[0:01]အားလုံးမင်္ဂလာပါရှင်။ My Onion Easy Cooking မှာ ကြိုဆိုပါတယ်။ ဒီနေ့တော့ တိုဟူးနွေး လုပ်နည်းလေးကို အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်စားလို့ ရအောင် ချက်ပြပေးသွားမှာ ဖြစ်ပါတယ်။ တိုဟူးအရည် နွေးနွေးအိအိလေးကို ဆန်ခေါက်ဆွဲအိအိလေးနဲ့ တွဲပြီးစားရတာက တိုဟူးကြိုက်တဲ့သူတွေအတွက် အရမ်းကိုမှ စားလို့ကောင်းစေမှာ သေချာပါတယ်။ ဒါဆိုရင် ချက်နည်းလေး သိရအောင် ဗီဒီယိုလေးကို ဆက်ကြည့်လိုက်ရအောင်နော်။
[0:25]တိုဟူးနွေးကြိုဖို့အတွက် မွေးရှက်တိုဟူးမုန့် ဒါမှမဟုတ် တိုဟူးနွေးအမှုန့်တစ်ထုပ်ကို အသုံးပြုပါတယ်။ ရေ 1.2 L လောက် ထည့်ထားတဲ့ ဇလုံတစ်ခုထဲကို တိုဟူးမှုန့် ထုပ်ကိုဖောက်ထည့်ပါမယ်။ ပြီးရင် သူ့ကို မွှေဘဲနဲ့ ဒီတိုင်း နာရီဝက်လောက် ထားထားပါမယ်။ နာရီဝက်လောက် ကြာတဲ့အခါ တိုဟူးမှုန့်တွေအားလုံး ရေအောက်ကိုရောက်သွားပြီဆိုတဲ့ အခါမှာ အားလုံးသမအောင် သေချာလေး မွှေပေးပါမယ်။ တိုဟူးမှုန့်အခဲသေးသေးလေးတွေ အတတ်နိုင်ဆုံးမကျန်ခဲ့အောင်လို့ အချိန်ခဏလောက်ပေးပြီးတော့ သေချာလေးမွှေပေးပါမယ်။ တိုဟူးကြိုရတာလဲ ပိုလွယ်ပြီး အလွယ်တကူမခဲအောင်လို့ ပြောင်းမှုန့်ကော်မှုန့် ထမင်းစားဇွန်းနဲ့ တစ်ဇွန်းမောက်မောက် အသုံးပြုပါတယ်။ ပြီးတော့ အဲ့ဒါကို ရေနဲ့ သေချာလေး ဖျော်ထားပါမယ်။ ဒါဆိုရင် တိုဟူးစကြိုပါမယ်။ တိုဟူးကြိုမယ့်အိုးထဲကို တိုဟူးအရည်တွေထည့်တဲ့အခါ အောက်မှာ အနယ်ထိုင်နေတဲ့အခဲလေးတွေ ပါမသွားရအောင်လို့ အခုလို ဇကာလေးနဲ့ ခြေပြီးတော့ သေချာလေး ထည့်ပါတယ်။ ပြီးရင်တော့ ဇကာပေါ်မှာတင်ကျန်ခဲ့တဲ့ တိုဟူးခဲသေးသေးလေးတွေကို ဖယ်ထုတ်ပစ်လိုက်ပါမယ်။ တိုဟူးကြိုတဲ့ အထဲ အရသာထည့်ဖို့ ဆား လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းခွဲထည့်ပါတယ်။ ဆနွင်းမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထည့်ပါတယ်။ အရောင်ပိုဝါလေးကြိုက်လို့ ဆနွင်းမှုန့်ပိုထည့်ပါတယ်။ ပြီးရင် ခုနကဖျော်ထားတဲ့ ပြောင်းကော်မှုန့်အရည်ထည့်ပါတယ်။ အားလုံးထည့်ပြီးသွားပြီဆိုရင် သမအောင် သေချာလေးမွှေပေးပါမယ်။ ပြီးရင် မီးကို အနေတော်လောက်ဖွင့်ပြီး တိုဟူးစကြိုပါမယ်။ တိုဟူးစကြိုပြီဆိုတာနဲ့ အိုးကို ဇွန်းတိုက်နီးပါး အဆက်မပြတ်ဆိုသလို မွှေပေးရပါမယ်။ မဟုတ်ရင် တိုဟူးတွေ တူးသွားတာ ဒါမှမဟုတ် ခဲတာမျိုး ဖြစ်တတ်ပါတယ်။ အခုလို ဇွန်းတိုက်မွှေပေးပြီး မိနစ်အနည်းငယ်လောက် ကြာတဲ့အခါ တိုဟူးတွေက ပစ်စပြုလာပါပြီ။ ဒီလိုအနေအထားရောက်တဲ့အခါ မီးကို ခဲအေးအေးကိုလျှော့ချလိုက်ပါမယ်။ မီးပြင်းလို့ရှိရင် အပြင်ကို ပွတ်ပြီးတော့ ဆင်းထွက်တာမျိုးဖြစ်တတ်ပါတယ်။ တော်တော်လေးပစ်လာလို့ ရေနည်းနည်းထပ်ထည့်ပါမယ်။ အခု တိုဟူးကြိုတဲ့ထဲကို ကော်မှုန့်ဖျော်တဲ့ရေအပါအဝင် ရေစုစုပေါင်း 1.7 L လောက်ထည့်ပါတယ်။ ပြီးရင်တော့ ပဲစိမ်းနံ့ပျောက်သွားအောင် မီးခဲအေးအေးနဲ့ ဇွန်းတိုက်နီးပါး နောက်ထပ် သုံးလေးမိနစ်လောက် ဆက်မွှေပေးပါမယ်။ အခုဆိုရင် ပဲစိမ်းနံ့လဲပျောက်သွားပြီး တိုဟူးအရည်လေးတွေကလဲ စီးစီးအိအိလေးနဲ့ မပစ်မကျဲအနေအထားလေးကိုရောက်လာပြီဆိုရင်တော့ တိုဟူးနွေးအရည်လေး ရပါပြီ။ တိုဟူးအရည်ကြိုထားတာက ပူပူနွေးနွေးလေးမှစားကောင်းတာရယ် ပြီးတော့ အလွယ်တကူ ခဲမသွားရအောင်လို့ တိုဟူးအရည်တွေကို ထမင်းပေါင်းအိုးထဲထည့်ပြီး warm ခလုတ်နှိပ်ထားတာ ဒါမှမဟုတ် မီးဖိုပေါ်မှာ မီးမှန်မှန်လေးနဲ့တင်ထားတာမျိုးလုပ်ထားရပါမယ်။ ပြီးရင် ရှမ်းခေါက်ဆွဲနဲ့တိုဟူးနွေးမှာ ထည့်စားလေ့ရှိတဲ့ ငရုတ်သီးဆီကျော်လေး လုပ်ဖို့အတွက် ပန်းကန်တစ်ခုထဲမှာ ငရုတ်သီးအလှော်မှုန့်ရယ် ဆားဟင်းခါးမှုန့် နည်းနည်းရယ်ကိုထည့်ပြီး အပေါ်ကနေ ဆီပူလေးလောင်းဆမ်းပြီး အနည်းငယ်မွှေပေးလိုက်ရင်တော့ ငရုတ်သီးဆီကျော်လေးကိုရပါပြီ။ တခြားလိုအပ်တာတွေကတော့ ရှမ်းခေါက်ဆွဲအဖက်ကို တစ်နာရီခန့် ရေကြိုစိမ်ထားရပါမယ်။ ပြီးတော့ ပဲငံပြာရည်အကြည်နောက် ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီကျော်၊ ကြက်သွန်မိတ်၊ မြေပဲဆံလှော်ကို ထောင်းထားတာရယ်၊ ကြက်သားဆီသတ်တာတို့ လိုအပ်ပါတယ်။ ကြက်သားဆီသတ်နည်းကတော့ အရင်တင်ပေးဖူးတဲ့ ရှမ်းခေါက်ဆွဲဗီဒီယိုထဲကအတိုင်းပဲ ဖြစ်လို့ ဗီဒီယိုလင့်လေးကို ဒီမှာ ပြန်ထည့်ပေးထားပါမယ်။ ခေါက်ဆွဲပြုတ်ဖို့အတွက် ဒယ်အိုးထဲကို ရေနွေးပူပူထည့်ပါမယ်။ ပြီးရင်တော့ ခေါက်ဆွဲဖက်တွေကို ထည့်ပြီးတော့ မိနစ်အနည်းငယ်လောက်ပြုတ်ပေးပြီး ဇကာတစ်ခုထဲကို ရေခဲချပြီး ရေစစ်ထားရပါမယ်။ တိုဟူးနွေးပွဲပြင်ဖို့အတွက် ပန်းကန်တစ်ခုထဲကို ရှမ်းခေါက်ဆွဲဖက် အနည်းငယ်ထည့်ပါမယ်။ တိုဟူးအရည်ကတော့ ကိုယ်ကြိုက်သလောက် အနည်းအများ ချင်ချိန်ပြီးတော့ ထည့်နိုင်ပါတယ်။ ကျွန်မကတော့ တိုဟူးအရည်များများလေးကြိုက်လို့ ပိုထည့်ပါတယ်။ ကြက်သားဆီသတ်ထားတာ တစ်ဇွန်းမောက်မောက်ထည့်ပါမယ်။ ကြက်သွန်ဖြူဆီချက် နှစ်ဇွန်းလောက်ဆမ်းပေးပါမယ်။
[4:06]ငရုတ်သီးဆီကျော်ကတော့ ကိုယ်စားနိုင်သလောက်ထည့်ပါ။ ပြီးရင်တော့ မြေပဲလှော်ထောင်းထားတာအနည်းငယ်၊ ကြက်သွန်မိတ်အနည်းငယ်နဲ့ ပဲငံပြာရည်အကြည်နောက် အနည်းငယ်စီတို့ ကိုထည့်ပေးလိုက်ရင်တော့ အရမ်းကိုမှ စားကောင်းတဲ့ ပူပူနွေးနွေး တိုဟူးနွေးလေးတစ်ပွဲကို ရရှိပါပြီ။ My Onion ရဲ့ ဗီဒီယိုလေးတွေကို အမြဲအားပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ဗီဒီယိုအသစ်တင်တိုင်းလဲ သိရအောင်လို့ Facebook Page နဲ့ YouTube Channel လေးကိုလဲ Like and Subscribe လုပ်ခဲ့ပေးဖို့ တောင်းဆိုပါတယ်။ နောက်ထပ်ဗီဒီယိုတွေမှာ တွေ့ဆုံပါ့မယ်နော်။ Bye Bye။



