[0:09]အားလုံးပဲ မင်္ဂလာပါရှင် ။ ချိုကွတ်ကင်း Channel မှာ ပြန်လည် ကြိုဆိုပါတယ် ရှင် ။ ကျွန်မ ဒီနေ့ ချက်ပြ မှာ က တော့ ရခိုင် မုန့်တီ အရည် နဲ့ အသုတ်ကလေး ပဲ ဖြစ်ပါတယ် ရှင် ။ အားလုံးပဲ လိုက်ပါ ကြည့်ရှုပေးကြပါဦးနော် ။
[0:53]အရင်ဦးဆုံး ငါးရွှေ ကို ရေသန့်ဆေး သန့်စင် ပြီးတော့ ဒယ်ဦး ထဲ ထည့်ပြီး ရေထည့်ပြီးတော့ အရင်ဆုံး ပြုတ်ပါ့မယ် ရှင် ။ ကျွန်မ ကတော့ ရခိုင်မုန့်တီချက်ရာမှာ ငါးရွှေကို အသုံးပြုထားပါတယ်ရှင်။ ငါးရွှေနဲ့ချက်ခြင်းအားဖြင့် ပိုပြီးတော့ စားရတာ ကောင်းပါတယ်ရှင်။ ဆူလာပြီဆိုရင်တော့ အဖုံးလေး ဖွင့်ပြီးတော့ ငါးကို တစ်ဖက်လှန်ပေးပါ့မယ် ရှင်။ ပြီးသွားရင်တော့ ငါးတွေကို ဆယ်ယူထားပါ့မယ်။ ပြီးသွားရင်တော့ ကျွန်မတို့ ဒီငရုတ်သီးစိမ်းလေးတွေ အညှာချွေပြီးတော့ ပေါ့နော် ပြုတ်ပါ့မယ် ရှင်။ မကျီးသီးကိုလည်း အဲ့လိုပါပဲ။ ဆားလေး အချိုမှုန့်ကလေး နည်းနည်းထည့်ပြီးတော့ ကျွန်မ ပြုတ်ပါတယ် ရှင်။ ဗိုက်မနာအောင် ပေါ့နော်။ ပြီးသွားရင်တော့ ငရုတ်သီးပြုတ်တဲ့ အရည်လေးတွေ ထည့်ပြီးတော့ ကြိတ်စက်ထဲမှာ ကြိတ်ပါ့မယ် ရှင်။ ပြီးရင်တော့ ငရုတ်သီးတွေကို ကြိတ်စက်ထဲကနေပြီးတော့ စောစောက ငရုတ်သီးပြုတ်ထားတဲ့ အရည်ထဲကို ပြန်ထည့်ပါတယ် ။ ပြီးရင်တော့ ကျွန်မ ညှင်းငပိ ထည့်ပါ့မယ် ရှင် ။ အဲ့ဒါလေးကို ကျွန်မ ကြိုပေးပါ့မယ် ရှင် ။ ပြီးတော့ ငါးကို တစ်ဝက် ခွဲပြီးတော့ ပေါ့နော် ဒီ ငရုတ်သီးထဲကို ထည့်ပါ့မယ် ရှင် ။ ပြီးရင်တော့ ဆားလေး အချိုမှုန့်ကလေး နည်းနည်းထည့်ပြီးတော့ ကြိုပါ့မယ် ရှင် ။ ပြီးသွားရင်တော့ စောစောက ငါးပြုတ်ထားတဲ့ အရည်ထဲကို ရေထည့်ပြီးတော့ ကျွန်မ ဆူအောင် တည်ပါ့မယ် ရှင် ။ ဆူလာပြီဆိုရင်တော့ ကျွန်မတို့ ညှင်းငပိအရည် ဖျော်ထားတာကို ထည့်ပါ့မယ် ရှင် ။ ပြီးသွားရင်တော့ စောစောက ကျန်တဲ့ ငါးတွေကို ထည့်ပေးပါ့မယ် ရှင် ။ ရခိုင်မုန့်တီချက်ရာမှာ ပေါ့နော် ညှင်းငပိတော့ ကောင်းဖို့ လိုပါတယ် ရှင် ။ ညှင်းငပိကောင်းမှသာ ရခိုင်မုန့်တီရဲ့ အနံ့ရော အရသာရော ပိုပြီးတော့ ကောင်းမွန်မှာပါ ။
[3:16]ပြီးရင်တော့ သေချာလေး မွှေပေးပါ့မယ် ။ ပြီးရင်တော့ ကျွန်မ ကြိတ်ထားတဲ့ ကြက်သွန်ဖြူတွေ ထည့်ပါတယ် ရှင် ။ ကြက်သွန်ဖြူလေးပါ ထည့်ပြီးတော့ ချက်ရတာ ပေါ့နော် ကြက်သွန်ဖြူနံ့ ဆိုတော့ အနံ့လေးကလည်း တအားမွှေးပြီးတော့ ငါးရဲ့ အနံ့ရယ် ညှင်းငပိရယ် ဒီ ကြက်သွန်ဖြူအနံ့ရယ်ဆိုတော့ ရခိုင်မုန့်တီရဲ့ အရည်လေးက တော်တော်ကို စားချင်စရာ ဖြစ်မှာပါ ။ ဟို တအားမွှေးပြီးတော့ ငါးရဲ့ အနံ့ရယ် ညှင်းငပိ ရယ် ဒီ ကြက်သွန်ဖြူနံ့ ရယ် ဆိုတော့ ရခိုင်မုန့်တီရဲ့ အရည်လေးက တော်တော်ကို စားချင်စရာ ဖြစ်မှာပါ ။ သေချာလေး မွှေပေးပါ့မယ်။ ဟုတ်ကဲ့ ကျွန်မ အရသာ အတွက် ဆား ထည့်ပါတယ် ရှင် ။
[4:10]ပြီးရင်တော့ ငရုတ်ကောင်းမှုန့် ထည့်ပါ့မယ် ရှင် ။
[4:17]ငရုတ်ကောင်းမှုန့်ကတော့ ပေါ့နော် ကိုယ်စပ်စပ်လေး ပူပူစပ်စပ်လေး ကြိုက်ရင်တော့ များများထည့်ပေါ့နော် ။ ပူပူစပ်စပ်သိပ်မကြိုက်ဘူးဆိုရင်တော့ နည်းနည်းထည့်ပေါ့ ။ ပြီးရင်တော့ သေချာလေး နံ့အောင် မွှေပေးပြီးတော့ ဆူအောင်တည်ရပါ့မယ် ရှင် ။
[4:50]ဟိုကေ အခုဆိုရင်တော့ နည်းနည်းလေး ဆူပြီဖြစ်တဲ့အတွက် ကျွန်မ အရသာလေး ထပ်ပြီးတော့ မြည်းကြည့်ပါ့မယ် ရှင် ။ အရသာလိုတဲ့အတွက် ဆား ရယ် အချိုမှုန့် နည်းနည်းလေး ထည့်ပါ့မယ် ရှင် ။ ဟုတ်ကဲ့ ပြီးရင်တော့ သေချာလေး နံ့အောင် မွှေပြီးတော့ ဆူပွက်နေအောင် တည်ရပါ့မယ် ရှင် ။ အခုဆိုရင် အနံ့လေးကလည်း တအားမွှေးနေပြီ ။ စားချင်စဖွယ်လည်း ဖြစ်နေပါပြီ ရှင် ။
[5:22]ဟုတ်ကဲ့ အခုဆိုရင်တော့ အရသာ ကောင်းမွန်တဲ့ ရခိုင် မုန့်တီ အရည်လေး ရပါပြီ ရှင် ။ ဟုတ်ကဲ့ ဒါကတော့ ရခိုင် မုန့်တီ အရည် ပေါ့နော် ။ ငါးဖက်တွေလည်း ကျွန်မ အများကြီး ထည့်ထားပါတယ် ရှင် ။ အရည်ထဲကို ပဲကျော် နဲ့လည်း ထည့်ပြီး သုံးဆောင်နိုင်ပါတယ် ။ တချို့ကျတော့လည်း ဝက်ဆီဖတ် နဲ့ ပေါ့နော် ထည့်ပြီးတော့ သုံးဆောင်ကြပါတယ် ။ ပြီးရင်တော့ အချဉ်လေး ထည့်မယ် ။ ငရုတ်သီးလေး ထည့်မယ် ။ အဲ ဒါဆိုရင်တော့ တချို့ကတော့ နံနံပင် ကြိုက်ရင် ထည့်တယ် ပေါ့နော် ။ မကြိုက်ရင်လည်း မထည့်နဲ့ ပေါ့ ။ ဒါကတော့ အသုတ်လေး အတွက်ပါ ရှင် ။ အသုတ်အတွက်ကို ကျွန်မတို့ ပဲကျော်လေး ထည့်သုတ်ပါ့မယ် ရှင် ။ မကျီးချဉ် ထည့်ပါတယ် ။ ပြီးရင်တော့ ဆားထည့်ပါတယ် ရှင် ။ အချိုမှုန့်ကလေး နည်းနည်းထည့်ပါတယ် ။ နောက် ငရုတ်သီး ထည့်ပါတယ် ရှင် ။ ပြီးရင် နံနံပင်လေး ထည့်ပြီးတော့ ငရု ရခိုင် မုန့်တီ အရည် ထည့်သုတ်ပါတယ် ရှင် ။ ကျွန်မကတော့ စိုစိုရွှဲရွှဲလေးနဲ့ ပေါ့နော် ။ ဟို စားလို့ ပိုကောင်းပါတယ် ရှင် ။ ရခိုင် မုန့်တီ အရည်လေးကို ထည့်သုတ်ရပါတယ် ရှင် ။ သူငယ်ချင်းတို့လည်း သုတ်စားကြည့်ပါဦးနော် ။ အရည်လေး ထည့်သုတ်ပြီးတော့ စိုစိုရွှဲရွှဲလေးနဲ့ အင်မတန် စားကောင်းပါတယ် ရှင် ။ အခုဆိုရင်တော့ အရသာ ကောင်းမွန်တဲ့ ရခိုင်မုန့်တီ အသုတ်နဲ့ အရည် ရပါပြီ ရှင် ။ ဟုတ်ကဲ့ အခုလို ကျွန်မရဲ့ ဗီဒီယိုလေးကို အဆုံးအထိ ပြီးအောင် ကြည့်ရှုပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ရှင် ။ ကျွန်မရဲ့ ဒီဗီဒီယိုလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ Like ခံ Subscribe လေး လုပ်ပြီးတော့ အားပေးခဲ့ကြပါဦးနော် ။



