ တစ်ခါတလေ ကိုယ့်အတွက် ကိုယ်တောင်မှ မလုပ်ဖြစ်တဲ့ အရာတွေကို တခြား တစ်ယောက်အတွက်ကျတော့ လုပ်ပေးဖြစ်သွားတတ်ပါတယ်။ ကျွန်တော် လူတစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ်။ သူက ပြောပါတယ်။ Mr. Rohn ကျွန်တော် ကျွန်တော့် မိသားစုနဲ့အတူ ကမ္ဘာပတ်ချင်တယ်ဆိုရင် အနည်းဆုံး တစ်နေ့ကို ၅သိန်းလောက် လိုချင်တယ် တဲ့။ ကျွန်တော် တွေးမိတာက ဟာ ကိုယ့်မိသားစုဆိုတဲ့ အကြောင်းပြချက်က လူတစ်ယောက်ကို ဒီလောက်တောင်မှ တွန်းအားပေးနိုင်သလား ဆိုတာပေါ့။ တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်း အားပေးမှုကြောင့် ကိုယ့်ရဲ့ အကန့်အသတ်တွေကို ချိုးဖျက်ပြီးတော့ ထူးခဲ့တဲ့ အလုပ်တွေ လုပ်နိုင်ကြတဲ့ သူတွေက တကယ်ကို ကံကောင်းကြပါတယ်။ နံပါတ် ၃ အစွမ်းထက်ဆုံး အချက် Powerful Reason ကတော့ Andrew Carnegie ကွယ်လွန်ပြီးတဲ့ နောက် သူ့ရဲ့ စားပွဲခုံကို ဖွင့်ကြည့်တဲ့ အခါမှာ စာရွက်လေး တစ်ရွက် တွေ့ခဲ့ရတယ်။ အဲ့ဒီ အပေါ်မှာ သူ အသက် ၂၀ ကျော် ကတည်းက ရေးထားခဲ့တဲ့ ဘဝ ရည်မှန်းချက် ရှိနေပါတယ်။ အဲ့ဒါကတော့ ငါ ဘဝရဲ့ ပထမပိုင်း တစ်ဝက်ကို ပိုက်ဆံ ရှာဖို့ အသုံးချမယ်။ ဒုတိယပိုင်း တစ်ဝက်ကိုတော့ အဲ့ဒီ ပိုက်ဆံ အားလုံးကို လိုအပ်နေတဲ့ သူတွေဆီကို ပြန်ပေးလှူဖို့ အသုံးချမယ် ဆိုတာပါပဲ။ ဒီ ရည်မှန်းချက်၊ ဒီ အကြောင်းပြချက်က သူ့ကို ဘယ်လောက်တောင် တွန်းအားပေးစီးခဲ့သလဲ ဆိုရင် သူက ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ ဘဝရဲ့ ဒုတိယပိုင်းမှာလည်း သူပြောတဲ့ အတိုင်း အားလုံးကို ပြန်လှူဒါန်းခဲ့တယ်။ အံ့ဩစရာ ကောင်းတယ် မလား။ ဒါက သူစိမ်းတွေ အတွက် တစ်ခုခု လုပ်ပေးချင်တဲ့ အစွမ်းတက်ဆုံး အကြောင်းပြချက်ပါပဲ။ အခု သင့်ကို မေးခွန်း တစ်ခု မေးပါရစေ။ သင့်ကို မနက် စောစော နိုးထစေဖို့၊ ညဉ့်နက်တဲ့ ထိ အလုပ်လုပ်စေဖို့နဲ့ တစ်နေကုန် တက်ကြွနေစေဖို့ ဘယ် အရာက တွန်းအားပေးနေသလဲ။ သင့်ကို အရူးအမူး သွားစေလောက်တဲ့ အထိ စိတ်အား ထက်သန်စေတဲ့ အရာက ဘာလဲ။ ကျွန်တော် ရည်ရွယ်ကို ရလိုက်တဲ့ နေ့မှာပဲ ကျွန်တော့် ဘဝက ပေါက်ကွဲ ထွက်သွားသလိုပဲ ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော် လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ဖြစ်အောင်၊ ပျင်းရိ မနေအောင်၊ အချိန် မဖြုန်းမိအောင် တွန်းအားပေးမဲ့ အကြောင်းပြချက် စာရင်း အရှည်ကြီးကို ချရေးလိုက်တယ်။ အဲ့ဒီလိုနဲ့ အသက် ၂၅ နှစ်မှာ စတင် တောက်လောင်ခဲ့တဲ့ မီးတောက်က ဒီနေ့ထိ မငြိမ်းသေးပါဘူး။ ဒီလို အကြောင်းပြချက်တွေက ကျွန်တော့် ဘဝကို ပြောင်းလဲပေးခဲ့တာပါ။ အခု ကျွန်တော့် ဘဝထဲက ဖြစ်ရပ် တစ်ခုကို ပြောပြပါရစေ။ ဒါဆိုရင် သင် ပိုပြီးတော့မှ ရှင်းလင်းသွားပါလိမ့်မယ်။ ပထမ တစ်ခုက ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဇာတ်လမ်းပါ။ အသေးအမွှားလေးလို့ ထင်ရတဲ့ အရာက ကျွန်တော့် အတွက် အကြီးမားဆုံး အကြောင်းပြချက် ဖြစ်လာပြီးတော့ ဒေါ်လာ သန်းပေါင်း များစွာ ရှာနိုင်ခဲ့တဲ့ အကြောင်းပေါ့။ အဲ့ဒီ အချိန်က ကျွန်တော့် ဘဝမှာ အတော်လေး အခြေအနေ ဆိုးနေတဲ့ အချိန်ပါ။ အကြွေးတွေလည်း များကြီး၊ ပေးစရာ ဘေလ်တွေကလည်း တောင်းမှု ရဖို့။ အဲ့တော့ ကျွန်တော်က အကြွေးကြီးကြီးမားမား တစ်ခုတည်း ယူလိုက်မယ်။ ပြီးရင် ကျန်တဲ့ အကြွေး သေးသေးလေးတွေ အကုန် ဆပ်လိုက်မယ်။ ဒါဆို အကြွေးကြီး တစ်ခုပဲ ကျန်တော့မယ်လို့ တွေးပြီး လုပ်လိုက်မိတယ်။ ခဏတော့ စိတ်အေးသွားတာပေါ့။ ဒါပေမဲ့ ပြဿနာက အဲ့ဒီ အကြွေးကြီးကို ပြန်ဆပ်ဖို့ကျတော့ မဖြစ်နိုင်သလောက် အခက်အခဲ သွားပါပြီ။ အဲ့ဒီမှာတင် စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုတွေ စတော့တာပဲ။ လူတစ်ယောက်က နေ့ရောညပါ ဖုန်းဆက်တယ်။ မနက်လည်း ဆက် ညလည်း ဆက်။ အိပ်ခါနီးလည်း ဆက်တယ်။ ဆက်တိုင်းလည်း တရားစွဲမယ်။ ဂုဏ်သိက္ခာ ဖျက်ဆီးပစ်မယ်။ ကျွန်တော့် ကားကို အိမ်နီးနားခြင်းတွေ ရှိမှာ ဆွဲထုတ်သွားမယ်။ မိသားစု ရှေ့မှာ အရှက်ခွဲပစ်မယ်ဆိုပြီးတော့ အချိန်ကြောက်တာပါ။ အမှန်အတိုင်း ပြောရရင်တော့ အဲ့ဒီ အချိန်မှာ ကျွန်တော် ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဘာမှ မရှိတဲ့ လူဆင်းရဲ ဖြစ်နေလို့ပါ။ ဘာပြောရမလဲ။ ဒါပေမဲ့ ဒီ စကားတွေကို ကျွန်တော် မမေ့ခဲ့ဘူး။ နောက်တော့ ဘဝက တစ်ပတ် ပြန်လည်လာတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြုပြင် တည်ဆောက်တယ်။ ပိုက်ဆံတွေ ဝင်လာတယ်။ ပိုက်ဆံတွေ အများကြီး ရလာတဲ့ အခါမှာ ကျွန်တော့်ရဲ့ ပြန်မဆပ် စာရင်းထဲက ပထမဆုံး လူက အဲ့ဒီ လူပါပဲ။ ကျွန်တော် တစ်နေ့မှာ စာရင်းတွေ အကုန် တွက် သူ့ကို ပေးရမဲ့ ပိုက်ဆံတွေကို လက်စွဲ အိတ်ကြီး ထဲ ထည့်ပြီးတော့ ကျွန်တော့်ကို နှိမ့်ခဲ့တဲ့ သူ ရုံးခန်း ထဲ အထိ တန်းသွားလိုက်တယ်။ လက်ဆွဲ အိတ်ကို ဖွင့် ပိုက်ဆံတွေကို သူ့ စားပွဲ ပေါ်ကို ပုံချလိုက်ပြီးတော့ ရည်တွက်လိုက်တော့ ငါ ဒီလို ညံ့ဖျင်းတဲ့ နေရာကို နောက်တစ်ခါ ထပ်မလာတော့ဘူးလို့ပဲ ပြောခဲ့ပါတယ်။ သူက ဆွံ့အ သွားပြီးတော့ ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ ကျွန်တော်ကတော့ နောက်ကို လှည့်မကြည့်ဘဲနဲ့ ထွက်လာခဲ့တယ်။ ဒီလို လုပ်ရပ်က သိက္ခာ တော်ရ ဉာဏ်ကျစရာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ တစ်ခုတော့ သေချာတယ်။ ဒါ လုပ်ဖို့ လိုအပ်ခဲ့တယ်။ တစ်ခါတလေ ဘဝမှာ ပိုက်ဆံ ပြန်ဆပ်ရုံနဲ့ မလုံလောက်ဘူး။ ကိုယ့်ရဲ့ သိက္ခာ ကိုပါ ပြန်ယူရတာမျိုး ရှိပါတယ်။ အကယ်၍ သင်ဟာ ကိုယ့်သိက္ခာ အပျက်စီး ခံရတာမျိုး ကြုံဖူးရင် အဲ့ဒါကို အလတ်အသတ် အဖြစ် မခံပါနဲ့။ အဲ့ဒီလို အခိုက်အတန့်တွေကို ခိုင်မာတဲ့ အကြောင်းပြချက် strong reason အနေနဲ့ ပြောင်းလဲလိုက်ရင် သင့် ဘဝရဲ့ ဦးတည်ချက် တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။ ဒုတိယ ဇာတ်လမ်းကတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် အကြောင်းပါ။ သူက ကျောင်းဆရာ တစ်ယောက်။ အလုပ်ကလည်း သိက္ခာရှိတဲ့ အလုပ်ပေါ့။ ဒါပေမဲ့ အမှန်တရားက သူ ဒီအလုပ်ကို လုပ်ရတာ အရမ်း ပင်ပန်းနေပြီ။ ဒီလိုနဲ့ တစ်နေ့မှာ သူ ဆုံးဖြတ်လိုက်တယ်။ တော်ပြီ။ ငါ အရောင်း လောက sales ထဲကို ဝင်ပြီးတော့ သူဌေး ဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ပေါ့။ သူ့ရဲ့ သတ္တိကို ကြည့်ဦး။ ဘယ်သူ့ကိုမှ မပြောဘူး။ ခိုင်မာတဲ့ အကြောင်းပြချက်လည်း မရှိသေးဘဲနဲ့ အလုပ်ထွက်ပြီး အရောင်း လောကထဲကို ခုန်ဆင်းလိုက်တာပါ။ အဲ့ဒီမှာတင် သူ့လူတွေက သူ့ကို အရင်ဆုံး လှောင်ကြတော့တာပဲ။ အလုပ်ထွက်လိုက်တာနဲ့ သူ့ အစ်ကိုက စပြီး လှောင်တယ်။ မင်း ရူးသွားပြီလား။ ကျောင်းဆရာ အလုပ်လေးတောင် လုပ်နေတာ အေးဆေးပဲကို။ အခုတော့ အလုပ်လည်း ပြုတ်ပြီ။ ဘာလုပ်စားမလဲဆိုပြီးတော့ အစွမ်းကုန် နှိမ့်ချ ပြောဆိုခဲ့တယ်။ အဲ့ဒီ သူငယ်ချင်းက နောက်ပိုင်းမှာ ကျွန်တော့်ကို ပြန်ပြောပြတယ်။ ငါ့ကိုယ်ငါ နှိမ့်ချ ပြောဆိုတဲ့ နေ့က ငါ အရမ်း ဒေါသ ထွက်သွားတယ်။ အဲ့ဒီ ဒေါသကိုပဲ ငါ့ရဲ့ ခိုင်မာတဲ့ အကြောင်းပြချက် strong reason အနေနဲ့ ပြောင်းလဲလိုက်တယ်။ ချမ်းသာအောင် လုပ်ပြမယ်လို့ ဆုံးဖြတ်ခဲ့တာ။ ဒီနေ့ မှာတော့ Robert Rew ဆိုတဲ့ အဲ့ဒီ လူက ကျွန်တော့်ရဲ့ သန်းကြွယ် သူဌေး သူငယ်ချင်းတွေထဲက တစ်ယောက် ဖြစ်နေပါတယ်။ The biggest revenge is massive success. အကြီးမားဆုံး လက်စားချေခြင်း ဆိုတာ အကြီးအကျယ်ဆုံး အောင်မြင်မှုပါပဲ။ လက်စားချေဖို့ အတွက် အော်ဟစ်နေစရာ မလိုဘူး။ ရန်ပြုနေစရာလည်း မလိုဘူး။ ဟိုလူတွေ ပါးစပ် ပိတ်သွားအောင် အထိ အောင်မြင်အောင် လုပ်ပြလိုက်ရုံပါပဲ။ ဒီနေ့ သင့်ကို ကျွန်တော် မေးမယ်။ ဘယ်အရာ သင့်ဘဝကို ပြောင်းလဲပစ်နိုင်လောက်တဲ့ အထိ ဒေါသ ထွက်ဖူးရဲ့လား။ လူတွေက ပိုက်ဆံ ဆိုတာ ဉာဏ်ကောင်းမှ ရတာလို့ ထင်နေကြသလား။ မဟုတ်ပါဘူး။ ကြွယ်ဝ ချမ်းသာမှု ဒါမှမဟုတ် ပိုက်ဆံဆိုတာ intelligence ဉာဏ်ကစားရတဲ့ ပွဲ မဟုတ်ဘူး။ စိတ်ဓာတ် ပြင်းပြမှု inspiration ကစားပွဲပါ။ သင့်ရဲ့ အကြောင်းပြချက် စာရင်းကို ဘယ်လောက်တောင်မှ ရှည်အောင် လုပ်ထားရမလဲဆိုရင် သင့် အတွက် ခဏတာ စိတ်ဓာတ် တက်ကြွမှု motivation ဆိုတာကို တောင်မှ ထပ်ရှာစရာ မလိုတော့တဲ့ အထိ ဖြစ်ရမယ်။ ဘဝကို ပြောင်းလဲဖို့ ဗဟုသုတတွေ အများကြီး မလိုဘူး။ ပြည့်စုံလုံတဲ့ အစီအစဉ်တွေလည်း မလိုဘူး။ သင့်ကို အတွင်း စိတ်ထဲကနေ တွန်းလှုပ်သွားစေမဲ့ အကြောင်းပြချက် တစ်ခုပဲ လိုတာ။ ဘာလို့လဲဆိုတော့ အကြောင်းပြချက်က ခိုင်မာနေပြီဆိုရင် စည်းကမ်းရှိတာ ကြိုးစားတာ ဆွဲရှိတာတွေက သူ့အလိုလို နောက်ကနေ လိုက်လာတာမျိုးပါ။ Friedrich Nietzsche က ပြောဖူးတယ်။ အကယ်၍ သင်က why ဘာကြောင့်လဲ ဆိုတာကို သိရင် How ဘယ်လို အခက်အခဲမျိုးကိုမဆို ကျော်ဖြတ်နိုင်လိမ့်မယ်တဲ့။ ဒါကြောင့် သင့် ဘဝ ရဲ့ ရလဒ်က သင့်မှာ ဘယ်လောက် ခိုင်မာတဲ့ အကြောင်းပြချက်တွေ ရှိသလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်နေတာပါ။ အခု လောလောဆယ်မှာ ဘာလုပ်ရမလဲ မသိသေးရင်တောင် မစိုးရိမ်ပါနဲ့။ အကြောင်းပြချက် စာရင်းကို စပြီး ချရေးလိုက်တာနဲ့ အသေးအမွှားလေးတွေ စလုပ်လိုက်တာနဲ့ လမ်းကြောင်းက ပေါ်လာပါလိမ့်မယ်။ အဖြေတွေ အားလုံးလည်း ထွက်လာပါလိမ့်မယ်။ ရည်မှန်းချက် Goal ကို ဘယ်လို သတ်မှတ်မလဲ။ ကျွန်တော် ဘယ်လို လုပ်ခဲ့သလဲ။ အရင်ဆုံး သင်က ရေရှည် ရည်မှန်းချက် Long Range Goals တွေကို အစီအစဉ် ချရမယ်။ ဒါတွေက သင့်အတွက် သင့် မိသားစုအတွက် ၂နှစ်၊ ၃နှစ်၊ ၅နှစ်စာ အိပ်မက်တွေပေါ့။ ဘယ်ကို သွားချင်လဲ။ ဘာဖြစ်ချင်လဲ။ ဘာတွေ မြင်ချင်လဲ။ ဘယ်လို ဘဝမျိုးနဲ့ နေချင်သလဲ။ အချစ်နဲ့ ပတ်သက်တဲ့ အိပ်မက်၊ လွတ်လပ်ခွင့်၊ ခရီးသွားဖို့ အိပ်မက်။ စိတ်ထဲရှိတာ အကုန် ချရေးလိုက်ပါ။ ပြီးရင် အခါအားလျော်စွာ ပြန်ပြန် ကြည့်ပေးပါ။ ဒီ အိပ်မက်တွေကို အကောင်အထည် ဖော်ဖို့ ကျွန်တော်က ရည်မှန်းချက်တွေကို ခဏ ၃ ခု ခွဲထားပါတယ်။ နံပါတ် ၁ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များ Economic Goals ပိုက်ဆံက လူတိုင်းရဲ့ ဘဝမှာ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေတာကြောင့် ဒါကို အသေးစိတ် စီစဉ်ပါ။ တစ်လတိုင်း နှစ်တိုင်းမှာ သင် ဘယ်လောက် ရှာချင်သလဲ။ တကယ်လို့ သင်က တစ်ယောက်ကို ဒီနေ့ အတိအကျ ဘယ်လောက် ရှာမှာလဲလို့ သွားမေးရင် သူက မင်း ဘာတွေ လာပြောနေတာလဲလို့ ပြန်ပြောလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်မှုရဲ့ ရိုးရှင်းတဲ့ အဓိပ္ပာယ်ကတော့ သာမန်လူတွေ မလုပ်တဲ့ အရာကို လုပ်တာပါ။ အရှုံးသမားတွေဟာ စီးပွားရေးကို အစီအစဉ် မချလို့ ရှုံးရတာပါ။ အောင်နိုင်သူတွေကတော့ စီးပွားရေးကို အသေးစိတ် အစီအစဉ် ချကြတယ်။ ဒါကြောင့်လည်း သူတို့ဟာ ထိပ်တန်း ၅ ရာခိုင်နှုန်း Top Five Percent ထဲ ရောက်သွားတာပေါ့။ သတင်းကောင်းကတော့ ဘယ်သူမဆို ဒီ ၅ ရာခိုင်နှုန်းထဲကို ပါဝင်နိုင်ပါတယ်။ ထူးခြားတဲ့ ဉာဏ်ရည်တွေ၊ ကံကောင်းတာတွေ၊ ပါရမီတွေ မလိုပါဘူး။ လိုတာက စီးပွားရေးကို အလေးနက် ထားပြီးတော့ အစီအစဉ် ချဖို့ တစ်ခုတည်းပါပဲ။ နံပါတ် ၂ ပစ္စည်းဥစ္စာ ဆိုင်ရာ ရည်မှန်းချက်များ Things ဒီ ကဏ္ဍမှာတော့ သင် လိုချင်တဲ့ ပစ္စည်း မှန်သမျှကို စာရင်းလုပ်ပါ။ ကျွန်တော့် စာရင်းမှာ အသေးအမွှားလေးတွေရော အကြီးကြီးတွေရော ပါပါတယ်။ ဘာလို့လဲဆိုတော့ စာရင်းလုပ်ရတာက အရမ်း ပျော်ဖို့ ကောင်းလို့ပါ။ တစ်ခု ပြီးသွားတာနဲ့ ရပြီ check mark ဆိုပြီးတော့ လိုက်ဖြစ်ရတဲ့ အရသာကို စဉ်းစားကြည့်ပါ။ နေ့တိုင်း အပတ်တိုင်း ကိုယ့် စာရင်းကို ကြည့်ပြီးတော့ ဒါ ရပြီ၊ ဒါလည်း ရပြီလို့ ပြောရတာမျိုးပါ။ ဒါက တကယ်ကို မှော်ဆန်ပါတယ်။ စကြာဝဠာကြီးက သင် တောင်းဆိုတဲ့ အရာကို သင့်ဆီကို ဘယ်လို ပို့ပေးသလဲ ဆိုတာ ရှေ့မှာ ကျွန်တော်တို့ ဆက်ပြီးတော့မှ နားလည်သွားကြမှာပါ။ ဒါကြောင့် သင် လိုချင်တာ မှန်သမျှနဲ့ ဒီ စာရင်းကို ဖြည့်ထားလိုက်ပါ။ နံပါတ် ၃ တစ်ကိုယ်ရေ ဖွံ့ဖြိုး တိုးတက်မှု Personal Development ဒါ အရေးကြီးဆုံး ကဏ္ဍပါ။ ဒီ အချက်ကပဲ သင့် အိပ်မက်တွေ၊ ပစ္စည်း စာရင်းနဲ့ ဝင်ငွေတွေကို အကောင်အထည် ဖော်ပေးမှာပါ။ ဒီမှာတော့ ကိုယ့်ကိုယ်ကိုယ် ပိုတော်လာအောင် နေ့တိုင်း ရည်မှန်းချက် ချမှတ်ရမယ်။ မနက်ဖြန် အတွက် ဒီအပတ်၊ ဒီလ၊ ဒီနှစ် အတွက် ရည်မှန်းချက်တွေပေါ့။ ဒါတွေကို ယုံကြည်မှု တည်ဆောက်ပေးသူများ confidence builders လို့ ခေါ်ပါတယ်။ သင်က ရည်မှန်းချက် အသေးလေး တစ်ခု ချမှတ်တယ်။ ကြိုးစားတယ်။ အောင်မြင်သွားတယ်ဆိုရင် သင့်ရဲ့ ယုံကြည်မှုက တိုးလာမယ်။ အဲ့ဒီ ယုံကြည်မှုကပဲ သင့်ကို အိပ်မက် အကြီးကြီးတွေ အတွက် အသင့် ဖြစ်စေတာပါ။ ဥပမာ စိတ်ဓာတ် ခိုင်မာလာဖို့၊ လူပုံ အလယ် စကားပြောတတ်ဖို့၊ ခေါင်းဆောင်မှု အရည်အချင်း၊ ဘာသာစကား အသစ်၊ ဒါမှမဟုတ် ပညာ တစ်ခုခုနဲ့ ဆိုင်တဲ့ ကျွမ်းကျင်မှုတွေ သင်ယူတာမျိုးပေါ့။ ဒါ ရှေ့မှာ ပြောခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြုပြင် တည်ဆောက်တာ၊ ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်တာပါပဲ။ ဒါကပဲ ပိုက်ဆံနဲ့ အောင်မြင်မှုကို ဆွဲဆောင်နိုင်တာပါ။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့ အရာကို လုပ်ဆောင်နိုင်ခဲ့ရင် အဲ့ဒါကို အောင်ပွဲခံပါ။ ပျော်ပျော်နေပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လူသားတွေဟာ အတွေ့အကြုံ နှစ်ခုကနေပဲ တိုးတက်လာကြလို့ပါ။ အဲ့ဒါတွေကတော့ ရှုံးနိမ့်ခြင်းရဲ့ နာကျင်မှု Pain Of Losing နဲ့ အောင်နိုင်ခြင်းရဲ့ ပျော်ရွှင်မှု Joy Of Winning ပါပဲ။ ဒီ နှစ်ခု စလုံးကို အစွမ်းကုန် ခံစားပါ။ ရှုံးနိမ့်မှုကို နာကျင်ပါစေ။ ရည်မှန်းချက် တစ်ခုထားပြီး အချိန် ဖြုန်းမိရင်၊ အလေးအနက် မထားမိရင် ဒါ မှားယွင်းနေပြီဆိုတာကို ကိုယ့်ကိုယ်ကိုယ် သိပါစေ။ ပြီးရင် နှစ်ဆ ပို ကြိုးစားပါ။ တချို့ လူတွေက ဘဝကို ဘယ်လောက်တောင်မှ ပစ်စလက္ကတ် နေကြသလဲဆိုရင် နေ့တစ်နေ့ ကုန်သွားတဲ့ အခါ ဒီနေ့ ငါ ဘာလုပ်ခဲ့သလဲ။ ငါ နိုင်သလား၊ ရှုံးသလားဆိုတာတောင်မှ မသိကြဘူး။ သူတို့က အချိန် ဖြုန်းနေကြတာပါ။ သင်ကတော့ အဲ့ဒီလို လူမျိုး မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခု သင့်မှာ အလုပ်လုပ်ဖို့ အတွက် အထောက်အပံ့ အပြည့်ရှိနေပြီ။ နံပါတ် ၁ economics၊ နံပါတ် ၂ things နဲ့ နံပါတ် ၃ Personal Development ဒီ ၃ ခု စလုံး အပေါ်မှာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်နဲ့ ရေရှည် အတွက် အလုပ်လုပ်ပါ။ ဒါဆိုရင် သင့် ဘဝက စတင်ပြီး ရှေ့ဆက်နေပါလိမ့်မယ်။ ရည်မှန်းချက် သတ်မှတ်ခြင်းနဲ့ ပတ်သက်ပြီး နောက်ဆုံး ပြောချင်တာကတော့ ဆွဲဆောင်မှု နီယာမ Law Of Attraction အကြောင်းပဲ ဖြစ်ပါတယ်။ ရည်မှန်းချက်ရဲ့ အရွယ်အစားက သင့်အပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် သင့် ရည်မှန်းချက်တွေက ဘယ်လောက် ကြီးသလဲ ဆိုတာ ပြန် စစ်ဆေးကြည့်ပါ။ တချို့ လူတွေမှာ ရည်မှန်းချက် ရှိပေမဲ့ အဲ့ဒါတွေက သေးသေးလွန်းတော့ သူတို့အတွက် ဘာမှ ထူးခြား မလာဘူး။ လူတစ်ယောက်က ကျွန်တော့်ကို ပြောဖူးတယ်။ ဒီလ အတွက် ကျွန်တော့် ရည်မှန်းချက်ကတော့ ဒီ အမှိုက်လို ဘေလ်စာရွက်တွေကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ပေးချင်ဖို့ပါပဲတဲ့။ ဒါက ရည်မှန်းချက်တော့ မှန်ပါတယ်။ ဒါပေမဲ့ အရမ်း ညံ့ဖျင်းတဲ့ ရည်မှန်းချက်ပါ။ ဒီလို ရည်မှန်းချက် မျိုးနဲ့ဆိုရင် သင်က တနင်္လာနေ့ မနက် အိပ်ရာနိုးတဲ့ အခါ ဟာ ဒီနေ့က ဘယ်လောက် ကောင်းတဲ့ နေ့လဲ။ ငါ ဒီနေ့ ငါ့ရဲ့ ဘေလ်တွေကို ပေးရတော့မယ်လို့ တက်တက်ကြွကြွ ပြောမှာ မဟုတ်ဘူး။ သင်ပြောမှာက ဟာ စိတ်ပျက်စရာကြီး။ တနင်္လာနေ့ ပြန်ရောက်လာပြန်ပြီ ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ တချို့ လူတွေက ဘဝကို အရမ်း ငြိမ်ငြိမ်နေကြပြီးတော့ သောက်ချ နေ့ည ရောက်ဖို့ကိုပဲ စောင့်နေကြတာပါ။ အဲ့ဒီ လူတွေက ဘဝကို အချိန် ဖြုန်းရင်းက ကုန်လွန်စေသူတွေ ဖြစ်ပြီးတော့ ဘဝရဲ့ နောက်ဆုံးမှာတော့ တော်သေးတာပေါ့။ ဒီ ဘဝကြီးတော့ ပြီးသွားပြီလို့ ပြောမဲ့သူတွေပါ။ နံပါတ် ၄ ဆွဲဆောင်မှု နီယာမ Law Of Attraction အခု ကျွန်တော် သင့်ကို ပေးမဲ့ အတိုင်ခေါ်ကတော့ ဘဝမှာ ကိုယ် လိုချင်တာ မှန်သမျှကို ဘယ်လို ရယူရမလဲ ဆိုတာပါပဲ။ အဲ့ဒီ အတွက် formula က စကားလုံး တစ်လုံးတည်းပါ။ တောင်းဆိုပါ။ Ask ဘဝမှာ အကောင်းဆုံး တတ်မြောက်ထားသင့်တဲ့ အနုပညာ တစ်ခု ရှိရင် အဲ့ဒါက တောင်းဆိုတတ်ခြင်း အနုပညာ The Art Of Asking ပါပဲ။ ဘာလို့လဲဆိုတော့ ဒီ စကြာဝဠာကြီးမှာ သင့်ကို ပေးဖို့ အကန့်အသတ်မရှိ ရှိနေလို့ပါ။ ရမရ ဆိုတာ မေးခွန်း မဟုတ်ဘူး။ သင် ဘယ်လောက်ထိ လိုချင်သလဲ ဆိုတာကမှ တကယ့် မေးခွန်းပါ။ လိုချင်တာကို ရယူနိုင်ဖို့ အစွမ်းထက်တဲ့ စည်းမျဉ်း ၃ ခု ရှိပါတယ်။ စည်းမျဉ်း ၁ ရရှိခြင်းရဲ့ အစက တောင်းဆိုခြင်းက စတင်ပါတယ်။ Rule 1 Ask သင် တစ်ခုခုကို လိုချင်ပြီး တောင်းဆိုလိုက်တာနဲ့ ထူးဆန်းတဲ့ ဖြစ်စဉ် တစ်ခု စတင်သွားပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဒါက ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို ကျွန်တော် အတိအကျ မသိပေမဲ့ ၁၀၀ ရာခိုင်နှုန်း အလုပ်လုပ်တယ်ဆိုတာကိုတော့ ကျွန်တော် သိပါတယ်။ ဘဝမှာ အရာရာတိုင်းရဲ့ ဘယ်လို ဖြစ်တာလဲ how ဆိုတာကို နားလည်နေဖို့ မလိုပါဘူး။ တချို့ လူတွေက သစ်ပင်ရဲ့ အမြစ်အကြောင်းကို တစ်စိမ့်စိမ့် လေ့လာနေကြတုန်းမှာ တချို့ကတော့ အသီးကို ခူးစားလိုက်ကြပြီ။ ရွေးချယ်မှုက သင့်အပေါ်မှာပဲ မူတည်ပါတယ်။ စည်းမျဉ်း ၂ ရဖို့ဆိုတာ ပြဿနာ မဟုတ်ပါဘူး။ Rule 2 Clarity ရမှာကတော့ သေချာပေါက် ရမှာပါ။ ဘယ်နည်းနဲ့ မဆို ရလာမှာပါ။ ဒါဆိုရင် ပြဿနာက ဘာလဲ။ ပြဿနာက လူတွေက မတောင်းဆိုကြတာပါ။ သင် တစ်နှစ်ပတ်လုံး အလုပ်တွေ ကြိုးစားနေတာ ဖြစ်နိုင်ပေမဲ့ ဘဝဆီကနေ အမှန်တကယ် ဘာလိုချင်သလဲ ဆိုတာကိုတော့ ဘယ်နေရာမှာမှ ချ မရေးထားဘူး။ ဘာကြောင့်လဲ။ စည်းမျဉ်း ၃ အောင်မြင်မှုဟာ အကန့်အသတ် မရှိပါဘူး။ လူတွေက စကြာဝဠာထဲမှာ အရာရာက အကန့်အသတ်နဲ့ပဲ ရှိတယ်လို့ ထင်နေကြတယ်။

[28:10]ပင်လယ်ပြင်ကြီးလိုပဲ။ ဒါပေမဲ့ ပြဿနာက လူတွေက ပင်လယ်ပြင်ကြီးဆီကို ဇွန်း တစ်ချောင်းတည်း ယူသွားကြတယ်။ စကြာဝဠာကြီးဆီကနေ တောင်းဆိုဖို့ မှန်ကန်တဲ့ နည်းလမ်းကတော့ ပထမအချက် အသိဉာဏ်နဲ့ တောင်းဆိုပါ။ Ask With Intelligence ဆိုလိုတာက ဝေ့လည်ကြောင်ပတ် မပြောပါနဲ့။ ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ပြောပါ။ ဘယ်လောက်လဲ၊ ဘယ်တော့လဲ၊ ဘယ်လို ပုံစံလဲ၊ ဘာအယောင်တွေလဲ။ အတိအကျ သတ်မှတ် ဖော်ပြပါ။ ဘာလို့လဲဆိုတော့ ရည်မှန်းချက်တွေက တံတားနဲ့ တူလို့ပါ။ သင်က ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်လေလေ အဲ့ဒီ ရည်မှန်းချက်က သင့်ကို ပိုပြီးတော့မှ ပြင်းပြင်းထန်ထန် ဆွဲငင်လေလေပါ။ ဒုတိယ အချက် ယုံကြည်မှုနဲ့ တောင်းဆိုပါ။ Ask With Faith ကလေးလေး တစ်ယောက်လိုမျိုး ဒါကို ရကိုရရမယ်လို့ ယုံကြည်လိုက်ပါ။ လူကြီးတွေ ရှုံးနိမ့်ရတဲ့ အချက်က အဲ့ဒါပါပဲ။ သူတို့က သံသယတွေ သိပ်များလွန်းတယ်။ အကောင်းဆုံး formula ကတော့ အစီအစဉ်ကို လူကြီးတစ်ယောက်လို ဆွဲပါ။ ဒါပေမဲ့ ယုံကြည်မှု ကိုတော့ ကလေးတစ်ယောက်လို ထားပါ။ အဲ့ဒီအခါမှာ အံ့ဩစရာ ရလဒ်တွေကို သင် မြင်တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ ဒါ ထင်သလောက်တော့ မလွယ်ကူပါဘူး။ စကြာဝဠာကြီးက သင့်ဘက်ကနေ ရပ်တည်စေချင်ရင် အခု ကျွန်တော် ပြောမဲ့ အချက်ကို သေချာ နားထောင်ပါ။ အဓိကက သင့်ရဲ့ အတွေးအခေါ်ပါပဲ။ သင့်မှာ ပိုက်ဆံ မရှိတာက ပြဿနာ မဟုတ်ဘူး။ ပြဿနာက ပိုက်ဆံ မဟုတ်ဘဲနဲ့ အတွေးအခေါ် ဖြစ်နေတာပါ။ လူအတော်များများ ဆင်းရဲနေရတာက အလုပ် မကြိုးစားလို့ မဟုတ်ပါဘူး။ သူတို့ရဲ့ အတွေးတွေ မှားယွင်းနေလို့ပါ။ ဦးနှောက်ဆိုတာက စိတ်ပိုင်းဆိုင်ရာ စက်ရုံ mental factory တစ်ခုလိုပါပဲ။ သင် တစ်နေကုန် တွေးသမျှ၊ ဖတ်သမျှ၊ ကြားသမျှ၊ ကြည့်သမျှ၊ အရာ အားလုံးက ဒီ စက်ရုံထဲကို ကုန်ကြမ်းတွေ အဖြစ်နဲ့ ရောက်သွားတာပါ။ အဲ့ဒီ ကုန်ကြမ်းတွေကပဲ သင့်ရဲ့ ငွေကြေး၊ လူနေမှု ပုံစံနဲ့ စိတ်ပိုင်းဆိုင်ရာ ဘဝတွေ အဖြစ်နဲ့ ပြန်ထွက်လာတာပါ။ လူတွေ သူတို့ ဦးနှောက် ထဲမှာ ဘာတွေ ဖန်နေကြသလဲ ဆိုတာ သင် ယုံတောင် ယုံမှာ မဟုတ်ပါဘူး။ ရန်ပွဲတွေ၊ လူသတ်မှုတွေ၊ လုယက်မှုတွေ၊ မတော်တဆမှုတွေနဲ့ စိတ်မချမ်းမြေ့စရာတွေကိုပဲ ကြည့်နေကြတာပါ။ ပြီးရင်တော့ ကဲ နေ့သစ် တစ်နေ့ကို စလိုက်ရအောင်တဲ့။ အဲ့ဒီလို နေ့မျိုးက ဘယ်လို ဖြစ်လာမလဲ စဉ်းစားကြည့်ပါ။ စိတ်ထဲကို နေ့တိုင်း အမှိုက်တွေပဲ ထည့်နေပြီးတော့ ကြွယ်ဝ ချမ်းသာတဲ့ အပြု သဘောဆောင်တဲ့ ဘဝတစ်ခုကို မျှော်လင့်နေတာက မဖြစ်နိုင်တဲ့ အရာပါ။ သင့် ဦးနှောက်ထဲမှာ တစ်နေကုန် ဘာတွေ လည်ပတ်နေသလဲ။ ဘယ်လို အတွေးတွေ ရှိသလဲ။ သင် ခေါင်းထဲမှာ ရှိနေတဲ့ အရာက သင့်ရဲ့ လုပ်ရပ်တွေ အဖြစ်နဲ့ ပေါ်ထွက်လာတာပါ။ ဘာလို့လဲဆိုတော့ အတွေး မရှိဘဲနဲ့ လုပ်ရပ်ဆိုတာက မရှိလို့ပါ။ ဒါကြောင့် သင့် ဦးနှောက်ကို မှန်ကန်တဲ့ အတွေးတွေနဲ့ ဖြည့်ထားပါ။ အချိန်တိုင်းမှာ သင် ခေါင်းထဲကို ဘာတွေ ဝင်နေသလဲ ဆိုတာကို သတိထားပါ။ မှန်ကန်တဲ့ အတွေးတွေ ရနိုင်တဲ့ တစ်ခုတည်းသော ရင်းမြစ်ကတော့ လေ့လာ သင်ယူခြင်း study ပါပဲ။ စာဖတ်ပါ။ အောင်မြင်ချင်ရင် အောင်မြင်မှုကို လေ့လာပါ။ ပျော်ရွှင်ချင်ရင် ပျော်ရွှင်မှုကို လေ့လာပါ။ ချမ်းသာချင်ရင် ကြွယ်ဝ ချမ်းသာမှုကို လေ့လာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ ခေါင်းဆောင်၊ ဆက်ဆံရေးနဲ့ လူ ရေလူသွေး တိုးတက်ဖို့ အတွက် စာအုပ်တွေ၊ သင်တန်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ လူတွေက မဖတ်ကြဘူး။ ကျွန်တော်က ဘာလို့ မဖတ်တာလဲလို့ မေးရင် သူတို့ ပေးတဲ့ အဖြေက ရိုးရိုးလေးပါပဲ။ အလုပ်ရှုပ်လို့ပါ။ အလုပ်ပြီးရင် ပင်ပန်းလို့ပါတဲ့။ ရုံးက ပြန်လာရင် ညနေစောင်းပြီ။ ထမင်းစား TV ကြည့် ပြီးရင် အိပ်ရာဝင်တာနဲ့ အချိန် ကုန်တာပေါ့။ ဒီ လူတွေဟာ အလုပ်လည်း ကြိုးစားကြပါတယ်။ ရိုးသားကြပါတယ်။ ဒါပေမဲ့ အဲ့ဒါကပဲ ပြဿနာပါ။ အလုပ်ကြိုးစားရုံ သက်သက်က သင့်ကို အသက်ရှင် ရပ်တည်စေပြီးမဲ့ မိမိကိုယ်ကိုယ် ပြုပြင် တည်ဆောက်ထားတာကမှ သင့် ဘဝကို ဖန်တီးပေးတာ ဖြစ်လို့ပါ။

[31:16]နောက်ထပ် အရေးကြီးတဲ့ အချက်က သင် သင်ယူသမျှ အရာ အားလုံးကို ချက်ချင်း လက်တွေ့ အသုံးမချနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ ကိစ္စ မရှိပါဘူး။ အဓိကက အောင်မြင်ဖို့ အတွက် သင် ဦးနှောက်ကို program ပြန်သွင်းနေဖို့ပါ။ သင် ခေါင်းထဲက အတွေးတွေ ပြောင်းလဲလာတာနဲ့ အမျှ သင့်ရဲ့ လုပ်ရပ်တွေက အလိုလို လိုက် ပြောင်းလဲလာပါလိမ့်မယ်။ ဒါကိုပဲ ဆက် လုပ်နေပါ။ တစ်နေ့မှာ ဒီ အတွေးအခေါ်တွေက သင့်ရဲ့ ဝင်ငွေ၊ လူနေမှု ပုံစံနဲ့ လူ ရေလူသွေးမှာ ရလဒ်တွေ အံ့ဩစရာကောင်းလောက်အောင် ပြသလာပါလိမ့်မယ်။ ကဲ နောက်ထပ် အကြောင်းအရာကတော့ နည်းနည်း အဆိုးမြင်တဲ့ ဘက် ရောက်ပေမဲ့ သင် ဘဝမှာ နေ့တိုင်း ဝါးမျိုနေတဲ့ ရောဂါဆိုး တစ်ခုကနေ ဘယ်လို ရုန်းထွက်မလဲ ဆိုတာပါပဲ။ ဒီအကြောင်းအရာမှာတော့ ကျွန်တော်က ကျွမ်းကျင်သူ တစ်ယောက်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ကိုယ်တိုင် ဒါကို ခံစားခဲ့ရလို့ပါ။ နံပါတ် ၁ အပူအအေး ဆက်သော နည်းလမ်း Hot ဒီ အမျိုးအစားက လူတွေဟာ ဘယ်အရာကို မဆို အပြည့်အဝ အာရုံစိုက်ပြီးတော့ ရှင်းရှင်းပြတ်ပြတ် ရှိကြတဲ့ သူတွေပါ။ စွမ်းအင်အပြည့် အလေးအနက် ထားမှုအပြည့်နဲ့ သူတို့ရဲ့ အသက် မဝင်ကြောင်းပဲ ဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ်၊ ၁၀၀ ရာခိုင်နှုန်း မြှုပ်နှံ လုပ်ကိုင်ကြတဲ့ သူတွေပါ။ နံပါတ် ၂ Cold အေးစက်သော နည်းလမ်း Cold ဒီ လူတွေကတော့ ဒါ ငါနဲ့ မဆိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောကြတဲ့ သူတွေပါ။ အလုပ်လည်း မလုပ်ချင်ဘူး။ Jim လည်း မသွားချင်ဘူး။ စာလည်း မဖတ်ချင်ဘူး။ အပျော်ပဲ မက်တာပေါ့။ သူတို့က ဘာကို မလိုချင်ဘူးလဲ ဆိုတာ ရှင်းနေတော့ ဝေခွဲမရ ဖြစ်မနေဘူး။ နံပါတ် ၃ ခံတူနေ နည်းလမ်း Lukewarm ဒါကတော့ အလယ်အလတ် လမ်းစဉ်။ ပူလည်း မပူ၊ အေးလည်း မအေးတဲ့ ပုံစံပါ။ ဒါ ဘဝကို ဖြတ်သန်းတဲ့ နေရာမှာ အန္တရာယ် ရှိဆုံး နည်းလမ်းပါပဲ။ အစွမ်းကုန်လည်း မကြိုးစားဘူး။ လက်လည်း မလျှော့ဘူး။ အလုပ်ကိုလည်း သေချာ မလုပ်သလို ကောင်းကောင်းလည်း အပန်းမဖြေနိုင်ဘူး။ ဒီလို လူတွေရဲ့ စကားက ကြည့်ရတာပေါ့။ တစ်နေ့နေ့တော့ ဖြစ်လာမှာပါ။ မနက်ဖြန်မှာ လုပ်မယ်။ အခုက အချိန်ကောင်း မဟုတ်သေးဘူးဆိုတာမျိုးပေါ့။ သူတို့ဟာ ဘဝကို တကယ်လည်း အသုံးမချသလို စွန့်လည်း မစွန့်လွှတ်နိုင်ကြဘူး။ နှစ်တွေသာ ကုန်သွားတယ်။ ဘဝကတော့ ဒီနေရာမှာတင် ရပ်နေတတ်ပါတယ်။ သင်က Hot ပူနွေးတဲ့ လမ်း ဒါမှမဟုတ် Cold အေးစက်တဲ့ လမ်း ကြိုက်ရာရွေး။ ဒါပေမဲ့ ဒီ အလယ်အလတ်လမ်းကိုတော့ မလျှောက်ပါနဲ့။ အေးစက်တဲ့ နည်းနဲ့ နေတာ တောင်မှ လမ်းကြောင်း မှားနေမှန်း သိသိချင်း မြန်မြန် သိနိုင်သေးတယ်။ သင်ခန်းစာလည်း ရနိုင်သေးတယ်။ ဒါပေမဲ့ ဒီ တတိယ လမ်းစဉ်ကတော့ သင့် အချိန်တွေကို ဖြုန်းတီးပစ်တာပဲ အဖက်တင်ပါလိမ့်မယ်။

Need another transcript?

Paste any YouTube URL to get a clean transcript in seconds.

Get a Transcript